Mayangone Township is located in the northern part of Yangon. The township comprises ten wards and shares borders with Insein Township and Mingalardon Township in the north, North Okkalapa Township and Yankin Township in the east, the Hlaing river and Hlaing Thar Yar Township in the west, and Hlaing Township in the south. The township has 30 primary schools, seven middle schools and five high schools.
Near around 8,000 businesses, total over 72,365 employees working in these respective businesses, Over 60% of businesses located in the Ward 1 & Ward 2. Total Area: 25.34 sq km – Density: 7,819/sq km, Total Population 198,113 people living in this township. Postal Codes – 11061, 11062, 11063
မရမ်းကုန်းမြို့နယ် သည် မြောက်ပိုင်းခရိုင်တွင် ပါဝင်ပြီး ပတ်ပတ်လည်တွင် ရန်ကင်းမြို့နယ် (၈)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ် (၄)ရပ်ကွက်၊ ငမိုးရိပ်ချောင်း၊ မြောက်ဥက္ကလာပမြို့နယ် (၁)ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ် ကြံခင်းစု၊ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက်၊ လှိုင်မြစ်၊ လှိုင်မြို့နယ် (၁၅)ရပ်ကွက်၊ အင်းယားကန်၊ ကမာရွတ်မြို့နယ် (၉)ရပ်ကွက်၊ ဗဟန်းမြို့နယ် ရွှေတောင်ကြား(၁)ရပ်ကွက်တို့ ဝန်းရံထားသည်။
ရှေးယခင်က စော်ဘွားလေးရွာ၊ ရွာတန်းရှည်၊ ချော်တွင်းကုန်းရွာ၊ ရေကူးရွာ၊ ကိုးမိုင်ရှမ်းရွာ၊ ဘိုကုန်းရွာ၊ သမိုင်းကုန်းရွာ၊ ပန်းပင်ကုန်းရွာ၊ ဇွဲစုံရွာ၊ ကျောက်ရေတွင်းရွာ စသည့် ရွာငယ်များ တည်ရှိခဲ့သည်။ မရမ်းကုန်းမြို့နယ် ဖြစ်လာမည့် ဒေသတဝိုက်သည် အင်းစိန်ခရိုင်ထဲတွင် ပါဝင်ခဲ့သည်။ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်၌ နယ်နိမိတ်သတ်မှတ်ချက်များ ပြင်ဆင်ပြဋ္ဌာန်းခဲ့ရာ ၁၉၆၄ ခုနှစ် ဇန်န၀ါရီလတွင် ပြဋ္ဌာန်းသော ရန်ကုန်မြူနီစပယ် နယ်နိမိတ်တွင် မရန်းကုန်းဒေသသည် ရန်ကုန်တိုင်းအတွင်း ပါဝင်သည်။ ထိုမှတဖန် ဗဟိုလုံခြုံရေးကော်မတီက ၁၉၆၆ ခုနှစ်တွင် ဒေသစိတ်များ ပိုင်းခြားသတ်မှတ်ရာ မရမ်းကုန်း ဒေသစိတ် ဖြစ်လာခဲ့သည်။ ထို့နောက် ၁၉၇၂ ခုနှစ်တွင် မြို့နယ်များ ပိုင်းခြားသတ်မှတ်ခဲ့ရာ၌ မရမ်းကုန်းမြို့နယ် အဖြစ်သို့ ရောက်ရှိခဲ့သည်မှာ ယခုတိုင် ဖြစ်သည်။ Google မြေပုံတွင် ကြည့်မည်ဆိုပါက X အက္ခရာနှင့် ဆင်ဆင်တူသော ပုံပန်းသဏ္ဌာန်ရှိပြီး စုစုပေါင်း အကျယ်အဝန်းမှာ ၉ ဒဿမ ၇၈၂ စတုရန်းမိုင် ဖြစ်သည်။
မြေမျက်နှာပြင် အနေအထားကို ကြည့်မည်ဆိုပါက အရှေ့ဘက်ခြမ်းသည် အနောက်ဘက်ခြမ်းထက် ပိုမြင့်သည်။ အမြင့်ဆုံးနေရာမှာ အရှေ့မြောက်ပိုင်းတွင် တည်ရှိသည်။ အရှေ့ဘက်ကုန်းမြင့်သည် မြို့နယ်ဧရိယာ၏ ထက်ဝက်ဝန်းကျင် ကျယ်သည်။ အနိမ့်ပိုင်းတွင် တည်ရှိသည့် ရပ်ကွက် အမှတ် (၁)(၂)(၃)(၄)နှင့် (၆) တို့သည် မုတ်သုန်ရာသီ မိုးများသောအခါ ရေလျှံရေကြီးသည့် သဘာဝဘေးအန္တရာယ် ရှိသည်။ မြို့နယ်ရှိ ထင်ရှားသော မြစ်ချောင်းများမှာ လှိုင်မြစ်၊ ရိုးကြီးချောင်း၊ သမိုင်းချောင်း၊ ငမိုးရိပ်ချောင်း၊ ဇွဲစုံချောင်း တို့ ဖြစ်သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ မရမ်းကုန်းမြို့နယ်၏ ၂၀၁၇ ခုနှစ်ကုန်ရှိ လူဦးရေ အခြေအနေမှာ (၁၈၉ ၁၂၁)ဦး ရှိပြီး ကျား (၉၀ ၀၅၁)ဦးနှင့် မ (၉၉ ၇၇၀)ဦး ဖြစ်သည်။ လူဦးရေ တိုးနှုန်းမှာ သုညဒဿမ ၆၄ ရာခိုင်နှုန်း ဖြစ်သည်။ Business Collection Group (BCG) ၏ အချက်အလက်များအရ မရန်းကုန်းမြို့နယ်တွင် စီပွားရေးလုပ်ငန်းပေါင်း (၈ ၀၀၀)ဝန်းကျင်ရှိပြီး လုပ်သားအင်အား (၇၂ ၃၆၅)ဦး တို့သည် ၎င်း စီးပွားရေုးလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသည်။ အုပ်ချုပ်ရေး နယ်မြေ ဖွဲ့စည်းပုံအရ ရပ်ကွက် (၁၀)ခု ရှိရာ၌ လုပ်ငန်းစုစုပေါင်း အရေအတွက်၏ (၆၀)ရာခိုင်နှုန်းကျော်သည် ရပ်ကွက် အမှတ်(၁၀)နှင့် (၂) တို့တွင် တည်ရှိ သည်။
အစိုးရ မူလတန်းကျောင်း (၂၆)ကျောင်း၊ အလယ်တန်းကျောင်း (၇)ကျောင်း၊ အထက်တန်းကျောင်း (၅)ကျောင်း ရှိသည်။ အစိုးရပိုင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင် နှစ်ဆိုင်ရှိပြီး တည်နေရာမှာ သမိုင်းလမ်းဆုံအနီးနှင့် မင်းဓမ္မလမ်းတို့တွင် ဖြစ်သည်။ ဓာတ်ဆီ ဒီဇယ်ဆီ အရောင်းဆိုင်များမှာ ပုဂ္ဂလိကပိုင် ဆိုင် (၂)ဆိုင်ရှိပြီး New Day နှင့် Terminal တို့ ဖြစ်သည်။
မြို့ပတ်ရထားလမ်းပိုင်းမှာ မြို့သစ်ဘူတာအနီး ပါရမီထိပ်မှ သမိုင်းမြို့ဘူတာအနီး အုပ်ပုံဆိပ်အထိ ဖြစ်သည်။ ဘတ်စ်ကားလိုင်များတွင် ဖြတ်သန်းသွားလာမှုများပြားသည့် သမိုင်းလမ်းဆုံသို့ ၂၁၊ ၃၉၊ ၄၁၊ ၆၁၊ ၆၁၊ ၆၅၊ ၇၇၊ ၇၈၊ ၈၆ တို့ ပြေးဆွဲပြီး ၈မိုင်လမ်းဆုံသို့ ၁၅၊ ၁၆၊ ၁၉၊ ၇၇၊ ၇၉၊ ၈၃၊ ၈၈ တို့ ပြေးဆွဲသည်။ အဝေးပြေးယာဉ်များသည် ပါရမီလမ်းနှင့် ရန်ကုန်အင်းစိန် လမ်းထောင့် ဘုရားလမ်း မှတ်တိုင်အနီးတွင် ခရီးသည်များ တင်သည်။ မရမ်းကုန်းမြို့နယ်တွင် အရှည်လျားဆုံး တံတားမှာ ၁၉၉၆ ခုနှစ်တွင် တည်ဆောက်ခဲ့သော ဘုရင့်နောင်တံတား ဖြစ်သည်။ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး အလျား (၁ ၆၄၀)ပေ ရှည်လျားသည်။ မော်တော်ယာဉ်များ သွားလာရန်အတွက်သာ ဖြစ်သည်။ ရထားလမ်း မပါပေ။
မရမ်းကုန်းမြို့နယ်တွင် အခန်းအများဆုံး ရှိသည့် ဟိုတယ်မှာ ကြယ်ငါးပွင့်အဆင့်ရှိ ရန်ကုန်ဟိုတယ် ဖြစ်ပြီး အခန်း ဒုတိယအများဆုံး ဟိုတယ်မှာ ကြယ်ငါးပွင့်အဆင့်ရှိ အင်းယားလိပ် ဟိုတယ်ဖြစ်သည်။ အခန်း တတိယအများဆုံး ဟိုတယ်မှာ ကြယ် သုံးပွင့်ခွဲ အဆင့်ရှိ ဂရင်းပဲလေ့စ် ဟိုတယ်ဖြစ်သည်။ ထင်ရှားသည့် အပန်းဖြေပန်းခြံများမှာ မြိုင်ဟေဝန်နှင့် မြကျွန်းသာ တို့ ဖြစ်သည်။
ဆန်ဆီ၊ ပ၊ဲ ကြက်သွန်၊ အာလူး၊ ငရုတ်၊ ဓာတ်မြေသြဇာ အစရှိသည်တို့ ရောင်းဝယ်ဖောက်ကားသည့် ကုန်စည်ဒိုင်သည် ကံကော်လမ်းမကြီး ဘုရင့်နောင်ပွဲရုံတန်းတွင် တည်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး စက်မှုကုန်သည်အသင်းမှ ကြီးမှူးလုပ်ကိုင်လျက် ရှိသည်။ စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ ဈေးများတွင် ကမ္ဘာအေးဈေး၊ ဇေယျာခေမာဈေး၊ ဘုရင့်နောင်ဈေး၊ မြဂန္ဓာမာဈေး၊ မြရတနာဈေး၊ မြစပါယ်ဈေး တို့ ပါဝင်သည်။
ကျန်းမာရေးကဏ္ဍတွင် ထင်ရှားသည့် ဆေးရုံများမှာ ပုဂ္ဂလိကပိုင်ဆေးရုံများ ဖြစ်ကြသည့် ကုတင် (၉၀)ဆန့် ဝိတိုရိယဆေးရုံ နှင့် (၇၅)ကုတင်ဆန့် ပါရမီ ဆေးရုံ၊ အစိုးရပိုင် ဆေးရုံများ ဖြစ်ကြသည့် ကုတင် (၅၀)ဆန့် အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ နှင့် ကုတင် (၅၀)ဆန့် သံဃာ့ဆေးရုံ (ကမ္ဘာအေး) တို့ဖြစ်သည်။
ထင်ရှားသည့် စေတီများမှာ ကမ္ဘာအေးစေတီ၊ ကျိုက်ဝိုင်းစေတီနှင့် စွယ်တော်မြတ်စေတီတို့ ဖြစ်သည်။ မဟာပါသဏလှိုဏ်ဂူတော်သည် သမိုင်းဝင်နေရာတစ်ခု ဖြစ်သည်။