Welcome to Lanmadaw Township

Welcome to Lanmadaw

All about Lanmadaw



HISTORY & BOUNDARIES

Lanmadaw Township is located in the western part of downtown Yangon and shares borders with Ahlone Township in the west, Latha Township in the east, Seikkan Township and Yangon River in the south, and Dagon Township in the north. It consists of twelve wards and is home to four primary schools, one middle school and two high schools. Lanmadaw and Latha townships make up the Yangon Chinatown. Lanmadaw Township is home to Yangon Institute of Nursing and University of Medicine 1, Yangon.

Near around 2,400 businesses situated in this area, nearly around 25,000 employees working in these respective businesses, it has total 12 Wards, Area: 1.4 sq km – Density: 33,487/sq km, Total Population 47,160 people living in this township. Postal codes 11131


လမ်းမတော်မြို့နယ် သည် လမ်းမတော် ဟူသည့် အဓိကျသော လမ်း၏ အမည်ကို အကြောင်းပြုပြီး လမ်းမတော်မြို့နယ်ဟု အမည်တွင်သည်။ လမ်းမတော်လမ်းမှ အောင်ရတနာလမ်းအထိ တည်ရှိသော လမ်းမတော်မြို့နယ် ပတ်ပတ်လည်တွင် လသာမြို့နယ်ဆိပ်ကမ်းမြို့နယ်အလုံမြို့နယ်နှင့် ဒဂုံမြို့နယ်တို့က ဝန်းရံထားသည်။ အကျယ်အဝန်း သုည ဒသမ ၅၄၄ စတုရန်းမိုင် ရှိသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ ၂၀၁၇ ခုနှစ် မတ်လကုန်တွင် လူနေအိမ်ခြေ (၂ ၀၅၉)ခု ရှိပြီး အိမ်ထောင်စု (၇ ၈၀၀)စု ရှိသည်။ လူဦးရေမှာ (၃၇ ၂၃၈)ဦး ရှိသည်။

ရပ်ကွက် (၁၂)ခုဖြင့် ဖွဲ့စည်းထားပြီး အမှတ် (၁)ရပ်ကွက်၊ အမှတ် (၂)ရပ်ကွက် စသဖြင့် အမှတ် (၁၂)ရပ်ကွက်အထိ အမှတ်စဉ်ထိုးပြီး သတ်မှတ်ပေးထားသည်။ မြို့နယ်အတွင်း လုပ်ငန်းပေါင်း (၂ ၄၀၀)ကျော် ရှိပြီး လုပ်သားအင်အားးစု (၂၅ ၀၀၀)ဦးဝန်းကျင် ရှိကြောင်း Business Collection Group (BCG) မှ ကောက်ခံထားသော အချက်အလက်များအရ သိရသည်။

အချိုရည်နှင့် ရေသန့်ဘူး စီးပွားရေးနယ်ပယ်တွင် ထင်ရှားသည့် လွယ်ဟိန်းကုမ္ပဏီ ရုံးချုပ်တည်ရှိသည်။ အသင်းအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ စီပွားရေးကဏ္ဍတွင် အထင်ကရဖြစ်သော မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများ၏ ရုံးခန်းများ ရှိသည်။

မီးရထားလမ်းပိုင်းသည် လမ်းမတော်မြို့နယ်တွင် ၁ မိုင်ဝန်းကျင် အလျားရှိပြီး လမ်းမတော်မြို့နယ် မြောက်နယ်နိမိတ်မျဉ်းတစ်လျှောက် ရှမ်းလမ်းဘူတာမှ လမ်းမတော်ဘူတာအထိ တည်ရှိသည်။မော်တင်တွင် ဝိုင်ဘီအက်စ် ဘတ်စ်ကားလိုင်း ၂၁ နှင့် ၃၉ တို့၏ ဂိတ်ဖျား တည်ရှိသည်။ မော်တင်မှတ်တိုင်သို့  ဝိုင်ဘီအက်စ်လိုင်း ၂ဝ၊ ၃၅၊ ၅၆၊ ၅၇၊ ၅၈၊ ၈၉၊ ၉၈ တို့ ပြေးဆွဲလျက် ရှိသည်။ ကားပြောင်းစီးလေ့ရှိသည့် မှတ်တိုင် နှစ်ခု ဖြစ်သည့် စံပြမှတ်တိုင်သို့ ၂၁၊ ၃၅၊ ၃၉၊ ၇၈ တို့ ပြေးဆွဲပြီး သရက်တောကျောင်းတိုက် မှတ်တိုင်သို့ ၂ဝ၊ ၃၇၊ ၅၆၊ ၉၄၊ ၉၈ တို့ ပြေးဆွဲသည်။

စာပို့သင်္ကေတ အမှတ်မှာ ၁၁၁၃၁ ဖြစ်သည်။


ထင်ရှားသည့် ဈေးများမှာ စားသောက်ကုန်များ လက်ကားဖြန့်သည့် ညောင်ပင်လေးဈေးနှင့် မော်တင်ဈေးတို့ ဖြစ်သည်။ ထင်ရှားသည့် စူပါမားကတ်နှင့် ကုန်တိုက်များမှာ City Mall St.John၊ Junction Mawtin နှင့် City Mart တို့ ဖြစ်သည်။ ဖျော်ဖြေရေးအတွက် JCGV City Mall [St. John]၊ JCGV Junction Mawtinနှင့် မင်္ဂလာစံပြရုပ်ရှင်ရုံ ရှိသည်။ ကြက်တောင်အားကစားအတွက် အမျိုးသားကြက်တောင်အဖွဲ့ချုပ် ရုံးခန်းနှင့် အမျိုးသားကြက်တောင် အားကစားရုံတို့ ရှိသည်။

စွမ်းအင်ကဏ္ဍတွင် သူရိယစွမ်းအင် ဓာတ်ဆီ၊ ဒီဇယ်အရောင်းဆိုင် တစ်ဆိုင်ရှိသည်။ သဘာဝဓာတ်ငွေ့ အရောင်းဆိုင် မရှိချေ။

လမ်းမတော်မြို့နယ်တွင် ဟိုတယ် (၂၁)ခု တည်ရှိပြီး  ပုဂ္ဂလိကပိုင် အမ်ဂျီအမ် ဟိုတယ်သည် အခန်းပေါင်း (၃၀၀)ခန်းရှိပြီး အခန်းအများဆုံး ဟိုတယ် ဖြစ်သည်။  ကျန်သည့် ဟိုတယ်များတွင် အခန်း (၁၁၅)ခန်း ရှိသည့် Panda ဟိုတယ်သည် အခန်း ဒုတိယအများဆုံး ဖြစ်ပြီး အခန်း (၉၆)ခန်းရှိသည့် Diamond Crown ဟိုတယ်သည် အခန်း တတိယအများဆုံးဖြစ်သည်။

အစိုးရပညာရေးကဏ္ဍတွင် ဆေးတက္ကသိုလ်(၁)(ရန်ကုန်)နှင့်  သူနာပြုတက္ကသိုလ် တို့  တည်ရှိသည်။ မူလတန်းကျောင်း (၄)ခု၊ အလယ်တန်းကျောင်း (၁)ခု၊  အထက်တန်းကျောင်း (၂)ခု ရှိသည်။ အစိုးရကျန်းမာရေးကဏ္ဍတွင် ကျောက်ကပ်ဆေးရုံဟု လူသိများသည့် ကုတင် ၅၀၀ အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၊ ဂျပန်ဆးရုံဟု လူသိများသည့် ကုတင် ၂၀၀ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ ဂျမခါနာဟု လူသိများသည့် ဗဟိုအမျိုးသမီးဆေးရုံကြီးတို့ ရှိသည်။  ပုဂ္ဂလိကကဏ္ဍတွင် ဗဟိုရ်စည်ဆေးရုံ၊ Green Cross ဆေးရုံ ၊ သုခဝတီဆေးရုံနှင့် ရွှေလမင်းဆေးရုံတို့ ရှိသည်။


Lanmadaw Demographic & Economic Activities


Total Population 47,160*
Males 29,180
Females 26,980
Sex Ratio 75 males per 100 females
Percentage Of Urban Population 100.0%
Area (km2) 1.4**
Population Density (persons per km2) 33487.0
Number Of wards 12
Number Of Village Tracts -
Total Urban Rural
Population In Conventional HouseHolds 36,302 36,302
Number Of Convetional Households 8,599 8,599
Mean Household Size 4.2 persons***
  • •In Lanmadaw Township, there are more females than males with 75 males per 100 females.
    •The entire population in the Township lives in urban areas.
    •The population density of Lanmadaw Township is 33,487 persons per square kilometre.
    •There are 4.2 persons living in each household in Lanmadaw Township. This is slightly less than to the Union average.
  • * Includes both household population and institution population.
    ** Settlement and Land Record Department, Ministry of
         Agriculture, Livestock and Irrigation, (2014-2015)
    *** Calculated based on conventional household population

Business Sectors Total Business Total Employees
Productions 22 378
Retails 559 3078
Wholesales 745 8247
Services 979 11967
Trading 80 1379
Township Total 2385 25049






News & Info : FDA မှ ဈေးကွက်၌ ရောင်းချလျက်ရှိသော အစားအသောက်များကို စစ်ဆေးရာတွင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ပါဝင်ပစ္စည်းများ အသုံးပြုထားသောကြောင့် စားသုံးရန်မသင့်ကြောင်း အစားအသောက် (၃၃) မျိုးကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ News & Info : OMNI FOCUS ကုမ္ပဏီမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် အောင်မင်္ဂလာအဝေး ပြေး ယာဉ်ရပ်နားဝင်း၊ ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားဝင်းတို့ကို ချိတ်ဆက်ပြေးဆွဲမည့် Airport Shuttle ယာဉ်လိုင်းအသစ်ကို ယခု လအတွင်း ယာဉ်အစီး နှစ်ဆယ်ဖြင့် စတင်ပြေးဆွဲမည် ဖြစ်သည်။ News & Info : ရန်ကုန်- မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် စီမံကိန်းဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် ပဲခူး-ညောင်လေးပင်-တောင်ငူ လမ်းပိုင်းကို ပထမဦးစားပေးအနေဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။ News & Info : အိန္ဒိယနိုင်ငံက ဆောင်ရွက်နေသည့် ကုလားတန်ဘက်စုံ သုံးစီမံကိန်း၏ ပလက်ဝနှင့် စစ်တွေဆိပ်ကမ်းများ လုပ်ဆောင်ခွင့်ရကုမ္ပဏီများကို လာမည့် ဒီဇင်ဘာတွင် ထုတ်ပြန်ကြေညာမည်ဟု အိန္ဒိယပြည်တွင်းရေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားခဲ့ပါတယ်။ News & Info : ပြည်သူတွေ ခရီးသွားလာရေး ပိုမိုအဆင်ပြေစေဖို့အတွက် ရန်ကုန် မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု ဆောင်ရွက်နေတာဟာ အခုဆိုရင် စီမံကိန်းတစ်ခုလုံးရဲ့ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ News & Info : ၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများအနေဖြင့် ၄င်းတို့ဝင်ခွင့်ရ တက္ကသိုလ်များတွင် နိုဝင်ဘာ (၁၈) ရက်မှ ဒီဇင်ဘာ (၁၃) ရက်အတွင်း ကျောင်းအပ်ရမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာထားသည်။ News & Info : ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်တံတားအမှတ်(၁)တွင် Bearing နှင့် Expansion Joint လဲလှယ်ခြင်းအား ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၉ ရက်တွင် လုပ်ငန်းအားလုံးပြီးစီးမည်ဖြစ်ပြီး ယာဉ်များအား နိုဝင်ဘာ ၃၀ ရက် နေ့လည်ပိုင်းမှစ၍ ပြန်လည်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း လမ်းတံတားဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပါသည်။ Promotion : G & G ရဲ့ တန်မှတန်တဲ့ Monthly Savings Promotion ကို နိုဝင်ဘာ ၁ လ လုံး ကိုယ်လိုချင်တဲ့ ပစ္စည်းလေးဝယ်ယူရင်း Promotion ရယူနိုင်ပါပြီ။ News & Info : YBS ယာဉ်​စီးခ​ငွေကို ကတ်ဖြင့်ပေးချေသည့်စနစ်အား ယာဉ်​လိုင်းအားလုံးတွင် ဒီဇင်​ဘာလကုန်၌ အပြီးတပ်​ဆင်​မည်​ဖြစ်​ပြီး အဆိုပါကတ်တစ်သိန်းကို G&G Convenience Stor ဆိုင်​များ၌ စတင်​​ရောင်းချ​မည်​ဖြစ်​​ကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီး အများပြည်​သူသယ်​ယူပို့​ဆောင်​​ရေး ကြီးကြပ်​ကွပ်ကဲမှု အာဏာပိုင်​အဖွဲ့ (YRTA ) မှ သိရှိရပါသည်။ Events : ခရီးသွားလုပ်ငန်းရှင်များအတွက် SME ချေးငွေ ဝန်ဆောင်မှု မိတ်ဆက်ခြင်း အခမ်းအနား (SME Loans of Myanma Tourism Bank 2019) ကို နိုဝင်ဘာလ (၂၃)ရက်နေ့ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ရှိ Panda Hotel (Ruby Hall 12th Floor) တွင် ပြုလုပ် ကျင်းပသွားပါမည်။

For Your Information

Start Your Campaign Today


All about Lanmadaw


Pyithu Hluttaw
: U Khin Maung Win
: +95 9 73037839

Amyotha Hluttaw
: Dr Maung Maung

Region Hluttaw (Twsp-1)
: U Thaung Kyi

Region Hluttaw (Twsp-2)
: U Kyaw Htun
: +95 9 4210 71224

Committee Member
: U Soe Lwin
: +95 9 250 026 647

Township Chairman
: U Win Myint
: +95 9 450 024 040

Township Member 1
: U Soe Min Thu
: +95 9 501 6731

Township Member 2
: U Nay Lin Tun
: +95 9 426 888 834

Township Member 3
: U Moe Tun Win
: +95 9 261 708 969

Secretary
: U Kyaw Aye
: +95 9 977 275 117


Useful Information




Yangondirectory
Octagon International Services Co., Ltd.
Category : Building Materials
Address : 584, Strand Rd., Corner of 7th St.,
Phones : 09-8631438, 09-255112199


Yangondirectory
JIN HUA Packaging & Printing Co., Ltd.
Category : Bottle Caps & Seals
Address : 60, 1st Flr, 5th St.,
Phones : 09-5031829, 09-73052125, 01-221667


Yangondirectory
VSK International Co., Ltd.
Category : Air Conditioning Equipment Sales & Repair
Address : 47/49, Phone Gyee St., Middle Block,
Phones : 09-457185886, 01-2303013, 01-2303014, 09-256497454


Yangondirectory
Sein Than Agro Industry Co., Ltd.
Category : Warehouses [Bean/Pulse]
Address : 17-18, Bahosi Housing,
Phones : 01-225072, 01-223493, 01-212881


Yangondirectory
Octagon International Services Co., Ltd.
Category : Lifts & Escalators
Address : 584, Strand Rd., Corner of 7th St.,
Phones : 09-8631438, 09-255112199