Mingalar Taung Nyunt Township is a township of Yangon located in the east-central part of the city, the township consists of 20 wards and shares borders with Dagon Township in the west, Bahan township in the north, Botahtaung Township in the south, Kyauktada Township in the southwest, and the Pazundaung Creek and Dawbon Township in the east. With nearly 100,000 residents, it is one of the most populous townships in the city. Mingalar Taungnyunt has twenty-two primary schools, two middle schools and six high schools.
Near around 6,600 businesses, total around 43,000 employees working in these respective businesses, its united with total 20 Wards, Area: 5.1 sq km – Density: 26,171/sq km [2014], Total Population 132,494 people living in this township.
Yangon Central Railway Station and Aung San Stadium are located on the western side of the township, near downtown. Prominent shopping places like Yuzana Plaza and Mingalar market buildings are located in the township. It also hosts attractive parks like Kandawgyi Nature Park and Yangon Zoological Garden. Some of the buildings and structures of "architectural significance" are now designated landmarks by the Yangon City Development Committee.
မင်္ဂလာတောင်ညွှန့်မြို့နယ် သည် တော်လှန်ရေးကောင်စီ လက်ထက်တွင် ရန်ကုန်မြို့ကို အခြေပြုပြီး ရန်ကုန်တိုင်းကို သတ်မှတ်သည့်အခါ ဒေသစိတ်များ ပိုင်းခြားသတ်မှတ်ခဲ့ရာ၌ မင်္ဂလာတောင်ညွှန့်ဒေသစိတ် ပါဝင်သည်။ မင်္ဂလာတောင်ညွှန့်ဒေသစိတ်နှင့် တာမွေဒေသစိတ်တို့၏ နယ်မြေဧရိယာကို အမှတ်(၉)နယ်မြေဟု သတ်မှတ်သည်။ ၁၉၇၂ ခုနှစ် ဧပြီလတွင် မင်္ဂလာတောင်ညွှ့န့်ဒေသစိတ်ကို မင်္ဂလာတောင်ညွှန့်နယ်မြေဟု သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။ မင်္ဂလာတောင်ညွှန့်မြို့နယ်၏ အကျယ်အဝန်းမှာ ၁ ဒသမ ၉၅ စတုရန်းမိုင် ဖြစ်သည်။ ပတ်ပတ်လည်တွင် ပုဇွန်တောင်ချောင်းနှင့် ဒေါပုံမြို့နယ်၊ အလံပြဘုရားလမ်းနှင့် ဒဂုံမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ကျောက်တံတားမြို့နယ်၊ လဂွန်းအိမ်တံတားနှင့် တာမွေမြို့နယ်တို့ ဝန်းရံထားသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ်ကို ရပ်ကွက် (၂၀)ခုဖြင့် ဖွဲ့စည်းထားသည်။ ဖို့မြေရပ်ကွက်၊ ကန်တော်ကလေး (အရှေ့)ရပ်ကွက်၊ ကန်တော်ကလေး (မြောက်)ရပ်ကွက်၊ ကန်တော်ကလေး (တောင်)ရပ်ကွက်၊ ကန်တော်ကလေး (အနောက်)ရပ်ကွက်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကျီတော်ရပ်ကွက်၊ လွတ်လပ်ရေးရပ်ကွက်၊ မလွှကုန်းမီးရထားရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်ရပ်ကွက်၊ ပုသိမ်ညွှန့်ရပ်ကွက်၊ စံပြ ဖ-ဆ-ပ-လ ရပ်ကွက်၊ စက်ဆန်းရပ်ကွက်၊ တောင်လုံးပြန်ရပ်ကွက်၊ တောင်ညွှန့်မီးရထားရပ်ကွက်၊ သာယာကုန်းရပ်ကွက်၊ သပြေကုန်းရပ်ကွက်၊ သိမ်ဖြူမီးရထားရပ်ကွက်၊ ဥယျာဉ်ရပ်ကွက်၊ ရေတွင်းကုန်းရပ်ကွက် တို့ဖြစ်သည်။
အမည်အချို့သည် တချိန်က ဖြစ်ရပ်များကို ထင်ဟပ်ထားကြသည်။ ဗြိတိသျှလက်ထက်တွင် ဒီရေ အတက်အကျ ရှိသည့်ပြဿနာကို ဖြေရှင်းရန် တောင်ကုန်းများကို ဖြိုချပြီး မြေဖို့ခဲ့သည်ကို အကြောင်းပြုပြီး ဖို့မြေရပ်ကွက်ဟု အမည်တွင်သည်လည်း ရှိသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်က တောင်ကုန်းအမြင့်တွင် သိမ်ကြီးတစ်ခု တည်ဆောက်ခဲ့ပြီး ထုံးဖြူသုတ်ထားရာ သိမ်ဖြူကြီးအဖြစ် မြင်ရသည်ကို အစွဲပြုပြီး သိမ်ဖြူလမ်း၊ သိမ်ဖြူဈေး၊ သိမ်ဖြူမီးရထားဝင်း စသဖြင့် အမည်တွင်သည်များလည်း ရှိသည်။ ဆူလေးဘုရားကို ဗဟိုပြုပြီး မြို့ကွက် ပုံစံချသည့်အခါ (၁) လမ်းမှ (၈၆) လမ်းအထိ အကွက်ချသည်။ ဘူတာကြီးသည် ရန်ကုန်မြို့၏ မြောက်ဘက်အစွန်တွင် တည်ရှိသည်။ ထိုနေရာတွင် ကွမ်းခြံကြီးများ ရှိသဖြင့် ကွမ်းခြံဘူတာဟု အမည်တွင်သည်။ ထိုစဉ်က ရန်ကုန်မြို့၏ ဆင်ခြေဖုံးရပ်ကွက် ဖြစ်ခဲ့ပေသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ၂၀၁၇ ခုနှစ် မတ်လကုန်တွင် အိမ်ခြေ (၅ ၁၂၉)ခု ရှိပြီး အိမ်ထောင်စု (၂၄ ၉၂၇)စု နေထိုင်သည်။ လူဦးရေမှာ (၁၃၁ ၇၂၉)ဦး ဖြစ်သည်။ Business Collection Group (BCG)မှ အချက်အလက်များအရ စီးပွားရေးလုပ်ငန်း (၆ ၆၀၀)ကျော်ရှိပြီး လုပ်သားအင်အားစု (၄၃ ၀၀၀)ဦး လုပ်ကိုင်လျက် ရှိသည်။ စီးပွားရေးလုပ်ငန်း အများစုမှာ ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သည်။ လက်ကားရောင်းချသည့် ဈေးဆိုင်များ ရှိသည့် ဈေးများဖြစ်သော အဆင့်မြင့်မင်္ဂလာဈေး နှင့် မင်္ဂလာမွန်ဈေး၊ရွှေမင်္ဂလာဈေးတို့သည် အစိုးရပိုင် ဈေးများဖြစ်ပြီး ဈေးဝန်းကြီးတစ်ခုတည်းတွင် ဘေးချင်းကပ်လျက် တည်ရှိသည်။ ဈေးအဆောက်အဦတစ်ခု ဒုတိယအကြိမ် မီးလောင်ပြီးသည့်အခါ ခေတ်မီအထပ်မြင့် ဈေးအဆောက်အဦးတစ်ခုကို တည်ဆောက်လျက်ရှိသည်။ ထိုဈေးဝင်းထဲတွင် ပုဂ္ဂလိကပိုင် ရွှေပြည့်စုံဈေးရှိပြီး ပထမထပ်မှ တတိယထပ်အထိမှာ ဈေးဆိုင်များ ဖြစ်သည်။ ခြောက်လွှာတွင် မြန်မာနိုင်ငံ တလွှားမှ စီးပွားရေးလုပ်ငန်းများ၏ အခြေခံအချက်အလက်များ ကောက်ယူစုစည်းထားသည့် Business Collection Group (BCG) ရှိပြီး ခုနစ်လွှာတွင် Yangon Directory Group ရှိသည်။
ကြက်ဘဲဒိုင်များ ရှိသည့် ကြက်/ဘဲဈေး၊ ဘီလူးမ ရုပ်တုတစ်ခုရှိသည်ကို အကြောင်းပြုပြီး ဘီလူးမဈေးဟု အမည်တွင်ခဲ့ဖူးသည့်ဈေးဖြစ်သည့် ယခု အခေါ် သိမ်ဖြူဈေး၊ မင်္ဂလာတောင်ညွှန့်ဈေး၊ စံပြညဈေးတို့သည် အစိုးရပိုင် ဈေးကြီးများဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍတွင် ယုဇနပလာဇာ၊ တော်ဝင်ပလာဇာနှင့် ရွှေပြည့်စုံဈေးတို့ ရှိသည်။ စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိကပိုင် ဓာတ်ဆီ ဒီဇယ်ဆီ အရောင်းဆိုင် (၆)ဆိုင် ရှိသည်။ ၎င်းတို့မှာ ကောင်းဇော်ဟိန်း၊ နယူးဒေး၊ Max Eneregy၊ 360 Petrol၊ မြဝတီ၊ ဟိုက်ဝေးတို့ ဖြစ်သည်။ နိုင်ငံပိုင် သဘာဝဓာတ်ငွေ့အရောင်းဆိုင် တစ်ဆိုင် ရှိသည်။
ရထားလမ်းအနေဖြင့် ရန်ကုန်ဘူတာကြီးသည် အခြားနယ်များမှ ရန်ကုန်မြို့သို့ ဆိုက်ရောက်သည့် ရထားများ ခရီးဆုံးသည့်နေရာ ဖြစ်သည်။ ဝိုင်ဘီအက်စ် ယာဉ်လိုင်းများတွင် ဗိုလ်တထောင်ဘုရားတွင် ဂိတ်ဆုံးမည့် ဘတ်စ်ကားများ ဖြတ်သန်းသည်။ ယုဇနပလာဇာ(လမ်းကျယ်မှတ်တိုင်)သို့ ၃၊ ၇၊ ၉၊ ၁၃၊ ၂ဝ၊ ၂၅၊ ၂၆၊ ၂၇၊ ၃၃၊ ၄၃၊ ၆၄၊ ၆၅၊ ၇၂၊ ၈၅၊ ၉၇ တို့ ပြေးဆွဲသည်။
စာပို့သင်္ကေတ အမှတ်များမှာ ၁၁၂၂၁ နှင့် ၁၁၂၂၂ တို့ ဖြစ်သည်။
ဟိုတယ်လုပ်ငန်းကဏ္ဍတွင် Rose Garden ဟိုတယ်သည် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ဖြစ်ပြီး အခန်းပေါင်း (၂၄၂)ခန်းဖြင့် အခန်းအများဆုံး ဟိုတယ် ဖြစ်သည်။ ဒုတိယအခန်း အများဆုံးမှာ (၁၅၄)ခန်းရှိသော Pan Pacific ဟိုတယ်ဖြစ်သည်။ အခန်းပေါင်း (၁၇၀) ရှိသည့် ကြယ်လေးပွင့်အဆင့် ကန်တော်ကြီးပဲ့လေ့စ်ဟိုတယ်သည် မီးလောင်ကျွမ်း ပျက်စီးခဲ့သည်။ သို့ဖြစ်ရာ ကြယ်ငါးပွင့်အဆင့်ရှိ Hotel Esperado သည် အခန်းပေါင်း (၁၀၉)ခန်းဖြင့် အခန်း တတိယအများဆုံး ဟိုတယ် ဖြစ်လာသည်။
အပန်းဖြေနေရာများအဖြစ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၊ ကရဝိတ်ဥယျာဉ်ကမ္ဘာ၊ ဗိုလ်ချုပ်ပန်းခြံ၊ ကန်တော်ကြီးဥယျာဉ်တို့ ရှိသည်။ ထင်ရှားသည့် အဆောက်အဦများမှာ ရန်ကုန်ဘူတာကြီး၊ ကရဝိတ်နန်းတော်၊ အောင်ဆန်းအားကစားကွင်းတို့ ဖြစ်သည်။
အစိုးရပညာရေးကဏ္ဍတွင် မူလတန်းကြိုကျောင်း (၃)ခု၊ မူလတန်းကျောင်း (၂၂)ခု၊ အလယ်တန်းကျောင်း (၂)ခု၊ အထက်တန်းကျောင်း (၆)ခု တို့ ရှိသည်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ခု ရှိသည်။