Mingaladon Township is located in the northernmost part of Yangon, Myanmar. The township comprises 27 wards and five village tracts and shares borders with Hmawbi Township in the north, North Okkalapa Township in the east, Insein Township and Shwe Pyi Thar Township in the west, and Mayangone Township in the south.
Total around 3,400 businesses situated in this area, around 90,300 employees working in these respective businesses, total area 108 sq km – Density: 3070/sq km, Total Population 331,986 people living in this township. Postal Code – 11021

Yangon International Airport is the primary and busiest international airport of Myanmar. The airport is located in Mingaladon, 15 kilometres (9.3 mi) north of central Yangon. All ten Myanmar carriers and about 30 international airlines operate at Yangon International Airport. The airport is also colloquially known as Mingaladon Airport due to its location.
Hlawga National Park located in Mingaladon, 22 miles north of Yangon. The 1540-acre park includes an 818-acre wildlife park, a 62-acre mini-zoo and a 660-acre buffer zone.
မင်္ဂလာဒုံမြို့နယ် ၏ မင်္ဂလာဒုံဟူသောအမည်သည် သိကြားမင်း၊ မယ်လမုနှင့် ဥက္ကလာမင်းတို့၏ ရာဇဝင်လာဇာတ်လမ်းမှ သမင်၏ အမည် မင်္ဂလာနှင့် တောအရပ်ဟု ဆိုလိုသည့် ဒုံ တို့ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာသည်ဟု ဆိုကြသည်။ မြောက်ပိုင်းခရိုင်တွင် အကျုံးဝင်သော မင်္ဂလာဒုံမြို့နယ် ပတ်ပတ်လည်တွင် လှည်းကူးမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မှော်ဘီမြို့နယ်တို့ ဝန်းရံထားသည်။ ဧရိယာ အကျယ်အဝန်းမှာ ၈ ဒသမ ၁၅ စတုရန်းမိုင် ရှိသည်။
အုပ်ချုပ်ရေးနယ်မြေ ဖွဲ့စည်းပုံအရ ရပ်ကွက် (၂၇)ခု၊ ကျေးရွာအုပ်စု (၅)ခု ရှိသည့်အနက် ရပ်ကွက်အမည်များမှာ အနန်းပင်ရပ်ကွက်၊ ချစ်တီးကုန်းရပ်ကွက်၊ ကြံခင်းစုရပ်ကွက်၊ မင်္ဂလာဒုံဈေးရပ်ကွက်၊ အမှတ် (၂)(က) ရပ်ကွက်၊ အမှတ် (၂)(ခ) ရပ်ကွက်၊ အမှတ် (၃)(က) ရပ်ကွက်၊ အမှတ် (၃)(ခ) ရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက်၊ ပြန်လည်နေရာချထားရေးရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ စမ်းကြီးဝ ရပ်ကွက်၊ တပ်မတော်စံပြ ရပ်ကွက်၊ တောတိုက်ရပ်ကွက်၊ ပုလဲရပ်ကွက်၊ တိုးချဲ့ရပ်ကွက်၊ ထောက်ကြန့်တောင်ပိုင်းရပ်ကွက်၊ ထောက်ကြန့်မြောက်ပိုင်းရပ်ကွက်၊ ထိလောကရုံရပ်ကွက်၊ ပထမစံပြရပ်ကွက်၊ ဒုတိယစံပြရပ်ကွက်၊ ဘောလုံးကွင်းရပ်ကွက်၊ ရဲစုတောင်ရပ်ကွက်၊ ဧကရာဇ်ရပ်ကွက်၊ ပဲခူးလမ်းရပ်ကွက်၊ ရွာမရပ်ကွက်တို့ ဖြစ်သည်။ ကျေးရွာအုပ်စုများမှာ နွယ်ခွေကျေးရွာအုပ်စု၊ ကုန်းတလပေါင် ကျေးရွာအုပ်စု၊ ပျဉ်းမပင် ကျေးရွာအုပ်စု၊ ရွှေနံ့သာ ကျေးရွာအုပ်စု၊ သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်စုတို့ ဖြစ်သည်။
မင်္ဂလာဒုံမြို့နယ်တွင် စက်မှုလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းတို့ကို အဓိကအားဖြင့် လုပ်ကိုင်ကြပြီး စီးပွားရေး လုပ်ငန်း (၃ ၄၀၀)ကျော် ရှိပြီး လုပ်သားအင်အားစု (၉၀ ၃၀၀)ဦး လုပ်ကိုင်လျက်ရှိသည်ဟု Business Collection Group (BCG) ၏ အချက်အလက်များအရ သိရသည်။ စိုက်ပျိုးရေးကဏ္ဍတွင် စပါးစိုက်ဧက (၃ ၂၀၀)၀န်းကျင် ရှိသည်။စက်မှုဇုန်များ ထူထောင်ထားသည်မှာ ရန်ကုန်စက်မှုဇုန်နှင့် မင်္ဂလာဒုံစက်မှုဇုန် ၊ ပျဉ်းမပင်စက်မှုဇုန်တို့ ဖြစ်သည်။ ရန်ကုန်စက်မှုဇုန်တွင် လုပ်ကိုင်သူဦးရေ (၂၁ ၀၀၀)ဦးကျော်ရှိပြီး မင်္ဂလာဒုံစက်မှုဇုန်တွင် (၂၆ ၀၀၀)ဦးကျော် ရှိသည်။ ပျဉ်းမစက်မှုဇုန်တွင် (၁၂ ၀၀၀)ဦးဝန်းကျင် ရှိသည်။
ဝိုင်ဘီအက်စ် ဘတ်စ်လိုင်းများ ဖြစ်သော ၃၇၊ ၄၁၊ ၄၃၊ ၄၄၊ ၇၃ တို့သည် မင်္ဂလာဒုံဈေးမှတ်တိုင်သို့ ရောက်သည်။ ၁၆၊ ၁၇၊ ၃၆ အစရှိသည့် ဝိုင်ဘီအက်စ် ယာဉ်လိုင်းများ အောင်မင်္ဂလာ အဝေးပြေးဝင်းသို့ ပြေးဆွဲပေးသည်။
စာပို့သင်္ကေတ အမှတ်မှာ ၁၁၀၂၁ ဖြစ်သည်။

မင်္ဂလာဒုံမြို့နယ်တွင် မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လေကြောင်းအတွက် အဓိကကျသည့် တံခါးပေါက်ဖြစ်သည့် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ် ရှိသည်။ဧရာဝတီတိုင်းဒေသကြီးမှ တစ်ပါး အခြားသော ပြည်နယ်များနှင့် တိုင်းဒေသကြီးများသို့ ပြေးဆွဲသည့် အဝေးပြေးယာဉ်လိုင်းများအတွက် အောင်မင်္ဂလာ အဝေးပြေးဝင်း တည်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီးသို့ ပြေးဆွဲသည့် အဝေးပြေး ယာဉ်လိုင်းများအတွက် ဒဂုံဧရာ အဝေးပြေးကားဝင်းကို ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမကြီးအနီးတွင် သီးခြား ထားရှိပေးထားသည်။ အဝေးပြေး ယာဉ်လိုင်း ၅၀ ဝန်းကျင်တို့၏ ဂိတ်များ ဖွင့်လှစ်ထားသည်။ အကြမ်းအားဖြင့် နေပြည်တော်/မန္တလေးသို့ ပြေးဆွဲသည့် ယာဉ်လိုင်း ၆၀၊ စစ်ကိုင်းတိုင်းသို့ ပြေးဆွဲသည့် ယာဉ်လိုင်း ၂၀၊ ပဲခူးတိုင်းဒေသကြီးသို့ ပြေးဆွဲသည့် ယာဉ်လိုင်း ၃၇ ခု၊ မကွေးတိုင်းသို့ ပြေးဆွဲသည့်ယာဉ်လိုင်း ၅၀ ခု၊ တနင်္သာရီတိုင်းဒေသကြီးသို့ ယာဉ်လိုင်း ၂၀ ခု၊ ကရင်ပြည်နယ်သို့ ပြေးဆွဲသည့် ယာဉ်လိုင်း ၂၅ ခု၊ ကယားပြည်နယ်သို့ ပြေးဆွဲသည့် ယာဉ်လိုင်း ၆ ခု၊ ကချင်ပြည်နယ်သို့ ပြေးဆွဲသည့် ယာဉ်လိုင်း ၄ ခု၊ ချင်းပြည်နယ်သို့ ပြေးဆွဲသည့် ယာဉ်လိုင်း ၁ ခု၊ မွန်ပြည်နယ်သို့ ပြေးဆွဲသည့် ယာဉ်လိုင်း ၂၀၊ ရှမ်းပြည်နယ်သို့ ပြေးဆွဲသည့် ယာဉ်လိုင်း ၂၀၊ ရခိုင်ပြည်နယ်သို့ ပြေးဆွဲသည့် ယာဉ်လိုင်း ၂၀ ရှိသည်။
ထင်ရှားသည့် စေတီပုထိုးများမှာ ကျိုက္ကလော့ဘုရား၊ ကျိုက္ကလဲ့ဘုရား၊ ကလိုင်ထော်ဘုရား တို့ ဖြစ်သည်။ ထင်ရှားသည့်နေရာ တစ်ခုမှာ ဓနသဟာယ စစ်သင်္ချိုင်းဖြစ်သည်။
ဟိုတယ် (၄)ခု ရှိပြီး Myanmar Life Hotel နှင့် Season of Yangon တို့သည် ကြယ်နှစ်ပွင့်အဆင့်ရှိ ဟိုတယ်များ ဖြစ်သည်။
ထင်ရှားသည့် ဈေးများမှာ ထောက်ကြန့်မြရတနာဈေး၊ မင်္ဂလာဈေး၊ ရတနာသီရိဈေး၊ ဝါယာလက်ဈေးတို့ ဖြစ်သည်။အစိုးရပညာရေးကဏ္ဍတွင် မူလတန်းကြိုကျောင်း (၂၄)ခု၊ မူလတန်းကျောင်း (၂၇)ခု၊ အလယ်တန်းကျောင်း (၆)ခု၊ အလယ်တန်းကျောင်းခွဲ (၇)ခု၊ အထက်တန်းကျောင်း (၇)ခု၊ အထက်တန်းကျောင်းခွဲ (၅)ခု ရှိသည်။ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂၂)ခု ရှိသည်။
စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိကပိုင် ဓာတ်ဆီ ဒီဇယ်ဆီ အရောင်းဆိုင် (၁၆)ဆိုင် ရှိသည်။ နိုင်ငံပိုင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင် (၅)ခုရှိသည်။ (၀၀၄) ကျိုက္ကလော့၊ (၀၀၈) ပုလဲ၊ (၀၁၀) ပျဉ်းမပင်၊ (၀၂၅) လှော်ကား၊ (၀၃၀) ရွှေညောင်ပင်တို့ ဖြစ်သည်။
မြို့ပတ်ရထားလမ်းပိုင်းမှာ မင်္ဂလာဒုံဘူတာမှ ဂေါက်ကွင်းဘူတာအထိ ဖြစ်ပြီး အရှည် ၅ မိုင်နီးပါးရှိသည်။
အစိုးရကျန်းမာရေးကဏ္ဍမှ ဆေးရုံများ ဖြစ်ကြသည့် ကုတင် (၅၀) ပုလဲဆေးရုံ၊ ကုတင် (၁၀၀) ကူးစက်ဆေးရုံ၊ ကုတင် (၁၀၀၀) တပ်မတော်ဆေးရုံ၊ ကုတင် (၅၀၀) တပ်မတော် သားဖွားဆေးရုံ၊ ကုတင် (၅၀၀) တပ်မတော် အရိုးကုဆေးရုံတို့ တည်ရှိသည်။