Pabedan Township is located in the centre of downtown Yangon, Myanmar. The township is home to Bogyoke Aung San Market and Theingyi Market, two of the largest shopping centres in all of Yangon. The township consists of 11 wards, and shares borders with Kyauktada township in the east, Seikkan township and Yangon river in the south, Latha township in the west and Dagon township in the north. The township has three primary schools, two middle schools and three high schools. And The Famous school is BEHS 2 Pabedan.
Over 5,500 businesses spread out in this township and most of the businesses (33.8%) situated in Ward 5. Total over 31,600 employees working at their respective businesses in this township. Area 0.7 sq km (0.293 sq mi) – Density: 46,539/sq km (140,000/sq mi), Total Population 33,336 people living in this township. Postal Codes 11141, 11142, 11143
Bogyoke Aung San Market, Thein Gyi Market were the shining international landmark in the centre of downtown in this township. Junction City, A world-class development that comprises Grade-A offices, Pan Pacific 5-star luxury hotel and a state-of-the-art retail mall & entertainment complex, as well as sophisticated high-rise, Serviced Residences is still in progress.
ပန်းပဲတန်းမြို့နယ် သည် ပန်းပဲဖိုများရှိနေသည်ကို အကြောင်းပြုပြီး ပန်းပဲတန်းဟု အမည်တွင်ခဲ့သည်။ ဖဆပလ အစိုးရလက်ထက်တွင် အလယ်ပိုင်းတိုက်နယ်တွင် ပါဝင်သည်။ အိမ်စောင့် အစိုးရလက်ထက် ၁၉၅၈ ခုနှစ်တွင် နယ်မြေများ သတ်မှတ်ခဲ့ရာ၌ အမှတ်(၆)နယ်မြေတွင် လမ်းမတော်၊ လသာတို့နှင့်အတူ ပန်းပဲတန်း ပါဝင်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် မြို့နယ်များ ပိုင်းခြားသတ်မှတ်ခဲ့ရာ ပန်းပဲတန်းမြို့နယ်ကို သတ်မှတ်ပြဋ္ဌာန်းခဲ့သည်မှာ ယခုတိုင် ဖြစ်သည်။
ပန်းပဲတန်းမြို့နယ်၏ အကျယ်အဝန်းမှာ သုည ဒသမ ၂၈ စတုရန်းမိုင် ရှိသည်။ ပတ်ပတ်လည်တွင် ကျောက်တံတားမြို့နယ် သည် (၃၂)လမ်း နောက်ဖေးလမ်းကြား အထိ၊ လသာမြို့နယ် သည် ရွှေတိဂုံဘုရားလမ်း အထိ၊ ဆိပ်ကမ်းမြို့နယ် သည် ကမ်းနားလမ်း အထိ၊ ဒဂုံမြို့နယ် သည် ရထားလမ်း အထိ နေရာ အသီးသီး နယ်နိမိတ်ပြုပြီး ထိစပ်နေသည်။ ရပ်ကွက် (၁၁)ခု ပိုင်းခြားသတ်မှတ်ပေးထားပြီး အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက် စသဖြင့် အမှတ်(၁၁) ရပ်ကွက်အထိ အမှတ်စဉ်ထိုးပြီး ခေါ်ဝေါ်သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ ၂၀၁၇ ခုနှစ် မတ်လကုန်တွင် အိမ်ခြေ (၁ ၀၈၇)ခုရှိပြီး အိမ်ထောင်စု (၅ ၃၅၆)စု ရှိသည်။ လူဦးရေမှာ (၃၀ ၄၃၃)ဦး ရှိသည်။
Business Collection Group(BCG) ၏ အချက်အလက်များအရ စီးပွားရေးလုပ်ငန်း (၅ ၅၀၀)ခု ရှိပြီး လုပ်သားအင်အားစု (၃၁ ၆၀၀)ဦး ကျော် လုပ်ကိုင်လျက် ရှိသည်။ စီးပွားရေးလုပ်ငန်း စုစုပေါင်း၏ ၃၃ ဒသမ ၈ ရာခိုင်နှုန်းသည် အမှတ်(၅)ရပ်ကွက်တွင် တည်ရှိပေရာ ၎င်းရပ်ကွက်သည် စီးပွားရေးလုပ်ငန်း အရေအတွက် အများဆုံး ဖြစ်သည်။
သမိုင်းဝင် ထင်ရှားသော အဆောက်အဦမှာ သိမ်တော်ကြီးကျောင်းတိုက် ဖြစ်သည်။ ရထားလမ်းပိုင်းမှာ ရွှေတိဂုံဘုရားလမ်းမှ အလံပြဘုရားလမ်းအထိ ဖြစ်ပြီး အလျား ၁ မိုင် ရှိသည်။ထင်ရှားသည့် လမ်းမကြီးများမှာ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ မဟာဗန္ဓုလလမ်း၊ ကမ်းနားလမ်းနှင့် ကုန်သည်လမ်းတို့ ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် Junction City သို့ သွားမည်ဆိုပါက ဝိုင်ဘီအက်စ် ဘတ်စ်ကားလိုင်း ၁၆၊ ၂ဝ၊ ၆၈၊ ၈၃၊ ၈၅ တို့ ရောက်သည်။ သိမ်ကြီးဈေးတစ်ဝိုက်သို့ သွားမည်ဆိုပါက ဝိုင်ဘီအက်စ် ဘတ်စ်ကား လိုင်း ၅၇၊ ၇၈၊ ၈၉ တို့ ရောက်သည်။
စာပို့သင်္ကေတ အမှတ်မှာ ၁၁၁၄၁၊ ၁၁၁၄၂၊ ၁၁၁၄၃ တို့ ဖြစ်သည်။
ဟိုတယ်လုပ်ငန်းကဏ္ဍတွင် ဟိုတယ် (၈)ခု ရှိပြီး အခန်း (၃၃၆)ခန်းပါသည့် ကြယ်ငါးပွင့်အဆင့်ရှိ Pan Pacific ရန်ကုန်ဟိုတယ် သည် အကြီးဆုံးဖြစ်သည်။
အထင်ရှားဆုံးဈေးမှာ ဗိုလ်ချုပ်အောင်ဆန်းဈေး ဖြစ်သည်။ သိမ်ကြီးဈေးသည် ရွှေတိဂုံဘုရားလမ်း၏ တဖက်တချက်တွင် တည်ရှိပေရာ မြို့နယ်နယ်မြေ ပိုင်းခြားသတ်မှတ်ချက်အရ တစ်ခြမ်းသည် လသာမြို့နယ်တွင် ပါဝင်နေပြီး ကျန်တစ်ခြမ်းသည် ပန်းပဲတန်းမြို့နယ်တွင် အကျုံးဝင်သည်။ သို့ဖြစ်ရာ သိမ်ကြီးဈေး အေရုံ၊ ဘီရုံနှင့် စီရုံတို့သည် ပန်းပဲတန်းမြို့နယ်တွင် ပါဝင်သည်။ ကုန်တိုက်အနေဖြင့် Super One ကုန်တိုက် ရှိသည်။ ဈေးဝယ်စင်တာမှာ Junction City ဖြစ်သည်။
အစိုးရပညာရေးကဏ္ဍတွင် အထက်တန်းကျောင်း (၃)ခု၊ အလယ်တန်းကျောင်း (၂)ခု၊ မူလတန်းကျောင်း (၃) ခု ရှိသည်။