Insein Township is located in northern Yangon. The township comprises 21 wards and shares borders with Shwe Pyi Thar township in the north, Hlaing Thar Yar township in the west, Mingaladon township in the east and Mayangone township in the south.
Over 5,800 businesses situated in this area, around 38,700 employees working in these respective businesses, 35.0 sq km (13.52 sq mi) – Density: 8,717/sq km, Total Population 305,283 people living in this township. Postal Code - 11011, 11012, 11013

Until the 1990s, Insein, about 20 miles from central Yangon, was beyond Yangon's city limits although, by the 1980s, Insein was already integrated with the rest of the city. With the expansion of Yangon's city limits in the 1990s which also included founding new satellite towns, Insein was formally incorporated into Yangon. It was named by Mon; (Mon spell as Ancin), which means a precious lake and also a former name of Inya Lake.
Insein has 33 primary schools, ten middle schools and six high schools. Karen Baptist Theological Seminary, the Myanmar Institute of Theology, the University of Paramedical Science, Yangon, Yangon Technological University and are located in the township. The Insein General Hospital is the principal hospital.
အင်းစိန်မြို့နယ် ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း ၁၁၀ ကျော်ခဲ့ပြီ ဖြစ်သည်။ လူဦးရေ (၂၀၀)ဦးကျော် နေထိုင်သည့် ရွာကြီးတစ်ရွာအဖြစ်မှ စတင်ခဲ့ပြီး ဗြိတိသျှအုပ်ချုပ်ရေး လက်အောက်တွင် ၁၉၀၃ ခုနှစ် မေလတွင် အင်းစိန်မြို့နယ်ဟု သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။
၁၉၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် အင်းစိန်စီရင်စု(ဒိစတြိတ်)ဟု သတ်မှတ်ပြဋ္ဌာန်းသည်။ တဖန် ၁၉၂၁ ခုနှစ်တွင် ခရိုင်အဖြစ် သတ်မှတ်ပြဋ္ဌာန်းပြီး အင်းစိန်မြို့နယ်နှင့်အတူ ထန်းတပင်မြို့နယ်၊ တိုက်ကြီးမြို့နယ်၊ လှည်းကူးမြို့နယ်တို့ အင်းစိန်ခရိုင်တွင် ပါဝင်သည်။ ၁၉၆၄ ခုနှစ်တွင် မဟာရန်ကုန် နယ်နိမိတ် သတ်မှတ်သည့်အခါ အင်းစိန်ခရိုင်အတွင်း၌ အင်းစိန်၊ ထန်းတပင်၊ လှည်ကူး၊ တိုက်ကြီးတို့အပြင် သမိုင်း၊
မြောက်ဥက္ကလာပ၊
တောင်ဥက္ကလာပ၊ လှော်ကား၊
မင်္ဂလာဒုံ၊ ထောက်ကြံ့ စသည်တို့ ထည့်သွင်းခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် မြို့နယ်များ သတ်မှတ်သည့်အခါ အင်းစိန်မြို့နယ်ဟု ပြဋ္ဌာန်းခဲ့သည်မှာ ယခုတိုင် ဖြစ်သည်။
အင်းစိန်မြို့နယ်သည် အကျယ်အဝန်း ၃ ဒသမ ၉၁ စတုရန်းမိုင် ရှိသည်။
မင်္ဂလာဒုံမြို့နယ်၊
မရမ်းကုန်းမြို့နယ်၊
လှိုင်သာယာမြို့နယ်၊
ရွှေပြည်သာမြို့နယ်တို့ ဝန်းရံထားသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ အင်းစိန်မြို့နယ်တွင် ၂၀၁၇ ခုနှစ် မတ်လကုန်တွင် အိမ်ခြေ (၄၃ ၃၂၆)ခု ရှိပြီး အိမ်ထောင်စု (၅၄ ၈၃၆)စု နေထိုင်လျက် ရှိသည်။ လူဦးရေမှာ (၂၅၉ ၇၇၁)ဦး ဖြစ်သည်။ အင်းစိန်မြို့နယ်တွင် ကျေးရွာအုပ်စု မရှိတော့ဘဲ ရပ်ကွက် (၂၁)ခု ဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ တညင်းကုန်းရပ်ကွက်၊ အောင်ဆန်းရပ်ကွက်၊ စဥ့်ငူရပ်ကွက်၊ ဖော့ကန်ရပ်ကွက်၊ ရွာမ အရှေ့ရပ်ကွက်၊ ရွာမ အလယ်ရပ်ကွက်၊ ရွာမ အနောက်ရပ်ကွက်၊ ဈေးကုန်း အရှေ့ရပ်ကွက်၊ ဈေးကုန်း အနောက်ရပ်ကွက်၊ တောင်သူကုန်းရပ်ကွက်၊ နံ့သာကုန်းရပ်ကွက်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ကြို့ကုန်း အရှေ့ရပ်ကွက်၊ ကြို့ကုန်း အနောက်ရပ်ကွက်၊ ပိန္နဲကုန်းရပ်ကွက်၊ ဈေးကုန်း အရှေ့ရပ်ကွက်၊ ဈေးကုန်း အနောက်ရပ်ကွက်၊ ကွက်သစ်ရပ်ကွက်၊ ပေါက်တောရပ်ကွက်၊ ကမ်းနား အနောက်ရပ်ကွက်၊ ကမ်းနား အလယ်ရပ်ကွက်၊ မြို့သစ်(က) ရပ်ကွက်၊ မြို့သစ်(ခ) ရပ်ကွက်၊ မြို့သစ်(ဂ) ရပ်ကွက်တို့ ဖြစ်သည်။

အင်းစိန်မြို့နယ်တွင် စီးပွားရေးလုပ်ငန်း (၅ ၈၀၀)ကျော် ရှိပြီး လုပ်သားအင်အားစု (၃၈ ၇၀၀)ဦး လုပ်ကိုင်လျက်ရှိကြောင်း Business Collection Group(BCG) မှ ကောက်ခံထားသော အချက်အလက်များအရ သိရသည်။ မြို့နယ်အတွင်း စက်ရုံအလုပ်ရုံများ ရှိရာ၌ ရွှေပြည်သာ စက်မှုဇုန် အမှတ် (၃) နှင့် (၄) တို့တွင် စက်ရုံပေါင်း (၁၄၆)ခု ရှိပြီး လုပ်သား အင်းအားစု (၂၂ ၀၀၀)ကျော် လုပ်ကိုင်လျက်ရှိသည်။ မြို့နယ်အတွင်း အစိုးရ စက်ရုံအလုပ်ရုံများလည်း ရှိပြီး ၎င်းတို့မှာ ဘီပီအိုင်ဟု လူသိများသည့် မြန်မာ့ဆေးဝါးလုပ်ငန်းစက်ရုံ။ မီးရထား စက်ခေါင်းစက်ရုံ၊ အမှတ်(၃) သံမဏိစက်ရုံ၊ ကွန်ကရိပိုက်စက်ရုံတို့ ဖြစ်သည်။
စွမ်းအင်ကဏ္ဍတွင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင် (၇)ဆိုင် ရှိသည်။ CNG (၀၀၂) အရောင်းဆိုင်သည် ပုဂ္ဂလိကပိုင် ဖြစ်သည်။ ကျန်သည့် (၆)ဆိုင်မှာ နိုင်ငံပိုင် ဆိုင်များဖြစ်ကြပြီး LPG အရောင်းဆိုင်၊ CNG သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ ဖြစ်ကြသော ဆိုင်အမှတ် (၀၀၃) ၊ (၀၀၇)၊ (၀၁၉) နှင့် (၀၃၂) တို့ဖြစ်သည်။ ဓာတ်ဆီ၊ ဒီဇယ်ဆီ အရောင်း ဆိုင်များ (၁၀)ဆိုင် ရှိသည်။ ၎င်းတို့မှာ MICA Power နှစ်ဆိုင်၊ DENKO နှစ်ဆိုင်တို့နှင့် တိုးတက်သရဖူ၊ 360 (Petro) ၊ Super Myanmar ၊ မြဝတီ၊ Star High နှင့် Moon Sun တို့ တစ်ဆိုင်စီ ဖွင့်လှစ်ရောင်းချပေးလျက် ရှိသည်။
မြို့ပတ်ရထားလမ်းပိုင်းမှာ ကြို့ကုန်းမှ ဂေါက်ကွင်းအထိ အရှည် ၅ မိုင် ဖြစ်သည်။ ရောက်ရှိသည့် ဝိုင်ဘီအက်စ် ဘတ်စ်ကားလိုင်းများမှာ ၂၁၊ ၂၂၊ ၃၉၊ ၆၅၊ ၆၈၊ ၇၈၊ ၈၆၊ ၈၈နှင့် ၉၄ စသည်တို့ ဖြစ်သည်။
စာပို့သင်္ကေတ အမှတ်များမှာ ၁၁၀၁၁၊ ၁၁၀၁၂ နှင့် ၁၁၀၁၃ တို့ ဖြစ်သည်။
ထင်ရှားသည့် ဈေးများမှာ အင်းစိန်ဈေး၊ အသီးအရွက်တွေ ဝယ်ရတာ အလကားပေးနေသလိုပဲ တန်ချက်ဟု မှတ်ချက်ပြုကြသည့် ဒညင်းကုန်း ကုန်စိမ်းဈေးတို့ ဖြစ်သည်။
အစိုးရ ပညာရေးကဏ္ဍတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ မူလတန်းကျောင်း (၃၁)ခု၊ အလယ်တန်းကျောင်း (၁၁)ခု၊ အထက်တန်းကျောင်း (၈)ခု ရှိသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၃)ခု ရှိသည်။ ခရစ်ယာန်ဘာသာရေးတွင် ထင်ရှားသည့် မြန်မာနိုင်ငံဓမ္မတက္ကသိုလ် ရှိသည်။
ကျန်းမာရေးကဏ္ဍတွင် အစိုးရဆေးရုံ လေးခု ရှိသည်။ ၎င်းတို့မှာ အင်းစိန်ဆေးရုံ၊ အောင်ဆန်းတီဘီဆေးရုံ၊ အကျဉ်းထောင်ဆေးရုံနှင့် မီးရထားဆေးရုံတို့ ဖြစ်သည်။ ပုဂ္ဂလိကဆေးရုံ (၄)ခု ရှိပြီး ၎င်းတို့မှာ ကောင်းအထူးကုဆေးရုံ၊ သီရိစန္ဒာဆေးရုံ၊ ကွယ်ကဘောဆေးရုံ၊ ကေဘီစီဆေးရုံတို့ ဖြစ်သည်။
ထင်ရှားသည့် စေတီပုထိုးများမှာ ကျောက်တော်ကြီးဆင်းတုတော်ကြီးနှင့် အာလိန်ငါးဆင့်ဘုရားတို့ဖြစ်သည်။