Latha Township is located in the western part of downtown Yangon and shares borders with Lanmadaw township in the west, Pabedan township in the east, Seikkan township and Yangon river in the south, and Dagon township in the north. It consists of 10 wards and is home to three primary schools, one middle school and two high schools. Lanmadaw and Latha Townships make up the Yangon Chinatown.
Over 2,000 businesses situated in this area, nearly around 12,200 employees working in these respective businesses. Area: 0.8 sq km – Density: 30,804/sq km, Total Population 25,057 people living in this township. Postal codes 11131

လသာမြို့နယ် သည် လသာလမ်းကို အကြောင်းပြုပြီး တွင်သောအမည်ဖြစ်သည်။ လသာလမ်းသည် ဗြိတိသျှကပ္ပတိန် လတ္တာကို အစွဲပြုပြီး တွင်သောအမည် ဖြစ်သည်။ ကပ္ပတိန်လတ္တာသည် အင်္ဂလိပ်-မြန်မာ စစ်ပွဲ ပေါ်ပေါက်ရန် သွေးထိုးလှုံ့ဆော်ခဲ့သူ ဖြစ်သည်။ ဗြိတိသျှလက်အောက်သို့ ရန်ကုန်မြို့ ကျရောက်သွားသောအခါ ပေတရာလမ်းကျယ်ကို လတ္တာလမ်း၊ ၎င်းနေရာတစ်ဝိုက်ကို လတ္တာအရပ်ဟု ခေါ်ဝေါ်ကြသည်။ ထို့နောက် အလွယ်ခေါ်ကြရမှ လသာလမ်း၊ လသာအရပ်ဟူ၍ ဖြစ်လာသည်။ ဗမာအမည် ဖြစ်နေသဖြင့် အင်္ဂလိပ်အမည်ရှိ လမ်းများကို မြန်မာအမည်ပြောင်းလဲရာတွင် (ဥပမာ ဖရေဇာလမ်းကို အနော်ရထာလမ်းဟု ပြောင်းခြင်း) လသာကို အမည်ပြောင်းလဲခြင်း မရှိခဲ့ပေ။၁၉၅၈ ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တွင် လသာဒေသစိတ်အဖြစ် တည်ရှိခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် လသာမြို့နယ်အဖြစ် ရပ်ကွက် (၁၀)ခုဖြင့် သတ်မှတ်ပြဋ္ဌာန်းခဲ့သည်မှာ ယခုတိုင် ဖြစ်သည်။
မြောက်ဘက်တွင် မြို့ပတ်မီးရတားလမ်းက နယ်နိမိတ် စည်းတားပေးထားသည်။ ရထားလမ်း၏ ဟိုမှာဘက်တွင် ဒဂုံမြို့နယ် ရှိသည်။ အရှေ့ဘက်တွင် ရွှေတိဂုံဘုရားလမ်းက နယ်နိမိတ် စည်းတားပေးထားပြီ ဟိုမှာဘက်တွင်
ပန်းဘဲတန်းမြို့နယ် ရှိသည်။ တောင်ဘက်တွင် ကမ်းနားလမ်းက နယ်နိမိတ်စည်းတားပေးထားပြီး အခြားတစ်ဘက်တွင်
ဆိပ်ကမ်းမြို့နယ် ရှိသည်။ အနောက်ဘက်တွင် လမ်းမတော်လမ်းရှိပြီး
လမ်းမတော်မြို့နယ်နှင့်
ဆိပ်ကမ်းမြို့နယ်တို့ ရှိသည်။ ထိုသို့ ရထားလမ်း၊ ကားလမ်းအဖြောင့်များဖြင့် နယ်နိမိတ် စည်းသတ်ထားသဖြင့် လသာမြို့နယ်၏ ပုံပန်းသဏ္ဌာန်သည် ထောင့်မှန်စတုဂံပုံဆန်ဆန်ဖြစ်သည်။
လသာမြို့နယ်သည် အကျယ်အဝန်း သုည ဒသမ ၃၁၄ စတုရန်းမိုင် ရှိသည်။ ရပ်ကွက် (၁၀)ခု ပါဝင်ပြီး အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက် စသဖြင့် အမှတ်(၁၂)ရပ်ကွက်အထိ အမှတ်စဉ်ထိုးပြီး သတ်မှတ်ပေးထားသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ ၂၀၁၇ ခုနှစ် မတ်လကုန်တွင် အိမ်ခြေ (၉၆၅)ခုရှိပြီး အိမ်ထောင်စု (၅ ၅၆၃)စု နေထိုင်သည်။ လူဦးရေ (၂၇ ၃၄၁)ဦး ရှိသည်။
လသာမြို့နယ်တွင် စီးပွားရေးလုပ်ငန်း (၂ ၀၀၀)ကျော် ရှိပြီး လုပ်သားအင်အားစု (၁၂ ၂၀၀)ဦးဝန်းကျင် လုပ်ကိုင်လျက်ရှိသည်ဟု Business Collection Group (BCG)၏ အချက်အလက်များအရ သိရသည်။ သံဈေးနှင့် သိမ်ကြီးဈေးတို့သည် လက်လီလက်ကား ရောင်းဝယ်ဖောက်ကားသည့် အထင်ကရ ဈေးကြီးများ ဖြစ်သည်။ ကုန်တိုက်အနေဖြင့် ဂမုန်းပွင့် ကုန်တိုက်တစ်ခု ဖွင့်လှစ်ထားသည်။ အထင်ကရရွှေဆိုင်ကြီးများ အပါအဝင် ရွှေဆိုင်ပေါင်း (၅၀)ကျော် ဖွင့်လှစ်လုပ်ကိုင်လျက် ရှိသည်။ အိမ်သုံးနှင့် လုပ်ငန်းသုံး လျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းအမျိုးမျိုး ထုတ်လုပ်သည့် ကုမ္ပဏီများ၏ အရောင်းပြခန်းများ အပါအဝင် လျှပ်စစ်ပစ္စည်းဆိုင်ပေါင်း (၉၀)ကျော် ရှိသည်။ဟိုတယ် (၁၁)ခု ရှိပြီး အများစုမှာ ကြယ်နှစ်ပွင့်အဆင့်ရှိ ဟိုတယ်များ ဖြစ်သည်။ Best Western Chinatown ဟိုတယ်သည် အခန်းပေါင်း (၁၅၀)ရှိပြီး အခန်းအများဆုံး ဟိုတယ် ဖြစ်သည်။
လသာမြို့နယ်သို့ ရောက်ရှိသည့် ဝိုင်ဘီအက်စ် ဘတ်စ်ကားလိုင်းများ ၂ဝ၊ ၃၇၊ ၅၈၊ ၉၈ တို့ ဖြစ်သည်။ မြို့ပတ်ရထားလမ်းပိုင်းမှာ ရွှေတိဂုံဘုရားလမ်းမှ လမ်းမတော်လမ်းအထိ ဖြစ်သည်။ စာပို့သင်္ကေတ အမှတ်မှာ ၁၁၁၃၁ ဖြစ်သည်။
![]()
![]()

![]()
အစိုးရ ပညာရေးကဏ္ဍတွင် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်၊ မူလတန်းကျောင်း (၃)ခု၊ အလယ်တန်းကျောင်း (၁)ခုနှင့် အထက်တန်းကျောင်း (၂)ခု တို့ ရှိသည်။
ကျန်းမာရေးကဏ္ဍတွင် ရန်ုကုန်မြို့၏ သမိုင်းဝင်အထင်ကရဖြစ်သော ကုတင် (၁ ၅၀၀)ဆန့် အစိုးရပိုင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တည်ရှိသည်။
သမိုင်းဝင် အဆောက်အဦများမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထက(၁)နှင့် အထက(၂) တို့ ဖြစ်သည်။