North Dagon Township (also North Dagon Myothit) is located in the eastern part of Yangon, Myanmar. The township comprises 27 wards and shares borders with East Dagon Township in the north and east, South Okkalapa township in the west, and South Dagon township in the south. North Dagon is a relatively more developed area among the new satellite towns founded in 1989 by the military government. The real estate price is also considered highest among other new satellite townships.
Over 3,500 businesses situated in this area, around 23,500 employees working at these respective businesses, total area 26.3 sq km (10.145 sq mi) - Density: 7,761/sq km, Total Population 203,948 people living in this township. Postal Code - 11421, 11422
The township has 24 primary schools, one middle school and four high schools. Dagon University, the largest undergraduate university in the city, is located in the central part of the township.
North Dagon is connected to the mainland Yangon across the Pazundaung Creek by the Panlong Bridge and the Ba Htoo Bridge. Yangon Circular Railway runs a rail service between Dagon University and downtown Yangon.
ရန်ကုန်မြို့နယ်မြေ ဧရိယာကို တိုးချဲ့ရာ၌ ဒဂုံမြို့သစ်ကို ၁၉၈၉ ခုနှစ်တွင် ထူထောင်ခဲ့ရာ ဒဂုံမြို့သစ် မြို့နယ် ကို သတ်မှတ်ပြဋ္ဌာန်းပေးသည်။ ထို့နောက် ၁၉၉၀ ခုနှစ်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကို သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။ တဖန် ၁၉၉၄ ခုနှစ်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ဟူ၍ လေးမြို့နယ် ပိုင်းခြားသတ်မှတ်ပေးခဲ့ရာမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပေါ်ပေါက်လာခဲ့သည်။
အကျယ်အဝန်း ၁၀ ဒသမ ၁၅ စတုရန်းမိုင် ရှိသည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကို အရှေ့ဘက်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ကို အနော်ရထာလမ်းဖြင့် နယ်နိမိတ်စည်း တားထားသည်။ တောင်ဘက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် အမှတ်(၂) လမ်းမကြီး ရှိသည်။ အနောက်ဘက်တွင် တောင်ဥက္ကလာပမြို့နယ်နှင့် ငမိုးရိပ်ချောင်းတို့ ရှိသည်။ တိုးချဲ့ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ မူလရန်ကုန်မြို့ဆီသို့လာလျှင် ငမိုးရိပ်ချောင်းခံနေသည်ကို ငမိုးရိပ်တံတား(သင်္ဃန်းကျွန်း)၊ ငမိုးရိပ်တံတား(ပါရမီ)၊ ဒဂုံမြို့သစ်ကြိုးတံတား၊ ဒဂုံမြို့သစ်(ဘေလီ)တံတားတို့ ဖြစ်သည်။
လူနေရပ်ကွက် (၂၇)ခု ဖြင့် ပိုင်းခြားသတ်မှတ်ထားသော ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ ၂၀၁၇ ခုနှစ် မတ်လကုန်တွင် အိမ်ခြေ (၃၃ ၅၆၄)ခု ရှိပြီး အိမ်ထောင်စု (၃၉ ၉၅၃)စု နေထိုင်လျက်ရှိသည်။ လူဦးရေမှာ (၁၉၅ ၂၂၂)ဦး ဖြစ်သည်။ ၎င်းခုနှစ်တွင် ပြောင်းဝင်သူ ဦးရေ (၂ ၁၂၂)ဦး ရှိပြီး ပြောင်းထွက်သွားသူဦးရေ (၁ ၇၇၅)ဦး ရှိပေရာ လူဦးရေအရွေ့ မြင့်မားသည့်မြို့နယ်တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် မြို့နယ်များတွင် လူဦးရေ ပြောင်းဝင်ပြောင်းထွက်မှုသည် ရာဂဏန်းသာ ရှိသည်။ ရပ်ကွက် (၂၇)ခုကို အမှတ်စဉ်ထိုးပြီး အမည်တပ်ထားရာ၌ မူလဒဂုံမြို့နယ်မှ ခွဲထုတ်ထားသည့် မြို့နယ်ဖြစ်သည့်အားလျော်စွာ မူလရပ်ကွက်အမှတ်စဉ်ကို အခြေခံထားသည်။ သို့ဖြစ်ရာ အမှတ်(၁)ရပ်ကွက်မှ အမှတ်(၁၅) ရပ်ကွက်အထိ မပါရှိချေ။ ထိုမှ တစ်ဖန် အမှတ်(၁၆) ရပ်ကွက် ရှိသော်လည်း အမှတ်(၁၇) ရပ်ကွက်မှ အမှတ် (၂၆)ရပ်ကွက်အထိ မပါချေ။ အမှတ်(၂၇) ရပ်ကွက်မှ အမှတ်(၅၁) ရပ်ကွက်အထိ ရှိရာ၌ အမှတ်(၄၁) ရပ်ကွက်သည် အမှတ်(၄၁)ရပ်ကွက်နှင့် အမှတ်(၄၁) တိုးချဲ့ရပ်ကွက်ဟူ၍ နှစ်မျိုး ပါဝင်သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စီးပွားရေးလုပ်ငန်း (၃ ၅၀၀)ကျော် ရှိပြီး လုပ်သားအင်အားစု (၂၃ ၅၀၀)ဦး ဝန်းကျင် လုပ်ကိုင်လျက် ရှိသည်ဟု Business Collection Group(BCG) ၏ အချက်အလက်များအရ သိရသည်။ မြို့သစ်တည်စဉ်က ဝန်ကြီးဌာနအလိုက် မြေဧရိယာများ ပိုင်းခြားသတ်မှတ်ပေးပြီး အစိုးရဝန်ထမ်းများကို မြေကွက်များ ချပေးခဲ့သဖြင့် ယခုအခါ လက်ရှိ တာဝန်ထမ်းဆောင်နေသော နိုင်ငံဝန်ထမ်းများနှင့် နိုင်ငံဝန်ထမ်း အငြိမ်းစားများ အဓိကနေထိုင်သည့် မြို့နယ်တစ်ခု ဖြစ်လာသည်။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စက်မှုဇုန်အဖြစ် ဒဂုံမြောက် စီးပွားရေးဖွံ့ဖြိုးရေးဇုန် ထူထောင်ထားသည်။
စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိကပိုင် ဓာတ်ဆီ ဒီဇယ်ဆီအရောင်းဆိုင် (၈)ခုရှိသည်။ ၎င်းတို့မှာ Denko နှစ်ဆိုင်၊ KZH၊ ထူး၊ 360 Petro ၊ Terminal ၊ MMTM၊ တိုးတက်သရဖူတို့မှ ဖွင့်လှစ်ထားသော အရောင်းဆိုင်များ ဖြစ်သည်။ နိုင်ငံပိုင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်အနေဖြင့် အိမ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင် တစ်ဆိုင် ရှိသည်။
ရန်ကုန်မန္တလေး ရထားလမ်း ဖြတ်သန်းသွားပြီး တိုးကြောင်ကလေးဘူတာသည် ထင်ရှားသည့် ဘူတာ တစ်ခု ဖြစ်သည်။ လေးမိုင်ကျော် ရှည်လျားသည့် ပြည်ထောင်စုလမ်းမကြီးသည် အထင်ကရဖြစ်ပြီး ၎င်းလမ်းမကြီးတွင် တည်ရှိသည့် ၇/၈ လမ်းဆုံမှတ်တိုင်သို့ ဝိုင်ဘီအက်စ် ဘတ်စ်ကားလိုင်းများ ဖြစ်ကြသည့် ၂၊ ၁၂၊ ၂၅၊ ၂၆၊ ၂၇၊ ၂၉၊ ၆၂၊ ၆၆၊ ၈၇၊ ၈၈ တို့ ပြေးဆွဲသည်။
စာပို့သင်္ကေတ အမှတ်များမှာ ၁၁၄၂၁ နှင့် ၁၁၄၂၂ တို့ ဖြစ်သည်။
ဟိုတယ်လုပ်ငန်းကဏ္ဍတွင် ဟိုတယ်အငယ်စား (၁၂)ခု ရှိသည်။ ထင်ရှားသည့်ဈေးများမှာ အမှတ်(၃)ဈေး၊ အမှတ်(၄)ဈေး၊ အမှတ်(၅)ဈေး၊ ပင်လုံဈေး၊ ဒဂုံရွှေပြည်ဈေး၊ ဗိုလ်မင်းရောင်ဈေး၊ ၄၉/၅၀ ဈေး တို့ဖြစ်သည်။ ပုဂ္ဂလိကပိုင်ကုန်တိုက်အနေဖြင့် City Mart ကုန်တိုက် (၂)ခုနှင့် Capital ကုန်တိုက် (၁)ခု ရှိသည်။
အစိုးရပညာရေးကဏ္ဍတွင် မူလတန်းကြိုကျောင်း (၁၄)ခု၊ မူလတန်းကျောင်း (၂၅)ခု၊ အလယ်တန်းကျောင်း (၁)ခုနှင့် အထက်တန်းကျောင်း (၅)ကျောင်း ရှိသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်း ရှိသည်။
ကျန်းမာရေးကဏ္ဍတွင် အစိုးရဆေးရုံဖြစ်သည့် (၂၅)ကုတင်ဆန့် ဒဂုံမြောက် ဆေးရုံတစ်ခု ရှိသည်။ ပုဂ္ဂလိကပိုင်အနေဖြင့် ကုတင် (၂၂၀)ဆန့် ပင်လုံဆေးရုံ၊ (၂၅)ကုတင်ဆန့် အရှေ့အနောက် ပါရမီဆေးရုံ၊ (၁၆)ကုတင်ဆန့် ဆေးရုံငယ်များ ဖြစ်ကြသော ရွှေတော်ဝင် ဆေးရုံနှင့် ရွှေပိတောက် ဆေးရုံတို့ ရှိသည်။