Botahtaung Township is an area of Yangon, Named after the Botahtaung Pagoda, the township consists of ten wards, and shares borders with Pazundaung Township is in the north and the east, Seikkan Township and Yangon River in the south, Kyauktada Township in the west and Mingalar Taung Nyunt township in the north. Area: 2.5 sq km – Density: 16,498/sq km, Total Population 40,995 people living in this township.
Over 1,900 businesses spread out in this township and most of the businesses (44%) situated in Ward 8 and Ward 10. The township has five primary schools, two middle schools, six high schools and a university. Total over 29,000 employees working at their respective businesses in this township. Postal codes 11161, 11162, 11163

The township is home to three public and three private hospitals, including East Yangon General Hospital, one of the major hospitals in Yangon. One of the country's two Burmese language dailies Kyemon is based out of here. The Ministers' Building (also called the Ministers' Office; formerly The Secretariat or Secretariat Building) was the home and administrative seat of British Burma, in downtown Yangon area and is the spot where Aung San and six cabinet ministers were assassinated.
Saint Mary's Cathedral or Immaculate Conception Cathedral is a Catholic cathedral located on Bo Aung Kyaw Street in Botahtaung Township. The cathedral's exterior, of red brick, consists of spires and a bell tower. It was designed by Dutch architect Joseph Cuypers, son of Pierre Cuypers. The cathedral is the largest in Myanmar. Located on the grounds of the cathedral is BEHS No. 6, which is locally known as "Saint Paul's High School", although it has no religious affiliation with the Catholic Church today.
ဗိုလ်တထောင်မြို့နယ် သည် ရန်ကုန်မြစ်နှင့် ပုဇွန်တောင်ချောင်းတို့ကို မေးတင်ထားသော မြို့နယ်ဖြစ်သည်။ အခြားတဖက်၌ ပုဇွန်တောင်မြို့နယ်၊ ကျောက်တံတားမြို့နယ်နှင့် မင်္ဂလာတောင်ညွှန်မြို့နယ်တို့ ဝန်းရံထားသည်။ ဗုဒ္ဓဘာသာဝင်တို့၏ သမိုင်းတွင် အရေးပါသည့် စေတီဖြစ်သော ဗိုလ်တထောင် ဆံတော်ဦးစေတီကို အကြောင်းပြုပြီး ဗိုလ်တထောင်ဟု အမည်တွင်သည်။ မြို့နယ် ဖြစ်လာသောအခါ ဗိုလ်တထောင်မြို့နယ်ဟု အမည်သတ်မှတ်သော်လည်း နယ်မြေပိုင်းခြားသတ်မှတ်ထားရာ၌ ဗိုလ်တထောင် ဆံတော်ဦး စေတီသည် ဆိပ်ကမ်းမြို့နယ် နယ်နိမိတ်အတွင်း ရောက်ရှိသွားသည်။
အကျယ်အဝန်းမှာ သုည ဒဿမ ၉၆ စတုရန်းမိုင် ရှိသည်။ အရိပ်ရ အပင်ကြီးများ နည်းပါးနေသဖြင့် နေ့လည်ပိုင်း အပူချိန် မြင့်တက်လေ့ရှိသည့် မြို့နယ်များတွင် အပါအဝင် ဖြစ်သည်။
ရပ်ကွက် စုစုပေါင်း (၁၀)ခု ပါဝင်ပြီး (၁)ရပ်ကွက်၊ (၂)ရပ်ကွက် အစရှိသဖြင့် နံပါတ်စဉ် ထိုးပြီး သတ်မှတ်ခေါ်ဝေါ်သည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ ၂၀၁၇ ခုနှစ် မတ်လကုန်တွင် အိမ်ခြေ (၁ ၂၄၂)ခု ရှိပြီး အိမ်ထောင်စု (၇ ၉၃၇)စု နေထိုင်လျက်ရှိသည်။ လူဦးရေမှာ (၃၃ ၉၀၇)ဦး ဖြစ်သည်။
Business Collection Group(BCG) ၏ စီးပွားရေးလုပ်ငန်းပေါင်း (၁ ၉၀၀)ကျော် ရှိပြီး ၎င်းစီးပွားရေးလုပ်ငန်းများ၏ (၄၄)ရာခိုင်နှုန်းသည် အမှတ်(၈)နှင့် (၁၀)ရပ်ကွက် တို့တွင် တည်ရှိသည်။ လုပ်သားအင်အား (၂၉ ၀၀၀)ဦးကျော် လုပ်ကိုင်လျက်ရှိသည်။ လုပ်ငန်းအများစုမှာ ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ကြသည်။
တည်းခိုနေထိုင်ရေးအတွက် ဟိုတယ် (၉)ခု ရှိရာ၌ 63 ဟိုတယ် သည် အခန်းစုစုပေါင်း (၁၀၁)ခန်းရှိပြီး မြို့နယ်အတွင်း အခန်းအများဆုံး ဟိုတယ် ဖြစ်သည်။ အခန်း ဒုတိယအများဆုံး ဟိုတယ်မှာ City Yangon ဟိုတယ် ဖြစ်ပြီး အခန်းပေါင်း (၉၉)ခန်း ရှိသည်။ အခန်း တတိယအများဆုံးမှာ Millennium ဟိုတယ် ဖြစ်ပြီး အခန်းပေါင်း (၆၄)ခန်း ရှိသည်။

ထင်ရှားသည့် ကုန်ထုတ်လုပ်ငန်းတစ်ခုမှာ ပုဂ္ဂလိကပိုင် ဓာတ်ငွေ့စက်ရုံဖြစ်ပြီး အောက်ဆီဂျင်၊ နိုက်ထရိုဂျင်နှင့် အက်စီတလင်းတို့ ထုတ်လုပ်သော MEC ဓာတ်ငွေ့စက်ရုံဖြစ်သည်။
စွမ်းအင်ကဏ္ဍတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ အရောင်းဆိုင် (၃)ဆိုင် ရှိရာ၌ တစ်ဆိုင်မှာ နိုင်ငံပိုင်ဖြစ်ပြီး နီလာရိုးမ နှင့် F 2000 တို့မှာ ပုဂ္ဂလိကပိုင် ဖြစ်သည်။ နိုင်ငံပိုင် သဘာဝဓာတ်ငွေ့အရောင်းဆိုင် တစ်ဆိုင်ရှိသည်။
ထင်ရှားသည့် ဈေးများမှာ ချမ်းမြေ့ဈေးနှင့် ဘိုကလေးဈေးတို့ ဖြစ်သည်။ ထင်ရှားသည့် ကုန်တိုက်များမှာ အနော်ရထာလမ်းရှိ စီးတီးမတ်၊ ကုန်သည်လမ်းရှိ ဂမုန်းပွင့်ကုန်တိုက်နှင့် ဗိုလ်အောင်ကျော်လမ်းရှိ ရိုင်ရယ်မတ်တို့ ဖြစ်သည်။
ဗိုလ်တထောင်ဘုရားလမ်းတွင် ဝိုင်ဘီအက်စ် ယာဉ်လိုင်းအချို့၏ ဂိတ်ဖျား ထားရှိသည်။ ယာဉ်လိုင်းအမှတ် ၂၄၊ ၂၆၊ ၃၄၊ ၄၃၊ ၅၆၊ ၅၇၊ ၅၈၊ ၆၅၊ ၇ဝ၊ ၇၉ တို့ ဗိုလ်တထောင်ဘုရားသို့ ပြေးဆွဲသည်။
စာပို့သင်္ကေတအမှတ်များမှာ ၁၁၁၆၁ ၊ ၁၁၁၆၂ နှင့် ၁၁၁၆၃ တို့ ဖြစ်သည်။
အစိုးရပညာရေးကဏ္ဍတွင် အမျိုးသား စီမံခန့်ခွဲမှု ကောလိပ်၊ မူလတန်းကြိုကျောင်း (၂)ကျောင်း၊ မူလတန်းကျောင်း (၅)ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်း နှင့် အထက်တန်းကျောင်း (၆)ကျောင်း ရှိသည်။
ကျန်းမာရေးကဏ္ဍတွင် ထင်ရှားသည့် ဆေးရုံများမှာ အစိုးရပိုင် ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးနှင့် ပုဂ္ဂလိကပိုင် ပါရဂူဆေးရုံတို့ တည်ရှိသည်။
သမိုင်းဝင် ထင်ရှားသောအဆောက်အဦများမှာ ဝန်ကြီးများ ရုံးဟောင်း၊ မြန်မာနိုင်ငံတွင် အကြီးမားဆုံး ခရစ်ယာန် ဘုရားကျောင်းဖြစ်သည့် စိန့်မာရီ ခရစ်ယာန်ဘုရားကျောင်း နှင့် စိန်ပေါလ်ဟု လူသိများသည့် အ.ထ.က (၆) တို့ ဖြစ်သည်။ အဆိုပါ အဆောက်အဦးများသည် အုတ်သားအနီဖြင့် အလှဖော်ထားကြသည်။