North Okkalapa Township is located in the eastern part of Yangon. The township comprises 19 wards and shares borders with Hlegu Township and Mingalardon township in the north, North Dagon Township in the east, Mingalardon Township and Mayangone Township in the west and Mayangone township and South Okkalapa Township in the south. North Okkalapa was one of the satellite towns established in 1959. Today, it is a firmly established part of the city, albeit with nominal access to the city's electricity grid and sewer system. Like most areas in the city, especially in working-class neighbourhoods like North Okkalapa, night-time electricity is available nowadays.
Over 6,800 businesses situated in this area, over 44,300 employees working in these respective businesses, Area 26.7 sq km – Density: 12,465/sq km, Total Population 333,293 people living in this township. Postal Code – 11032
The township has 30 primary schools, seven middle schools and five high schools. It is also home to one of the most selective universities in the nation: the University of Medicine 2, Yangon, and the University of Pharmacy, Yangon. The North Okkalapa General Hospital, an affiliated teaching hospital of the University of Medicine 2, is the major hospital for the township and vicinity.
မြောက်ဥက္ကလာပမြို့နယ်ကို ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလတွင် လူနေအိမ်ခြေတို့အတွက် မြေနေရာများချပေးရန် ထူထောင်ခဲ့သည်။ စစချင်းတွင် ရပ်ကွက် (၁၇)ခုဖြင့် ဖွဲ့စည်းခဲ့ပြီး ၁၉၈၉ ခုနှစ် သြဂုတ်လတွင် ဝေဘာဂီမြို့သစ်ရပ်ကွက်ကိုလည်းကောင်း၊ ၁၉၉ဝ ခုနှစ် မေလတွင် ရွှေပေါက္ကံရပ်ကွက်ကိုလည်းကောင်း သတ်မှတ်ပြဋ္ဌာန်းပြီး မြောက်ဥက္ကလာပမြို့နယ်တွင် ထည့်သွင်းခဲ့ရာ ရပ်ကွက် (၁၉)ခု ဖြစ်ခဲ့သည်မှာ ယခုတိုင် ဖြစ်သည်။ ရပ်ကွက်များတွင် က မှ ဋ အထိ က-ရပ်ကွက်၊ ခ-ရပ်ကွက် စသဖြင့် ဋ-ရပ်ကွက် အထိ ရပ်ကွက်များ၊ အမှတ်စဉ်ထိုး၍ သတ်မှတ်ထားသည့် အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက် တို့အပြင် အရပ်ဒေသအမည်ဖြင့် ပေးထားသော ကျောက်ရေတွင်းရပ်ကွက်၊ ပုရွက်ဆိတ်ကုန်းရပ်ကွက်၊ ရွှေပေါက်ကံမြို့သစ်ရပ်ကွက်၊ တံတားကြီးရပ်ကွက်၊ ဝေဘာဂီမြို့သစ်ရပ်ကွက် တို့ ပါဝင်သည်။
မြောက်ဥက္ကလာပမြို့နယ်၏ အကျယ်အဝန်းမှာ ၁ဝ ဒသမ ၃၂ စတုရန်းမိုင် ရှိသည်။ မြောက်ဥက္ကလာပ၏ အရှေ့ဘက် နယ်နိမိတ်တစ်ခြမ်းသည် ငမိုးရိပ်ချောင်းဖြင့် အနားသတ်ထားသည်။ ကျန်သည့်အခြမ်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်တို့ ရှိသည်။ မြို့နယ်တွင်းမှာ စီးဆင်းသည့် မယ်လမုချောင်း၊ ဆင်ဖုံချောင်းနှင့် ပေါက်တလောက်ချောင်းတို့သည် ငမိုးရိပ်ချောင်းအတွင်းသို့ စီးဝင်သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ ၂ဝ၁၇ ခုနှစ် မတ်လကုန်တွင် အိမ်ခြေ (၄၃ ၁၃ဝ)ခု ရှိပြီး အိမ်ထောင်စု (၅၈ ၃၄၄)စု နေထိုင်လျက် ရှိသည်။ လူဦးရေမှာ (၂၈၂ ၅၃ဝ)ဦး ရှိသည်။ စီးပွားရေးလုပ်ငန်း (၆ ၈ဝဝ)ကျော်ရှိပြီး လုပ်သားအင်အားစု (၄၄ ၃ဝဝ)ဦး လုပ်ကိုင်လျက်ရှိကြောင်း BusinessCollection Group(BCG) ၏ အချက်အလက်များအရ သိရသည်။ မြောက်ဥက္ကလာပ စက်မှုဇုန်နှင့် ရွှေပေါက္ကံ စက်မှုဇုန်ဟူ၍ စက်မှုဇုန် နှစ်ခု ရှိသည်။
ထင်ရှားသည့် ဈေးများမှာ ၂-ဈေး၊ က-ဈေး၊ ခ-ဈေး၊ ဃ-ဈေး၊ ဌ-ဈေး၊ ရတနာသိင်္ဂီဈေး၊ မေဓာဝီဈေး၊ မြနန္ဒာဈေး၊ ကျောက်ရေတွင်းဈေး၊ ရွှေပေါက်ကံ မြို့သစ်ဈေး၊ ဝေဘာဂီဈေးတို့ ဖြစ်သည်။ ထင်ရှားသည့် စေတီပုထိုးများမှာ မယ်လမုဆုတောင်းပြည့်စေတီနှင့် မဟာကျိန်သစ္စာရှင်ဘုရားတို့ ဖြစ်သည်။
စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိကပိုင် ဓာတ်ဆီ ဒီဇယ်ဆီအရောင်းဆိုင် နှစ်ဆိုင်ရှိရာ၌ PPCL နှင့် Moon Sun တို့မှ ဖွင့်လှစ်ထားသောဆိုင်များ ဖြစ်သည်။ နိုင်ငံပိုင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင် နှစ်ဆိုင် ရှိသည်။
မြို့ပတ်ရထားလမ်းပိုင်းမှာ ဝေဘာဂီဘူတာမှ တံတားလေး ဘူတာအထိဖြစ်ပြီး အလျား ၄ မိုင် ရှိသည်။ ဝိုင်ဘီအက်စ် ဘတ်စ်လိုင်းများ ဖြစ်ကြသည့် ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၃၅၊ ၃၆၊ ၆၄ တို့ မြောက်ဥက္ကလာပမြို့နယ်သို့ ပြေးဆွဲသည်။
စာပို့သင်္ကေတ အမှတ်မှာ ၁၁ဝ၃၂ ဖြစ်သည်။
ဟိုတယ်လုပ်ငန်း ကဏ္ဍတွင် ကြယ်တစ်ပွင့်အဆင့်ရှိ ဟိုတယ် (၁၀)ခုရှိပြီး အခန်းပေါင်း (၁ဝ၄)ခန်း ပါသည့် Holly Hotel သည် အခန်းအများဆုံး ဟိုတယ် ဖြစ်သည်။
အစိုးရပညာရေးကဏ္ဍတွင် ဆေးတက္ကသိုလ်(၂)၊ ဆေးဝါးတက္ကသိုလ်၊ မူလတန်းကြိုကျောင်း (၆)ခု၊ မူလတန်းကျောင်း (၄၅)ခု၊ အလယ်တန်းကျောင်း (၁၂)ခု၊ အထက်တန်းကျောင်း (၇)ခု ရှိသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁ဝ)ခု ရှိသည်။
ကျန်းမာရေးကဏ္ဍတွင် အစိုးရဆေးရုံများ ဖြစ်ကြသည့် အထွေထွေရောဂါကုနှင့် သင်ကြားရေး ဆေးရုံ၊ ဝေဘာဂီ ကူစက်ဆေးရုံတို့ ရှိသည်။ ပုဂ္ဂလိကပိုင်ဆေးရုံများမှာ OSC ဆေးရုံ၊ ရွှေလမင်းဆေးရုံ၊ ချမ်းမြေ့ဆေးရုံ၊ သုခကြွယ်ဆေးရုံ၊ ချမ်းသာဆေးရုံတို့ ဖြစ်သည်။