Dagon Seikkan Township is an urban township of Yangon, Burma (Myanmar). Located in the east-central part of the city of Yangon (Rangoon). It occupies 32.97 square miles of the area and surrounded on the east by Thanlyin township, on the west by South Dagon, on the south by Thanlyin and Thaketa townships and on the north by Hlegu and South Dagon townships. It is located the attitude of 14.4 feet above sea level. It borders on the Bago River to the east and southeast. It is linked to Thanlyin Township by Dagon Bridge on Bago River. Satellite communities and industry moved into the township in the 1990s, growing from a rural population of under 10,000 to almost 100,000 by 2010. As of 2009, Dagon Seikkan consisted of 30 wards and 4 village tracts.
Over 1,500 businesses situated in this area, around 28,000 employees working in these respective businesses, total area 85.4 sq km (32.973 sq mi) – Density: 1,960/sq km, Total Population 167,448 people living in this township. The township had 10 primary schools, two middle schools and a high school. The township is in an industrial area of the city. Nationalities Youth Resource Development Degree College, Yangon is located in the township. Postal Code – 11441

As of 2007, Dagon Seikkan is linked to Thanlyin Township by the Dagon Bridge, the second bridge to be built across the Bago River at Yangon. The township is in an industrial area of the city. Nationalities Youth Resource Development Degree College, Yangon is located in the township.
Ayeyar Wun-Yadanar Highrise Housing Project, located at Dagon Seikkan Township Ward No (61 & 67), between Yadanar and Ayearwon Road. The project is constructed and developed by the Department of Urban and Housing Development. In August 2007, the government held a launch for a civil service staff housing project on the 183-acre site on the city’s northeastern outskirts.
ဒဂုံဆိပ်ကမ်းမြို့နယ် ၏ တရားဝင် အခေါ်အဝေါ်မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ဖြစ်သည်။ ၁၉၉၄ ခုနှစ် သြဂုတ်လတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ဧရိယာကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ဟူ၍ ပိုင်းခြားသတ်မှတ် ပြဋ္ဌာန်းခဲ့သည်။ ထိုစဉ်က ရပ်ကွက် (၃၈)ခုနှင့် ကျေးရွာအုပ်စု (၄)စု ပါဝင်သည်။ မြို့နယ် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရာ၌ စက်မှုဇုန်များ ထူထောင်ခဲ့ရာ ရပ်ကွက်အမှတ် ၉၅၊ ၉၆၊ ၉၇၊ ၉၉၊ ၁၀၀ မှ ၁၀၃ တို့သည် စက်မှုဇုန် အပိုင်း(၁)၏ ဧရိယာအဖြစ် သတ်မှတ်သည်။ နဂိုမြေကွက်သတ်မှတ်ရာတွင် မပါသည့် မြေဧရိယာတွင် စက်မှုဇုန် အပိုင်း(၂)ကို ထူထောင်ခဲ့သည်။ ထို့နောက် ရပ်ကွက် (၈)ခုကို ဖျက်သိမ်းလိုက်သည်။ ရပ်ကွက် (၅)ခုကို အသစ်တိုးချဲ့သတ်မှတ်ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ထည့်သွင်းခဲ့သည်။ သို့ဖြစ်ရာ ရပ်ကွက် (၃၅)ခု နှင့် ကျေးရွာအုပ်စု (၄)ခု ပါဝင်ဖွဲ့စည်းထားသည့် မြို့နယ်အဖြစ်သို့ ရောက်ရှိခဲ့သည်မှာ ယခုတိုင် ဖြစ်သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ ၎င်းရပ်ကွက်များတွင် အိမ်ခြေ (၃၄ ၄၄၂)ခု ရှိပြီး ကျေးရွာအုပ်စုများတွင် အိမ်ခြေ (၂ ၉၃၅)ခု ရှိပေရာ စုစုပေါင်း အိမ်ခြေ (၃၇ ၃၇၇)ခု ရှိသည်။ မှီတင်းနေထိုင်သည့် အိမ်ထောင်စုမှာ ၂၀၁၇ ခုနှစ် မတ်လကုန်တွင် (၃၈ ၆၇၅) စု ရှိပြီး လူဦးရေမှာ (၁၇၂ ၃၇၉)ဦး ဖြစ်သည်။
အကျယ်အဝန်းမှာ ၃၂ ဒသမ ၉၇ စတုရန်းမိုင် ဖြစ်သည်။ ပတ်ပတ်လည်တွင် ပဲခူးမြစ်နှင့် သံလျင်မြို့နယ်၊ သာကေတမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လှည်ကူးမြို့နယ်တို့ ဝန်းရံထားသည်။
ပဲခူးမြစ်သည် ရေချို/ရေငံဖြစ်၍ မြို့နယ်အတွက် ၎င်းမြစ်မှ စိုက်ပျိုးရေနှင့် သောက်သုံးရေ ရယူသုံးစွဲသည်။ စက်လှေများနှင့် အငယ်စားသင်္ဘောများ ခုတ်မောင်းသွားလာသည့်မြစ်လည်း ဖြစ်သည်။ ပဲခူးမြစ်ရေကို ကာကွယ်သည့် ဆိပ်ကမ်းသာ ရေတံခါးရှိပြီး အကျိုးပြုဧရိယာမှာ ဧက ၅၀၀ ဖြစ်သည်။
Business Collection Group (BCG) ၏ အချက်အလက်များအရ စီးပွားရေးလုပ်ငန်း (၁ ၅၀၀)ကျော် တည်ရှိပြီး လုပ်သားအင်အားစု (၂၈ ၀၀၀)ဦးကျော် လုပ်ကိုင်လျက် ရှိသည်။ စီးပွားဝန်းကျင် နှစ်ရပ်ရှိသည်။ တစ်ခုမှာ စက်မှုဇုန် ၂ ခုကို အခြေပြုသည့် ကုန်ထုတ်လုပ်ငန်းကဏ္ဍ ဖြစ်ပြီး ကျန်တစ်ခုမှာ ကုမ္ပဏီ ၁၀ ခု ဖြင့် ဖော်ဆောင်ထားသည့် ခေတ်မီစက်မှုလယ်ယာကဏ္ဍ ဖြစ်သည်။ အဓိက စိုက်ပျိုးရေး ထွက်ကုန်မှာ ဆန်စပါး ဖြစ်ပြီး ဆန်စပါးဈေးကွက်ထဲသို့ တင်ပို့ရောင်းချသည်။ ကြက်/ဘဲ၊ ဝက်၊ ဆိတ်၊ သိုး၊ နွား၊ ကျွဲ မွေးမြူရေးလည်း လုပ်ကိုင်ကြသည်။
စက်မှုလက်မှုလုပ်ငန်းများကို စက်မှုဇုန်များတွင် လုပ်ကိုင်နေသော စက်ရုံအရေအတွက်မှာ ဇုန်(၁) တွင် စက်ရုံ (၈၀)ဝန်းကျင်ရှိပြီး ဇုန်(၂)တွင် (၁၀၀)ကျော် ရှိသည်။
မြို့နယ်တွင်းရှိ ဝိုင်ဘီအက်စ်ဂိတ် ယာဉ်လိုင်းများမှာ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၈၊ ၉၊ ၇၁၊ ၈၀ အစရှိသည့်လိုင်းများ ဖြစ်သည်။ မြို့ပတ်ရထား ရောက်ရှိခြင်း မရှိပေ။
ပဲခူးမြစ်လမ်းမကြီးသည် အထင်ကရ လမ်းမကြီးဖြစ်ပြီး ပဲခူးမြစ်ကို ကျော်ပြီး သန်လျင်နှင့် ဆက်သွယ်ပေးထားသော အရှည်ပေ (၄ ၈၀၀) ရှိသည့် ဒဂုံတံတား (သံလျင်တံတား အမှတ်-၂)ဖြင့် ဆက်သွယ်ပေးထားသည်။
စာပို့သင်္ကေတအမှတ်မှာ ၁၁၄၄၁ ဖြစ်သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဟိုတယ် မရှိချေ။ တည်းခိုခန်းအချို့သာ ရှိသည်။
ထင်ရှားသည့် ဈေးများမှာ (၈၈) ရပ်ကွက်ဈေးနှင့် (၉၄) ရပ်ကွက်ဈေးတို့ ဖြစ်သည်။
သောက်သုံးရေအတွက် ယုဇနရေပေးဝေရေးမှ (၉၄) ရပ်ကွက်တွင် တည်ရှိသော ရေတွန်းစက်ဖြင့် တစ်နေ့ပျမ်းမျှ ရေဂါလံ ခြောက်သိန်းဝန်းကျင် တွန်းပို့ပေးလျက် ရှိသည်။
စွမ်းအင်ကဏ္ဍတွင် ဓာတ်ဆီဒီဇယ်ဆီအရောင်းဆိုင် သုံးဆိုင်ရှိပြီး ပုဂ္ဂလိကပိုင် အရောင်းဆိုင်များ ဖြစ်ကြသည်။ ၎င်းတို့မှာ MTI ၏ ဆိုင် တစ်ဆိုင်နှင့် Standard Energy ၏ ဆိုင် နှစ်ဆိုင် ဖြစ်သည်။
နိုင်ငံပိုင် သဘာဝဓာတ်ငွေ့အရောင်းဆိုင် တစ်ဆိုင် ရှိသည်။
အစိုးရပညာရေးကဏ္ဍတွင် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ မူလတန်းကြိုကျောင်း (၁)ခု၊ မူလတန်းနှင့် မူလတန်းလွန်ျကျောင်း (၁၁)ခု၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲ စုစုပေါင်း (၄)ခု၊ အထက်တန်းကျောင်း (၃)ခု ရှိသည်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၁၂)ခု ရှိသည်။
အစိုးရကျန်းမာရေးကဏ္ဍတွင် (၂၅)ကုတင်ဆန့် မြို့နယ် ပြည်သူ့ဆေးရုံတစ်ခု ရှိသည်။ အနာကြီးရောဂါ တိုက်ဖျက်ရေး ဆေးပေးခန်း တစ်ခု ရှိသည်။