Lanmadaw Township is located in the western part of downtown Yangon and shares borders with Ahlone Township in the west, Latha Township in the east, Seikkan Township and Yangon River in the south, and Dagon Township in the north. It consists of twelve wards and is home to four primary schools, one middle school and two high schools. Lanmadaw and Latha townships make up the Yangon Chinatown. Lanmadaw Township is home to Yangon Institute of Nursing and University of Medicine 1, Yangon.
Near around 2,400 businesses situated in this area, nearly around 25,000 employees working in these respective businesses, it has total 12 Wards, Area: 1.4 sq km – Density: 33,487/sq km, Total Population 47,160 people living in this township. Postal codes 11131
လမ်းမတော်မြို့နယ် သည် လမ်းမတော် ဟူသည့် အဓိကျသော လမ်း၏ အမည်ကို အကြောင်းပြုပြီး လမ်းမတော်မြို့နယ်ဟု အမည်တွင်သည်။ လမ်းမတော်လမ်းမှ အောင်ရတနာလမ်းအထိ တည်ရှိသော လမ်းမတော်မြို့နယ် ပတ်ပတ်လည်တွင် လသာမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ အလုံမြို့နယ်နှင့် ဒဂုံမြို့နယ်တို့က ဝန်းရံထားသည်။ အကျယ်အဝန်း သုည ဒသမ ၅၄၄ စတုရန်းမိုင် ရှိသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ ၂၀၁၇ ခုနှစ် မတ်လကုန်တွင် လူနေအိမ်ခြေ (၂ ၀၅၉)ခု ရှိပြီး အိမ်ထောင်စု (၇ ၈၀၀)စု ရှိသည်။ လူဦးရေမှာ (၃၇ ၂၃၈)ဦး ရှိသည်။
ရပ်ကွက် (၁၂)ခုဖြင့် ဖွဲ့စည်းထားပြီး အမှတ် (၁)ရပ်ကွက်၊ အမှတ် (၂)ရပ်ကွက် စသဖြင့် အမှတ် (၁၂)ရပ်ကွက်အထိ အမှတ်စဉ်ထိုးပြီး သတ်မှတ်ပေးထားသည်။ မြို့နယ်အတွင်း လုပ်ငန်းပေါင်း (၂ ၄၀၀)ကျော် ရှိပြီး လုပ်သားအင်အားးစု (၂၅ ၀၀၀)ဦးဝန်းကျင် ရှိကြောင်း Business Collection Group (BCG) မှ ကောက်ခံထားသော အချက်အလက်များအရ သိရသည်။
အချိုရည်နှင့် ရေသန့်ဘူး စီးပွားရေးနယ်ပယ်တွင် ထင်ရှားသည့် လွယ်ဟိန်းကုမ္ပဏီ ရုံးချုပ်တည်ရှိသည်။ အသင်းအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ စီပွားရေးကဏ္ဍတွင် အထင်ကရဖြစ်သော မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများ၏ ရုံးခန်းများ ရှိသည်။
မီးရထားလမ်းပိုင်းသည် လမ်းမတော်မြို့နယ်တွင် ၁ မိုင်ဝန်းကျင် အလျားရှိပြီး လမ်းမတော်မြို့နယ် မြောက်နယ်နိမိတ်မျဉ်းတစ်လျှောက် ရှမ်းလမ်းဘူတာမှ လမ်းမတော်ဘူတာအထိ တည်ရှိသည်။မော်တင်တွင် ဝိုင်ဘီအက်စ် ဘတ်စ်ကားလိုင်း ၂၁ နှင့် ၃၉ တို့၏ ဂိတ်ဖျား တည်ရှိသည်။ မော်တင်မှတ်တိုင်သို့ ဝိုင်ဘီအက်စ်လိုင်း ၂ဝ၊ ၃၅၊ ၅၆၊ ၅၇၊ ၅၈၊ ၈၉၊ ၉၈ တို့ ပြေးဆွဲလျက် ရှိသည်။ ကားပြောင်းစီးလေ့ရှိသည့် မှတ်တိုင် နှစ်ခု ဖြစ်သည့် စံပြမှတ်တိုင်သို့ ၂၁၊ ၃၅၊ ၃၉၊ ၇၈ တို့ ပြေးဆွဲပြီး သရက်တောကျောင်းတိုက် မှတ်တိုင်သို့ ၂ဝ၊ ၃၇၊ ၅၆၊ ၉၄၊ ၉၈ တို့ ပြေးဆွဲသည်။
စာပို့သင်္ကေတ အမှတ်မှာ ၁၁၁၃၁ ဖြစ်သည်။
ထင်ရှားသည့် ဈေးများမှာ စားသောက်ကုန်များ လက်ကားဖြန့်သည့် ညောင်ပင်လေးဈေးနှင့် မော်တင်ဈေးတို့ ဖြစ်သည်။ ထင်ရှားသည့် စူပါမားကတ်နှင့် ကုန်တိုက်များမှာ City Mall St.John၊ Junction Mawtin နှင့် City Mart တို့ ဖြစ်သည်။ ဖျော်ဖြေရေးအတွက် JCGV City Mall [St. John]၊ JCGV Junction Mawtinနှင့် မင်္ဂလာစံပြရုပ်ရှင်ရုံ ရှိသည်။ ကြက်တောင်အားကစားအတွက် အမျိုးသားကြက်တောင်အဖွဲ့ချုပ် ရုံးခန်းနှင့် အမျိုးသားကြက်တောင် အားကစားရုံတို့ ရှိသည်။
စွမ်းအင်ကဏ္ဍတွင် သူရိယစွမ်းအင် ဓာတ်ဆီ၊ ဒီဇယ်အရောင်းဆိုင် တစ်ဆိုင်ရှိသည်။ သဘာဝဓာတ်ငွေ့ အရောင်းဆိုင် မရှိချေ။
လမ်းမတော်မြို့နယ်တွင် ဟိုတယ် (၂၁)ခု တည်ရှိပြီး ပုဂ္ဂလိကပိုင် အမ်ဂျီအမ် ဟိုတယ်သည် အခန်းပေါင်း (၃၀၀)ခန်းရှိပြီး အခန်းအများဆုံး ဟိုတယ် ဖြစ်သည်။ ကျန်သည့် ဟိုတယ်များတွင် အခန်း (၁၁၅)ခန်း ရှိသည့် Panda ဟိုတယ်သည် အခန်း ဒုတိယအများဆုံး ဖြစ်ပြီး အခန်း (၉၆)ခန်းရှိသည့် Diamond Crown ဟိုတယ်သည် အခန်း တတိယအများဆုံးဖြစ်သည်။
အစိုးရပညာရေးကဏ္ဍတွင် ဆေးတက္ကသိုလ်(၁)(ရန်ကုန်)နှင့် သူနာပြုတက္ကသိုလ် တို့ တည်ရှိသည်။ မူလတန်းကျောင်း (၄)ခု၊ အလယ်တန်းကျောင်း (၁)ခု၊ အထက်တန်းကျောင်း (၂)ခု ရှိသည်။ အစိုးရကျန်းမာရေးကဏ္ဍတွင် ကျောက်ကပ်ဆေးရုံဟု လူသိများသည့် ကုတင် ၅၀၀ အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၊ ဂျပန်ဆးရုံဟု လူသိများသည့် ကုတင် ၂၀၀ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ ဂျမခါနာဟု လူသိများသည့် ဗဟိုအမျိုးသမီးဆေးရုံကြီးတို့ ရှိသည်။ ပုဂ္ဂလိကကဏ္ဍတွင် ဗဟိုရ်စည်ဆေးရုံ၊ Green Cross ဆေးရုံ ၊ သုခဝတီဆေးရုံနှင့် ရွှေလမင်းဆေးရုံတို့ ရှိသည်။