Kyauktada Township is the centre of downtown Yangon, Myanmar. The township consists of nine wards and shares borders with Botahtaung Township in the east, Seikkan Township and Yangon River in the south, Pabedan Township in the west and Mingalar Taungnyunt Township in the north.
Over 3,000 businesses spread out in this township and most of the businesses situated in Ward 3, Ward 1 and Ward 2. Total over 34,500 employees working at their respective businesses in Kyauktada Township. Area 0.7 sq km – Density: 41,913/sq km, Total Population 29,853 people living in this township.The township has five primary schools, one middle school and one high school. Many of its school children attend high schools in nearby townships of Botataung and Pabedan. Postal Codes - 11181, 11182
The township is home to many historic buildings, including the Sule Pagoda, the City Hall, the High Court Building, the Strand Hotel as well as embassies of the UK and India. Three of the tallest buildings in Yangon, the Traders Hotel (now Sule Shangri-La), the Sakura Tower, and the Center Point Tower is located in Kyauktada. Many government offices are headquartered here. Maha Bandula Park across from Sule Pagoda and the city hall is a major recreational area in the downtown area. Sule Shangri La & Pullman Hotels are the shining international landmark in the centre of downtown in this township.
ကျောက်တံတားမြို့နယ် ဖြစ်လာမည့် ဧရိယာတွင် ယခု မဟာဗန္ဓုလပန်းခြံနေရာတွင် ရေလယ်ကျွန်းတစ်ခု ရှိသည်။ ၎င်းရေလယ်ကျွန်းနှင့် ဆူးလေဘုရားတို့အကြား ကူးလူးသွားလာရန် ကျောက်တံတားတစ်ခု ရှိခဲ့သည်ကို အကြောင်းပြုပြီး ကျောက်တံတားအရပ်ဟု အမည်တွင်သည်။ ၁၈၄၁ ခုနှစ်တွင် သာယာဝတီမင်းသည် ရန်ကုန်သို့ စုန်ဆင်းလာပြီး အောင်မြေသမုတ်၍ မြို့တည်ခဲ့ရာ ကျောက်တံတားမြို့အဖြစ်သို့ ရောက်သည်။ရန်ကုန်မြို့သမိုင်းတွင် စနစ်တကျ လမ်းများ အကွက်ချထားသည့် အပိုင်းတွင် တည်ရှိသော ကျောက်တံတားမြို့နယ်၏ ပုံပန်းသဏ္ဌာန်သည် စတုဂံနီးပါး ဖြစ်နေသည်မှာ သဘာဝကျပေသည်။
နယ်နိမိတ်သည် အရှေ့ဘက်တွင် ဗိုလ်အောင်ကျော်လမ်း အလယ်တွင် အဆုံးသတ်ပြီး လမ်းအလယ်မှ ဟိုမှာဘက်အခြမ်းသည် ဗိုလ်တထောင်မြို့နယ် ဖြစ်သည်။ အနောက်ဘက်တွင် ဆူးလေဘုရားသည် ကျောက်တံတားမြို့နယ်အတွင်း အကျုံးဝင်ပြီး ကပ်လျက်တွင် ပန်းပဲတန်းမြို့နယ် ရှိသည်။ တောင်ဘက်တွင် ကမ်းနားလမ်း ရှိပြီး ကပ်လျက်တွင် ဆိပ်ကမ်းမြို့နယ် ရှိသည်။ မြောက်ဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိပြီး ကပ်လျက်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် ရှိသည်။
အကျယ်အဝန်းမှာ သုည ဒသမ ၂၈ စတုရန်းမိုင် ရှိသည့် ကျောက်တံတားမြို့နယ်ကို ရပ်ကွက် (၉)ခုဖြင့် ဖွဲ့စည်းထားပြီး ရပ်ကွက်အသီးသီးကို အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက် စသဖြင့် အမှတ်(၉)ရပ်ကွက်အထိ အမှတ်စဉ်ရေးထိုးပြီး သတ်မှတ်ပေးထားသည်။ ဆူးလေဘုရားနှင့် မဟာဗန္ဓုလပန်းခြံတို့ ပါဝင်သော အမှတ်(၁)ရပ်ကွက်သည် အကျယ်ဝန်းဆုံး ဖြစ်သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ အိမ်ခြေ (၁ ၂၄၀)ခန့် တည်ရှိပြီး ၂၀၁၇ခုနှစ် မတ်လကုန်တွင် အိမ်ထောင်စု (၆ ၀၇၈)စု နေထိုင်သည်။ လူဦးရေမှာ (၂၇ ၈၁၅)ဦး ဖြစ်သည်။
မြို့လယ်ပိုင်းတွင် တည်ရှိသဖြင့် အချက်အချာကျသည်။ စာအုပ်ထုတ်ဝေရေး၊ ဗီဒီယို ထုတ်ဝေရေးတို့အတွက် ဗဟိုချက်ဖြစ်ခဲ့သည်။ Business Collection Group (BCG) ၏ အချက်အလက်များအရ စီးပွားရေးလုပ်ငန်းပေါင်း (၃ ၀၀၀)ကျာ် တည်ရှိပြီး အများစုမှာ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက်တို့တွင် တည်ရှိသည်။ လုပ်သားအင်အားစု (၃၄ ၅၀၀)ဦး လုပ်ကိုင်လျက် ရှိသည်။
စွမ်းအင်ကဏ္ဍအနေဖြင့် ကျောက်တံတားမြို့နယ်တွင် ဓာတ်ဆီဒီဇယ်ဆီအရောင်းဆိုင် တစ်ဆိုင်မှ မရှိပေ။ သဘာဝဓာတ်ငွေ့အရောင်းဆိုင်လည်း တစ်ဆိုင်မှ မရှိချေ။
မြို့နယ်တွင်းသို့ ဝိုင်ဘီအက်စ် ဘတ်စ်လိုင်း ၄၊ ၇၊ ၂၀၊ ၅၇၊ ၅၈၊ ၇၂၊ ၈၉၊ ၉၃ အစရှိသည်တို့ ရောက်သည်။
စာပို့သင်္ကေတ အမှတ်များမှာ ၁၁၁၈၁ နှင့် ၁၁၁၈၂ တို့ ဖြစ်သည်။
ဟိုတယ် (၁၀)ခုရှိပြီး အခန်းပေါင်း (၄၇၉)ခန်း ရှိသည့် ကြယ်ငါးပွင့်အဆင့်ရှိ Sule Shangarila Hotel သည် အခန်းအများဆုံး ဟိုတယ် ဖြစ်သည်။ အခန်း ဒုတိယ အများဆုံးမှာ ကြယ်သုံးပွင့်အဆင့်ရှိ Asia Plaza Hotel ဖြစ်ပြီး အခန်းပေါင်း (၁၀၄)ခန်း ရှိသည်။ ကြယ်သုံးပွင့်အဆင့်ရှိ Panorama Hotel သည် အခန်းပေါင်း (၁၀၂)ခန်းဖြင့် အခန်းတတိယအများဆုံး ဟိုတယ် ဖြစ်သည်။ ရှေးအကျဆုံးဖြစ်ပြီး နာမည်ကြီး လူသိများသည့် Strand Hotel သည် ကြယ်ငါးပွင့် အဆင့် ရှိသော်လည်း အခန်း အရေအတွက်မှာ (၁၀၀)အောက်တွင်သာ ရှိသည်။ Suit စုစုပေါင်း ၃၂ ခန်း ရှိသည်။
ထင်ရှားသည့် ပန်းခြံမှာ မဟာဗန္ဓုလပန်းခြံဖြစ်ပြီး လွတ်လပ်ရေး အထိမ်းအမှတ်ကျောက်တိုင်ရှိသည်။ ထင်ရှားသည့် ဈေးမှာ ၃၈လမ်းဈေးဖြစ်ပြီး ကုန်တိုက်များမှာ Ruby Mart ၊ စိန်ဂေဟာ နှင့် Fuji Mart တို့ ဖြစ်သည်။
ထင်ရှားသည် စေတီပုထိုးမှာ ဆူးလေဘုရား ဖြစ်သည်။
အစိုးရပညာရေးကဏ္ဍတွင် မူလတန်းကျောင်း (၅)ခု၊ အလယ်တန်းကျောင်း (၁)ခုနှင့် အထက်တန်းကျောင်း (၁)ခု ရှိသည်။
ကျန်းမာရေးကဏ္ဍတွင် မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ ရှိသည်။
သမိုင်းဝင် အဆောက်အဦများမှာ မြို့တော်ခန်းမ၊ ယခု ဧရာဝတီဘဏ်ဖြစ်သည့် ရိုးလ်ကုန်တိုက်၊ တရားရုံးချုပ်၊ အာမေးနီးယန်း ခရစ်ယာန် ဘုရားကျောင်း၊ ဗဟိုမီးသတ်၊ စာတိုက်ကြီး၊ လောကနတ်ပြခန်း အဆောက်အဦ၊ Strand Hotel ၊ ကုန်သွယ်လယ်ယာဘဏ်အဆောက်အဦးတို့ ဖြစ်သည်။ မြင့်မြင့်မားမား အဆောက်အဦများဖြစ်ကြသည့် Sule Shangri-La Hotel ၊ Sakura Tower နှင့် Center Point Tower တို့ ဖြစ်သည်။