Kamayut Township (also spelt Kamaryut Township) is located in the north central part of Yangon. The township comprises 10 wards and shares borders with Hlaing township in the north and Kyeemyin Daing township in the west, the Inya Lake, Bahan township and Mayangone township in the east, and Sanchaung township in the south. The name Kamayut roughly means Khmer Region,[dubious – discuss] which may be an indicator of the possibility of the existence of a Mon settlement earlier.
Near around 3,450 businesses situated in this township area, over 41,200 employees working in these respective businesses, Area 6.2 sq km (2.40 sq mi) – Density: 13,605/sq km, Total Population 84,569 people living in this township. Postal Codes - 11041~11044
One of the most prosperous areas in Yangon (a prime upmarket area), Kamayut is also the "college town" of the Yangon. Pyay Road which cuts across the township is lined with many education. Yangon University, the University of Medicine 1, Yangon, the Yangon Institute of Economics, the Yangon Institute of Education and affiliated TTC and University of Distance Education are all located in the township. The township has twelve primary schools, two middle schools and five high schools.
ကမာရွတ်မြို့နယ် သည် တချိန်တခါက ရွာစုကြီးတစ်ရွာဖြစ်ပြီး အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍ ရှိခဲ့ရာ အရှေ့ပိုင်းတွင် လှည်းတန်း၊ လက်ခုပ်ပင်၊ အင်းယားရွာသစ်၊ ဗောဓိကုန်းတို့ ပါဝင်ပြီး အနောက်ပိုင်းတွင် ကမာရွတ်၊ ချောင်းဝ၊ ရွာမ၊ သံကြိုးတိုင်တို့ ပါဝင်သည်။ ပါးစပ်သမိုင်းအလိုအရ ခဝါသည်လင်မယားဖြစ်ကြသည့် ဖိုးကမာနှင့် မယ်ကရွတ်တို့ နေထိုင်ခဲ့ကြပြီး ချောင်းနဘေးမှာ တွေ့ရှိသော မိချောင်းဥကို ကောက်ယူလာပြီး အိမ်အနီးရှိ ကမာကလုံကန်တွင် ထားရှိရာ ကံအားလျော်စွာ အကောင်ပေါက်သည်။ ထိုမိချောင်းသည် ရန်ကုန်သမိုင်းတွင် ထင်ရှားသည့် ငမိုးရိပ်မိချောင်း ဖြစ်သည်။ သို့ဖြစ်ရာ ငမိုးရိပ် ကျော်ကြားသည်ကို အကြောင်းပြုပြီး ခဝါသည် လင်မယားတို့လည်း ကျော်ကြားသည်။ သို့ဖြစ်ရာ ၎င်းတို့ နေထိုင်သောနေရာကို ဖိုးကမာ မယ်ကရွတ်တို့ရွာဟု ရည်ညွှန်း ပြောဆိုခဲ့ကြရာမှာ ကာလရွေ့လျားသောအခါ ကမာရွတ်ရွာဟူ၍ ဖြစ်သွားသည်ဟု ဆိုသည်။ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်၌ ဒေသစိတ်များ ပိုင်းခြားသတ်မှတ်ခေါ်ဝေါ်စေခဲ့ရာ လှိုင်ဒေသစိတ်၊ မရမ်းကုန်းဒေသစိတ်နှင့် ကမာရွတ်ဒေသစိတ်တို့ကို တစ်စုတစ်စည်းတည်းအဖြစ် နံပါတ်စဉ်ထိုးရာ၌ အမှတ်(၃)ဒေသစိတ်ဟု သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ဒေသစိတ်များကို ရုပ်သိမ်းပြီး မြို့နယ်များအဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ရာ ရပ်ကွက် (၁၀)ခု ပါဝင်သည့် ကမာရွတ်မြို့နယ်အဖြစ်သို့ ရောက်ရှိခဲ့သည်မှာ ယခုတိုင် ဖြစ်သည်။ ပါဝင်သည့် ရပ်ကွက်များကို အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက် စသဖြင့် အမှတ်စဉ်ထိုးပြီး အမှတ်(၁၀) ရပ်ကွက်အထိ သတ်မှတ်ပြဋ္ဌာန်းထားသည်။ သီးခြားအမည် မရှိပေ။
ကမာရွတ်မြို့နယ် အကျယ်အဝန်းမှာ ၂ ဒသမ ၄ စတုရန်းမိုင် ရှိပြီး ပတ်ပတ်လည်တွင် ဗဟန်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ လှိုင်မြစ်၊ ဆိပ်ကမ်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် လှိုင်မြို့နယ်တို့ ဝန်းရံထားသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ ၂၀၁၇ ခုနှစ်မတ်လကုန်တွင် ကမာရွတ်မြို့နယ်တွင် အိမ်ခြေ (၄ ၂၈၄)ခု ရှိပြီး အိမ်ထောင်စု (၁၇ ၇၄၇)စု နေထိုင်သည်။ လူဦးရေမှာ (၇၉ ၅၂၈)ဦး ဖြစ်သည်။ ပြောင်းဝင်၊ ပြောင်းထွက် ဦးရေ များပြားသည့်မြို့နယ် ဖြစ်ပေရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း၌ ပြောင်းဝင်လာသူ (၁၀ ၅၇၃)ဦး ရှိပြီး ပြောင်းထွက်သူ ဦးရေ (၆ ၉၆၉)ဦး ရှိခဲ့သည်။
တည်နေရာသည် လမ်းဆုံလမ်းခွနေရာ ပါရှိပြီး အဓိကကျသည့် လမ်းမကြီးများ ဖြတ်သန်းသွားသဖြင့် လှည်တန်းလမ်းဆုံသည် နေ့နေ့ညည လူသူစည်ကားသည်။ တိုက်ခန်းများကို အကန့်များကန့်၍ လူနေအဆောင်များ ဖွင့်လှစ်လုပ်ကိုင်ခြင်းကြောင့်လည်း ပြောင်းဝင်ပြောင်းထွက် ဦးရေ မြင့်မားနေစေသည်။
မြို့နယ်အတွင်း စီးပွားရေးလုပ်ငန်းပေါင်း (၃ ၄၅၀)၀န်းကျင်ရှိပြီး လုပ်သားအင်အားစု (၄၁ ၂၀၀)ဦး လုပ်ကိုင်လျက်ရှိသည်ဟု Business Collection Group(BCG) မှ အချက်အလက်များအရ သိရသည်။ ထင်ရှားသည့် စက်မှုလက်မှုလုပ်ငန်းများမှာ မြန်မာ့သင်္ဘောကျင်း၊ တက္ကသိုလ်ပုံနှိပ်တိုက်၊ မြို့တော်သတင်းစာ ပုံနှိပ်တိုက်တို့ ဖြစ်သည်။
ထင်ရှားသည့်ဈေးများမှာ လှည်းတန်းဈေး၊ ဆင်မလိုက်ဈေးနှင့် သံလွင်ဈေးတို့ဖြစ်သည်။
ထင်ရှားသည့် ကုန်တိုက်များမှာ Junction Square၊ လှည်းတန်းစင်တာ၊ စိန်ဂေဟာ၊ ဂမုန်းပွင့်တို့ ဖြစ်သည်။
မြို့ပတ်ရထားလမ်းပိုင်းမှာ ဟံသာဝတီမှ လှည်းတန်းအထိ အလျား သုည ဒသမ ၇၅ မိုင် ရှိသည်။
စာပို့သင်္ကေတ အမှတ်များမှာ ၁၁၀၄၁ နှင့် ၁၁၀၄၄ ဖြစ်သည်။
အဓိကလမ်းမကြီးများဖြစ်သော ပြည်လမ်း၊ အင်းစိန်လမ်းနှင့် ဘုရင့်နောင်လမ်းတို့ ကမာရွတ်မြို့နယ်ကို ဖြတ်သန်းထားသည်။
ဆင်မလိုက်တစ်ဝိုက်သို့ ရောက်သည့် ဝိုင်ဘီအက်စ် ဘတ်စ်ကားလိုင်းများမှာ ၁၄၊ ၁၉၊ ၂ဝ၊ ၂၃၊ ၃ဝ၊ ၄ဝ၊ ၆၂၊ ၈၅၊ ၉၈ တို့ ဖြစ်သည်။ လှည်းတန်းတစ်ဝိုက်သို့ ၁၄၊ ၂၁၊ ၃၀၊ ၃၅၊ ၃၇၊ ၃၈၊ ၃၉၊ ၄၁၊ ၆၀၊ ၆၁၊ ၆၅၊ ၇၇၊ ၇၈၊ ၈၆ ၊ ၉၇၊ လေဆိပ်ဘတ်စ်လိုင်းတို့ ရောက်သည်။
ထင်ရှားသည့် နေရာများမှာ ရန်ကုန်တက္ကသိုလ်ဝင်း၊ အင်းယားကန်ဘောင်၊ စိန်ရတုခန်းမ၊ ဂျပ်ဆင်၊ မူးယစ်ပြတိုက်တို့ ဖြစ်သည်။
မြို့နယ်အတွင်းတွင် ဟိုတယ် (၁၂)ခု လုပ်ကိုင်လျက်ရှိပြီး အခန်းအများဆုံး ဟိုတယ်မှာ ကြယ်ငါးပွင့် အဆင့်ရှိ Novotel Hotel ဖြစ်ပြီး အခန်းပေါင်း (၃၆၆)ခန်း ရှိသည်။ အခန်းဒုတိယအများဆုံး ဟိုတယ်မှာ ကြယ်ငါးပွင့်အဆင့်ရှိ Sakura Residence ဖြစ်ပြီး အခန်းပေါင်း (၂၆၀)ခန်းရှိသည်။ ကျန်သည့် ဟိုတယ်များမှာ အခန်း (၄၀)ထက်မကျော်သည့် ဟိုတယ်များ ဖြစ်ကြသည်။
စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိကပိုင် ဓာတ်ဆီ ဒီဇယ်ဆီအရောင်းဆိုင် Max Energy ဆိုင် နှစ်ဆိုင်ရှိသည်။
အစိုးရပညာရေးကဏ္ဍတွင် ရန်ကုန်တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ အဝေးသင်တက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)၊ ကုန်သွယ်ရေကြောင်းကောလိပ်တို့ တည်ရှိသည်။
မူလတန်းကြိုကျောင်း (၂)ခု၊ မူလတန်းကျောင်း (၁၁)ခု၊ အလယ်တန်းကျောင်း (၁)ခုနှင့် အထက်တန်းကျောင်း (၆)ခု ရှိရာ၌ အစဉ်အလာနှင့် အရှိန်အဝါကြီးမားသော တီတီစီ(ကမာရွတ်) အထက်တန်းကျောင်းလည်း အပါအဝင် ဖြစ်သည်။ ပညာရေးတက္ကသိုလ်၏ တွဲဘက်ကျောင်းဖြစ်ပြီး သူငယ်တန်းဝင်ခွင့်ရ ကျောင်းသူကျောင်းသားစာရင်းကို ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ကြေညာပေးသည်ကို တွေ့ရသည်။
ပုဂ္ဂလိက ပညာရေးကဏ္ဍတွင် ကျူရှင်များ၊ ဘာသာရပ်သင်တန်းများ၊ သူနာပြုကဲ့သို့သော သက်မွေးပညာသင်တန်းများ တည်ရှိသည်။ ဘုန်တော်ကြီးသင် ပညာရေးကျောင်း (၃)ကျောင်း ရှိသည်။
ကျန်းမာရေးကဏ္ဍတွင် အစိုးရပိုင် ကုတင် (၁၀၀)ဆန့် တက္ကသိုလ်ဆေးရုံရှိသည်။ ပုဂ္ဂလိကကဏ္ဍတွင် (၅၀)ကုတင်ဆန့် သုခကမ္ဘာဆေးရုံ၊ (၂၅)ကုတင်ဆန့် မိုးမေတ္တာ၊ (၁၀)ကုတင်ဆန့် ဆေးရုံဆေးခန်းများ ဖြစ်ကြသော မေတ္တာဦး၊ မြင့်မြတ်တော်ဝင်နှင့် American Vision တို့ရှိသည်။ နိုင်ငံတကာအဆင့် ဆေးရုံကြီးဖြစ်သော Grand Hantha International Hospital မှာ အထင်ရှားဆုံး ဖြစ်သည်။
Total Population | 84,569* | ||
Males | 36,958 | ||
Females | 47,611 | ||
Sex Ratio | 78 males per 100 females | ||
Percentage Of Urban Population | 100.0% | ||
Area (km2) | 6.2** | ||
Population Density (persons per km2) | 13605.1 persons | ||
Number Of wards | 10 | ||
Number Of Village Tracts | - | ||
Total | Urban | Rural | |
Population In Conventional HouseHolds | 72,697 | 72,697 | |
Number Of Convetional Households | 16,299 | 16,299 | |
Mean Household Size | 4.5 persons*** | ||
|
|||
* Includes both household population and institution population. ** Settlement and Land Record Department, Ministry of Agriculture, Livestock and Irrigation, (2014-2015) *** Calculated based on conventional household population |
Business Sectors | Total Business | Total Employees |
---|---|---|
Productions | 33 | 2900 |
Retails | 1256 | 7185 |
Wholesales | 149 | 5053 |
Services | 1978 | 25525 |
Trading | 26 | 550 |
Township Total | 3442 | 41213 |
Excellent Fortune Development Group Co., Ltd. [EFD] | ||
---|---|---|
Category | : | Agriculture |
Address | : | 37, Between Hanthawaddy Rd. and Kyun Taw Rd., Time City Office Tower (3), Level-20, |
Phones | : | 09-698888887 |
Excellent Fortune Development Group Co., Ltd. (EFD) | ||
---|---|---|
Category | : | Cement |
Address | : | 37, Between Hanthawaddy Rd. and Kyun Taw Rd., Time City Office Tower (3), Level 20, |
Phones | : | 09-698888887 |
Grand Guardian Life Insurance Co., Ltd (GGI) | ||
---|---|---|
Category | : | Insurance Agents |
Address | : | Rm 1104/1106, 11th Flr, Kyun Taw Rd., Crystal Tower, |
Phones | : | 09-400083003, 09-400083004 |
Forever Group Co., Ltd. | ||
---|---|---|
Category | : | Advertising Agencies |
Address | : | Hanthawaddy Rd., MRTV Compound, Near Hantha Waddy Round About,, |
Phones | : | 09-258407711, 09-258407722, 09-258407744, 09-797423335 |
Myittar Oo | ||
---|---|---|
Category | : | Optical Goods |
Address | : | 499, Pyay Rd., |
Phones | : | 01-527390, 01-537975, 01-527381, 01-534281, 09-456860001, 09-456860002 |