Sanchaung Township is located in the north central part of Yangon. The township comprises 18 wards and shares borders with Kamayut Township in the north, Kamayut township and Bahan Township in the east, Kyeemyin Daing Township in the west, and Dagon Township and Ahlone Township in the south.
Near around 3,400 businesses situated in this area, over 30,500 employees working in these respective businesses, its united with 18 Wards, Area 2.5 sq km – Density: 40,288/sq km, Total Population 99,619 people living in this township. Postal Code - 11111

The township has 19 primary schools, two middle schools and four high schools. The township also provides Dagon Center shopping mall, it includes many restaurants, fashion shop, Mingalar Cinema. Also has a Happy World recreation centre and People Park.
စမ်းချောင်းမြို့နယ် ဖြစ်တည်လာမည့်နေရာတွင် ရွာတစ်ရွာ ရှိခဲ့ပြီး စမ်းချောင်း တစ်ဖက်တစ်ချက်စီတွင် အိမ်ခြေများ ရှိသည်။ ထိုသို့ စမ်းချောင်း ဖြတ်စီးနေသည်ကို အကြောင်းပြုပြီး စမ်းချောင်းဟု အမည်တွင်သည်။ ၁၉၇၁ ခုနှစ်တွင် စမ်းချောင်းမြို့နယ်အဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။
စမ်းချောင်းမြို့နယ် အကျယ်အဝန်းမှာ သုည ဒသမ ၉၅၅ စတုရန်းမိုင် ဖြစ်သည်။ ပတ်ပတ်လည်တွင် ဟံသာဝတီလမ်း၊ ဦးဝိစာရလမ်းနှင့် ကမာရွတ်မြို့နယ်၊ ဓမ္မစေတီလမ်းနှင့် ဒဂုံမြို့နယ်၊ ရှင်စောပုလမ်းနှင့် အလုံမြို့နယ်၊ မြို့ပတ်ရထားလမ်းနှင့် ကြည့်မြင်တိုင်မြို့နယ်တို့ ဝန်းရံထားသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ မြို့နယ်အတွင်းတွင် ၂၀၁၇ ခုနှစ် မတ်လကုန်တွင် လူနေအိမ်ခြေ (၅ ၃၅၈)ခု ရှိပြီး အိမ်ထောင်စု (၁၇ ၃၃၈)စု နေထိုင်လျက် ရှိသည်။ လူဦးရေ (၈၆ ၀၈၁)ဦး နေထိုင်လျက် ရှိသည်။ ရပ်ကွက် (၁၈)ခု ပိုင်းခြားသတ်မှတ်ပေးထားသည်။ ၎င်းတို့မှာ အောင်ချမ်းသာရပ်ကွက်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ကျွန်းတော (အလယ်) ရပ်ကွက်၊ ကျွန်းတော (မြောက်)ရပ်ကွက်၊ ကျွန်းတော (တောင်) ရပ်ကွက်၊ လင်းလွန်း (မြောက်) ရပ်ကွက်၊ လင်းလွန်း (တောင်) ရပ်ကွက်၊ မုန့်လုပ်ဆောင်းကုန်း (မြောက်) ရပ်ကွက်၊ မုန့်လုပ်ဆောင်းကုန်း (တောင်)ရပ်ကွက်၊ မြေနီကုန်း (မြောက်) ရပ်ကွက်၊ မြေနီကုန်း (တောင်) ရပ်ကွက်၊ စမ်းချောင်း (မြောက်) ရပ်ကွက်၊ စမ်းချောင်း (တောင်)ရပ်ကွက်၊ ရှင်စောပုရပ်ကွက်၊ သံတံတားရပ်ကွက်၊ သီရိခေမာရပ်ကွက်၊ ဝေဠုဝန် (မြောက်)ရပ်ကွက်၊ ဝေဠုဝန် (တောင်)ရပ်ကွက် တို့ ဖြစ်သည်။
ထင်ရှားသည့် စေတီပုထိုးများမှာ ကိုးထပ်ကြီးဘုရား၊ သဲပုံစေတီ၊ ကိုးနဝင်းကပ်ကျော်စေတီ၊ ရှင်စောပုစေတီ၊ အောင်ချမ်းသာဆုတောင်းပြည့်စေတီ၊ ကိုးနဝင်းရန်အောင် ဆုတောင်းပြည့်စေတီ၊ နဂါးရုံစေတီ၊ လောကမာရဇိန်စေတီ၊ တေဇောဝင်းထိန်စေတီတို့ ဖြစ်သည်။ ထင်ရှားသည့် သမိုင်းဝင်နေရာများမှာ ကိုးထပ်ကြီးဘုရားနှင့် ဓနသဟာယစစ်သင်္ချိုင်းတို့ ဖြစ်သည်။ ထင်ရှားသည့် ဈေးများမှာ မြေနီကုန်းပလာဇာဈေး၊ ကျွန်းတောဈေး၊ ရှမ်းလမ်းဈေးတို့ ဖြစ်သည်။ ထင်ရှားသည့် ကုန်တိုက်များမှာ ဂမုန်းပွင့်၊ City Martနှင့် ဒဂုံစင်တာတို့ ဖြစ်သည်။

Business Collection Group (BCG) ၏ အချက်အလက်များအရ စီးပွားရေးလုပ်ငန်း (၃ ၄၀၀)ကျော် ရှိပြီး လုပ်သားအင်အားစု (၃၀ ၅၀၀)ဦးကျော် လုပ်ကိုင်လျက် ရှိသည်။ လုပ်ငန်း အများစုမှာ ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည်။မြို့ပတ်ရထားလမ်းပိုင်းမှာ ဟံသာဝတီမှ ဟုမ်းလမ်းဘူတာအထိ ဖြစ်ပြီး အလျား ၂ ဒသမ ၂၅ မိုင် ရှိသည်။ အုပ်ချုပ်ရေးဆိုင်ရာ ပိုင်းခြားသတ်မှတ်ချက်အရ ကြည့်မြင်တိုင်ဘူတာသည် ကြည့်မြင်တိုင်မြို့နယ်အတွင်း၌ မတည်ရှိဘဲ စမ်းချောင်းမြို့နယ်အတွင်းတွင် တည်ရှိပြီး အရွယ်အစား ကြီးမားသော ဘူတာဖြစ်သည်။ ကြည့်မြင်တိုင်-ပြည် ခရီးလမ်းကြောင်းနှင့် ကြည့်မြင်တိုင်-သာရဝေါ ခရီးလမ်းကြောင်းများ အစပြုရာ ဘူတာကြီးလည်း ဖြစ်သည်။ ကြည့်မြင်တိုင်ဘူတာကြီးသို့ ဝိုင်ဘီအက်စ် ဘတ်စ်လိုင်းများ ဖြစ်ကြသည့် ၁၁၊ ၂၂၊ ၄၁၊ ၇၅၊ ၈၉၊ ၉၄ တို့ ပြေးဆွဲသည်။
စာပို့သင်္ကေတ အမှတ်မှာ ၁၁၁၁၁ ဖြစ်သည်။
စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိကပိုင် ဓာတ်ဆီဒီဇယ် အရောင်းဆိုင်များ ဖြစ်ကြသည့် New Day၊ သူရိယစွမ်းအင်နှင့် ရွှေတောင်တို့ဖွင့်ထားသည့်အရောင်းဆိုင်များရှိသည်။ ဟိုတယ်ကဏ္ဍတွင် ဟိုတယ်ခုရေ (၁၅)ခုကျော် တည်ရှိပြီး ကြယ်လေးပွင့် အဆင့် Jasmine Place Hotel သည် အခန်းပေါင်း (၂၁၁)ခန်း ပါဝင်သဖြင့် အခန်းအများဆုံး ဟိုတယ်ဖြစ်သည်။
အစိုးရပညာရေးကဏ္ဍတွင် အထက်တန်းကျောင်း (၄)ခု၊ အလယ်တန်းကျောင်း (၂)ခု၊ မူလတန်းကျောင်း (၁၈)ခု၊ မူလတန်းကြိုကျောင်း (၃)ခု ရှိသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁)ခု ရှိသည်။
ပုဂ္ဂလိကကျန်းမာရေးကဏ္ဍတွင် ကုတင် (၇၀)ဆန့် မဟာမြိုင်ဆေးရုံ၊ (၂၁၂)ကုတင်ဆန့် အာရှတော်ဝင်၊ ကုတင် (၁၂၀)ဆန့် ဆာကူရာဆေးရုံတို့ ရှိသည်။