Seikkan Township is a township located in the western part of Yangon, Myanmar. One of the smallest townships, Seikkan consists of just three wards. It has a primary school and a hospital. Area 114.4 sq km – Density: 24/sq km, Total Population 2,826 people living in this township.
The Botahtaung Pagoda is a famous pagoda located in this township, Yangon, near the Yangon river. The pagoda was first built by the Mon around the same time as was Shwe Dagon Pagoda—according to local belief, over 2,500 years ago, and was known as Kyaik-De-Att in Mon language. The pagoda is hollow within and houses what is believed to be a sacred hair of Gautama Buddha. The king was drawn up as a guard of honour to welcome the landing in Myanmar of the relics of the Buddha brought over from India more than two thousand five hundred years ago. An account from ancient histories of the building of the Pagoda states that the Buddhist king Sihadipa gave one of his ministers a sacred hair from the Buddha's head and two body relics and this minister, renowned for his goodness and faith, consulted a famous religious leader and, on his advice, chose the Botahtaung Mount on the bank of Yangon River at a distance one thousand tars (7,000 cubits) in a South-Easterly direction from the Shwe Dagon Pagoda and there enshrined the sacred relics.
The Myanmar Industrial Port is located at the heart of Yangon, along the Yangon River. Its main business is the handling of containers and other port services on an international level. Myanmar Industrial Port's main business is the handling of containers and other port services on an international level. It has been incredibly successful at what it does; expanding tremendously in just over a decade. It has also diversified and expanded its portfolio with many new ventures and assets.
ဆိပ်ကမ်းမြို့နယ်သည် ရန်ကုန်မြစ်ကမ်းနဖူးတွင် တည်ရှိပြီး တချိန်တခါက ဆိပ်ကမ်းမြို့ငယ်တစ်ခုဖြစ်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ဆိပ်ကမ်းမြို့နယ်အဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့သည်မှာ ယခုတိုင် ဖြစ်သည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နယ်မြေအတွင်းတွင် တည်ရှိသည်။
မြို့နယ်၏ တောင်ဘက်တွင် ရန်ကုန်မြစ်တည်ရှိနေပြီး ကျန်နေရာပတ်ပတ်လည်တွင် ဗိုလ်တထောင်မြို့နယ်၊ အလုံမြို့နယ်၊ လသာမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်တို့ ဝန်းရံထားသည်။
အကျယ်အဝန်းမှာ ၄၄ ဒသမ ၁၆ စတုရန်းမိုင်ဖြစ်ပြီး ဧရိယာထက်ဝက်ဝန်းကျင်သည် ရန်ကုန်မြစ်အတွင်း ကျရောက်နေပေရာ ရေတစ်ပိုင်းကုန်းတစ်ပိုင်းမြို့နယ် ဖြစ်သည်။ မြေဧရိယာအများစုသည် ဆိပ်ကမ်းအဖြစ် အသုံးပြုထားပြီး သိုလှောင်ထောက်ပို့အတွက် အသုံးပြုထားခြင်းများလည်း ရှိသည်။ သို့ဖြစ်ရာ လူနေအိမ်ခြေ နည်းပါးသည့်မြို့နယ် ဖြစ်သည်။ ၂၀၁၇ ခုနှစ် မတ်လကုန်တွင် လူနေအိမ်ခြေ (၄၈)ခု ရှိပြီး အိမ်ထောင်စု (၃၃၃)စု နေထိုင်လျက်ရှိသည်။ လူဦးရေမှာ (၁ ၅၄၆)ဦး ဖြစ်သည်။ ရပ်ကွက် (၃)ခု ဖြင့် ဖွဲ့စည်းထားသည်။ ရဲရိပ်သာရပ်ကွက်၊ မော်တင်ရပ်ကွက် နှင့် မိသားစုရပ်ကွက် တို့ ဖြစ်သည်။
ထင်ရှားသည့် သမိုင်းဝင် စေတီမှာ ဗိုလ်တထောင်စေတီတော်ဖြစ်သည်။ အုပ်ချုပ်ရေးဆိုင်ရာ နယ်မြေပိုင်းခြား သတ်မှတ်ချက်အရ ဗိုလ်တထောင် ကျိုက်ဒေးအပ် စေတီသည် ဗိုလ်တထောင်မြို့နယ်တွင် မပါဝင်ဘဲ ဆိပ်ကမ်းမြို့နယ်တွင် ပါဝင်သည်။
ရန်ကုန်မြစ်သည် မြောက်မှ တောင်သို့ စီးဆင်းနေသည်။ ပင်လယ်ဝမှတဆင့် ဝင်ရောက်လာကြသည့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောများ၊ ကမ်းရိုးတန်းသင်္ဘောများ ဆိပ်ကမ်းမြို့နယ်ရှိ ဆိပ်ကမ်းများတွင် ဆိုက်ကပ်ကြသည်။ တိုင်းပြည်၏ အခရာကျသော ဆိပ်ကမ်း ဖြစ်သည့်အားလျော်စွာ ပြည်ပသွင်းကုန်ပို့ကုန်များအတွက် ရေကြောင်းတံခါးပေါက် ဖြစ်သည့်အပြင် ကမ်းရိုးတန်းရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများဖြစ်သည့် ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့အတွက်လည်း ရေကြောင်းတံခါးပေါက်တစ်ခု ဖြစ်သည်။ ထို့အပြင် ရေလမ်းခရီးဖြင့် ကုန်စည်သယ်ယူမှု အဓိကအားပြုသော ဧရာဝတီတိုင်းဒေသကြီးနှင့်တကွ မြစ်ဝကျွန်းပေါ်သွား သင်္ဘောများလည်း ကူးလူးသွားလာကြသည်။
ဆိပ်ကမ်းမြို့နယ် အတွင်းရှိ No.(1) Inland Container Depot သည် ကုန်သေတ္တာအမျိုးမျိုး (၄ ၃၈၇)TEU ထားသိုနိုင်ပြီး ဧရိယာအကျယ် ၁၀ ဧကနီးပါး ရှိသည်။ ဆိပ်ကမ်းမြို့နယ်အတွင်းရှိ ဗိုလ်အောင်ကျော်ဆိပ်ခံသည် အလျား ပေ(၆၀၀) ရှိပြီး ပြည်ပကုန်သွယ်ရေးကဏ္ဍမှ သင်္ဘောများ ဆိုက်ကပ်အသုံးပြုသည်။
မြစ်အတွင်း ဗိုလ်တထောင်-အင်းစိန် ပုံမှန်ပြေးဆွဲပေးနေသည့် Yangon Water Bus သည် နေ့ထူးနေ့မြတ် ရုံးပိတ်ရက်များတွင် ဗိုလ်တထောင်ဆိပ်ကမ်းမှ Sun Set အထူးခရီးစဉ်များ ပြေးဆွဲပေးသည်။ စနေ၊ တနင်္ဂနွေ weekend ခရီးစဉ်အဖြစ် တွံတေးသို့ လေ့လာရေးခရီးစဉ် ပြေးဆွဲပေးသည်။ ဗိုလ်တထောင်ဆိပ်ကမ်းမှ နံနက်ပိုင်းတွင် ထွက်ခွာပြီး မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ပြန်လည်ရောက်ရှိသည့် ခရီးစဉ်ဖြစ်သည်။
ရန်ကုန်မြစ် တဘက်ကမ်းသို့ ကူးရန် ကူးတို့ဆိပ်နှစ်ခု ရှိသည်။ ၎င်းတို့မှာ နန်းသီတာ ကူးတို့ဆိပ်နှင့် ပန်းဆိုးတန်း ကူးတို့ဆိပ်တို့ဖြစ်သည်။
အစိုးရပညာရေးကဏ္ဍအနေဖြင့် ဆိပ်ကမ်းမြို့နယ်တွင် ကျောင်းဖွင့်လှစ်ထားခြင်း မရှိပေ။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ခု ရှိပြီး ပုညသုခကျောင်း တွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ဟိုတယ်ကဏ္ဍတွင် ပုဂ္ဂလိကပိုင်အဖြစ် လုပ်ကိုင်သည့် အခန်းပေါင်း (၁၀၄)ခန်းပါ ရေပေါ်ဟိုတယ်တစ်ခု ရှိသည်။ ဆန် အကြီးအကျယ် လက်ကားရောင်းဝယ်ဖောက်ကားသည့် ကုန်စည်ဒိုင်တစ်ခု မော်တင်တွင် တည်ရှိသော ဖက်စပ်(၂) အဆောက်အဦတွင် တည်ရှိသည်။
စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိကပိုင် ဓာတ်ဆီ၊ ဒီဇယ်ဆီအရောင်းဆိုင်အနေဖြင့် Regency မှ ဖွင့်လှစ်ရောင်းချသည့် အရောင်းဆိုင် တစ်ဆိုင် ရှိသည်။
Total Population | 2,826* | ||
Males | 1,697 | ||
Females | 1,129 | ||
Sex Ratio | 150 males per 100 females | ||
Percentage Of Urban Population | 100.0% | ||
Area (km2) | 114.4** | ||
Population Density (persons per km2) | 24.7 | ||
Number Of wards | 3 | ||
Number Of Village Tracts | - | ||
Total | Urban | Rural | |
Population In Conventional HouseHolds | 1,994 | 1,994 | |
Number Of Convetional Households | 410 | 410 | |
Mean Household Size | 4.9 peersons*** | ||
|
|||
|
Business Sectors | Total Business | Total Employees |
---|---|---|
Productions | 1 | 15 |
Retails | 45 | 149 |
Wholesales | 19 | 352 |
Services | 62 | 2874 |
Trading | 3 | 900 |
Township Total | 130 | 4290 |