Pazundaung Township is a township located in the southeastern part of Yangon, Myanmar. The township consists of 10 wards and shares borders with Botahtaung Township in the west and the south, Mingalar Taung Nyunt Township in the northwest, Thaketa Township in the north and the Pazundaung Creek in the east. Pazundaung is connected to Dawbon Township across the Maha Bandula Bridge.
Over 2,100 businesses, total over 17,000 employees working in these respective businesses, Area: 1 sq km (0.391 sq mi) – Density: 47,894/sq km (79,000/sq mi), Total Population 48,455 people living in this township. Postal Codes – 11171

The township has nine primary schools, three middle schools and four high schools as well as a hospital. Pazundaung Market and Yegyaw Market are the main shopping bazaars of the area.
ပုဇွန်တောင်မြို့နယ် သည် ပုဇွန်တောင်ချောင်းကို အကြောင်းပြုပြီး ၁၉၅၈ ခုနှစ်မှ စ၍ ပုဇွန်တောင်မြို့နယ်ဟု သတ်မှတ် ခေါ်ဝေါ်ခဲ့ကြသည်။ ထိုနှစ် မတိုင်ခင်က ပုဇွန်တောင် တိုက်နယ်၊ ပုဇွန်တောင် ဒေသစိတ် စသဖြင့် သတ်မှတ်ခဲ့သည်။ နယ်မြေဧရိယာ ပိုင်းခြား သတ်မှတ်ပုံလည်း အပြောင်းအလဲများ ရှိခဲ့သည်။ ဗြိတိသျှကိုလိုနီတို့က ဗိုလ်တထောင်နှင့် ပုဇွန်တောင် နယ်မြေနှစ်ခုကို လေးထောင့်ကွက်များဖြင့် ပုံစံဖော်ဖို့ ကြိုးပမ်းအားထုတ်ခဲ့သည်။ တည်ရှိနေသော လတာပြင်နုံးမြေပြင်ကျယ်တွင် အမြင့် (၆)ပေ၊ အကျယ် ပေ(၅၀) ရှိသော လမ်းတစ်ခုကို ဖောက်ခဲ့သည်။ သံလျက်စွန်းလမ်းဟု အမည်တွင်သည့်လမ်း ဖြစ်သည်။ ၎င်းလမ်းသည် ယခုအခါ အောက်ပုဇွန်တောင်လမ်းဟု ခေါ်ဝေါ်သည့်လမ်း ဖြစ်သည်။ ထိုလမ်းသည် ပုဇွန်တောင်ချောင်းအထိ ပေါက်သည်။ ထိုစဉ်တုန်းက မွန်ဂိုမာရီလမ်းဟု ခေါ်ဝေါ်ပြီး ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်းကို အလျားတိုးချဲ့ဖောက်လုပ်ပြီး ပုဇွန်တောင်ချောင်းဘေးအထိ ရောက်စေသည်။ ထိုလမ်းပိုင်းကို ယခုအခါ အထက်ပုဇွန်တောင်လမ်းဟု အမည်တွင်သည်။
ပုဇွန်တောင်တွင် ယခုအခါ အမှတ် (၅)ရပ်ကွက်ကို တချိန်တုန်းက စင်ကာပူရပ်ကွက်ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ၎င်းရပ်ကွက်နေရာသည် တချိန်တုန်းက စင်ကာပူမှ တရုတ်သူဌေး လက်ချင်စန်ကို ဗြိတိသျှ အစိုးရက မြေ ရှစ်ဧကခွဲအား ကျပ်ခြောက်ထောင်ဖြင့် အပြီးအပိုင်ရောင်းချခဲ့သည့် မြေဧရိယာတွင် ပါဝင်သည်။ ထိုနေရာကို စင်ကာပူသူဌေး ပိုင်သည်ကို အကြောင်းပြုပြီး စင်ကာပူရပ်ကွက်ဟု အမည်တွင်သည်။
၁၉၇၄ ခုနှစ်တွင် ရပ်ကွက် (၁၀)ခုဖြင့် ပုဇွန်တောင်မြို့နယ်ကို သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ရာ ရပ်ကွက်များကို အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက် စသဖြင့် အမှတ်(၁၀)ရပ်ကွက်အထိ အမှတ်စဉ်ထိုးကာ အမည်ခေါ်ဝေါ်စေခဲ့သည်။ ပုဇွန်တောင်မြို့နယ် အကျယ်အဝန်းသည် သုည ဒသမ ၃၉ စတုရန်းမိုင် ရှိသည်။ အရှေ့ဘက် နယ်နိမိတ်တွင် ပုဇွန်တောင်ချောင်း ရှိသည်။ ကျန်သည့်နယ်နိမိတ်ကို ဒေါပုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တို့က ဝန်းရံထားသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ မြို့နယ်အတွင်းတွင် ၂၀၁၇ ခုနှစ်မတ်လကုန်တွင် အိမ်ခြေ (၁ ၅၉၁)ခု ရှိပြီး အိမ်ထောင်စု (၉ ၅၃၃)စု ရှိသည်။ လူဦးရေမှာ (၄၄ ၇၈၅)ဦး ဖြစ်သည်။ စီးပွားရေးလုပ်ငန်းပေါင်း (၂ ၁၀၀)ကျော် ရှိပြီး လုပ်သားအင်အားစု (၁၇ ၀၀၀)ဦးကျော် လုပ်ကိုင်လျက်ရှိကြောင်း Business Collection Group (BCG) ၏ အချက်အလက်များအရ သိရသည်။
အုပ်ချုပ်ရေးဆိုင်ရာ မြို့နယ်၏ နယ်နိမိတ် ပိုင်းခြားသတ်မှတ်ပုံအရ ပုဇွန်တောင်ဈေးသည် ပုဇွန်တောင်မြို့နယ်အတွင်း တည်ရှိသော်လည်း ပုဇွန်တောင်စာတိုက်နှင့် ပုဇွန်တောင်ဘူတာတို့သည် မြို့နယ်အတွင်းမှာ တည်ရှိခြင်း မရှိချေ။ မြို့ပတ်ရထားလမ်းသည် နယ်နိမိတ်ကို ထိပြီး ဖြတ်သန်းသွားသည်။ ကုန်တင်ရထားများအတွက် ရထားလမ်းကြောင်းတစ်ခုသည် မြို့နယ်အတွင်း ဖြတ်သန်းထားပြီး လမ်းပိုင်းမှာ အလျား ၁ မိုင်ဝန်းကျင် ရှိသည်။

စာပို့သင်္ကေတ အမှတ်မှာ ၁၁၁၇၁ ဖြစ်သည်။
အချက်အချာနေရာဖြစ်သည့် ပုဇွန်တောင်ဈေး မှတ်တိုင်သို့ ဝိုင်ဘီအက်စ် ယာဉ်လိုင်းများ ဖြစ်သည့် ၅၊ ၁၃၊ ၂၄၊ ၂၆၊ ၆၃၊ ၆၅၊ ၇၉၊ ၉၃ တို့ ပြေးဆွဲပေးလျက် ရှိသည်။ ထင်ရှားသည့် စေတီပုထိုးများမှာ ရွှေဘုန်းပွင့်စေတီ၊ ကျိုက္ကမာစိန်စေတီ၊ ရွှေမုန္ဒောစေတီ၊ ပြည်လုံးချမ်းသာစေတီ၊ ဘုရားလေးစေတီ တို့ ဖြစ်သည်။
စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိကပိုင် ဓာတ်ဆီဒီဇယ်ဆီအရောင်းဆိုင် တစ်ဆိုင် ရှိပြီး New Day မှ ဖွင့်လှစ်ရောင်းချပေးခြင်း ဖြစ်သည်။ ဟိုတယ်ကဏ္ဍတွင် ဟိုတယ် (၈)ခု ရှိသည်။
ထင်ရှားသည့် ကုန်တိုက်များမှာ Ocean Supermarket နှင့် Yurimiko တို့ ဖြစ်သည်။ ထင်ရှားသည့် ဈေးများမှာ ပုဇွန်တောင်ဈေး၊ ရေကျော်ဈေးနှင့် လိပ်ကန်ပန်းခြံဈေးတို့ ဖြစ်သည်။ ပုဇွန်တောင်ဈေးသည် ဗြိတိသျှကိုလိုနီ လက်ထက်တွင် မြေဧရိယာကို ကုလားသူဌေးများထံ ရောင်းချခြင်းမှ ဈေးပေါ်ပေါက်လာဖို့ အကြောင်းပြုသည်။ ပုဇွန်တောင်နယ်မြေဒေသတွင် ဘလုပ်မြေဟု အမည်တွင်ခဲ့သည့် ယခု အမှတ်(၃)ရပ်ကွက်နေရာ၊ အလီမူလာဟု အမည်တွင်ခဲ့သည့် ယခု အမှတ်(၆)ရပ်ကွက်နေရာ၊ ဆင်ဂူဗလီလီ ဟု အမည်တွင်ခဲ့သည့် ယခု အမှတ်(၆)နေရာတို့ကို ကုလားသူဌေးများထံ အစိုးရက အပြီးအပိုင် ရောင်းချခဲ့သည်။ ထိုမြေဧရိယာတွင် လူနေအိမ်ခြေများ ထူထောင်ခဲ့ပြီး အိမ်ငှားမျာကို အငှားချထားကာ စီးပွားရှာခဲ့ကြသည့်အပြင် ရောင်းဝယ်ဖောက်ကားရန် ဈေးများကိုလည်း ထူထောင်ခဲ့ရာ ပုဇွန်တောင်ဈေး ပေါ်ပေါက်လာခဲ့သည်။ ယခု အမှတ်(၂)ရပ်ကွက်နေရာတွင် ကြက်ဘဲများကို လက်လီလက်ကား ရောင်းချခဲ့သဖြင့် ကြက်တန်းဟု အမည်တွင်ခဲ့သည်။ ထိုနေရာသည် နောက်နောင်တွင် သံထည်ပစ္စည်းများ အဓိကအားဖြင့် ရောင်းချသည့်နေရ ဖြစ်လာခဲ့သည်။ စက်မှုဇုန်များ ထူထောင်သောအခါ နှီးနွှယ်ရာ စက်မှုဇုန်သို့ ရွှေ့ပြောင်းစေခဲ့ပြီး လူနေအိမ်ခြေများ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အစိုးရပညာရေးကဏ္ဍတွင် အထက်တန်းကျောင်း (၄)ခု၊ အလယ်တန်းကျောင်း (၃)ခု၊ မူလတန်းကျောင်း (၉)ခု ရှိသည်။ ကျန်းမာရေးကဏ္ဍတွင် ထင်ရှားသည့် ပုဂ္ဂလိကဆေးခန်းမှာ မိုးသီး အထူးကုဆေးခန်း ဖြစ်သည်။