Shwepyitha Township is located in the northwestern part of Yangon, Myanmar. The township comprises 23 wards and four village tracts and shares borders with Htantabin Township in the north, Mingaladon Township in the east, the Yangon river in the west, and Insein Township in the south. Incorporated into the city of Yangon in 1986, Shwepyitha is still largely undeveloped and lacks basic municipal services.

Over 3,500 businesses situated in this area, around 82,400 employees working in these respective businesses, total area 66.7 sq km – Density: 5,149/sq km, Total Population 343,526 people living in this township. Postal Code – 11411
The township has 43 primary schools, four middle schools and four high schools. The most famous high school is B.E.H.S No.1 and 3.
ရွှေပြည်သာမြို့နယ် ၏ အစပထမသည် အုတ်ဖိုမြို့သစ် ဖြစ်သည်။ အင်းစိန်မြို့နယ်တွင် ပါဝင်သည့် လှော်ကား၊ ကျောင်းကုန်း၊ အုတ်ဖို၊ ဇီးကုန်း၊ ကျူချောင်၊ သံဒင်း(တံတားကြီး) ဟူသည့် ကျေးရွာ အုပ်စု (၆)စုနှင့် ကျေးရွာ (၁၁)ရွာတို့ကို စုစည်းပြီး အုတ်ဖိုမြို့သစ်ကို မြို့ကွက်ဖော်သည်။ လယ်မြေဧက (၄ ၇၅၀)ကို သိမ်းယူပြီး မြို့သစ်တည်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် အုတ်ဖိုမြို့သစ် စတင်ပေါ်ပေါက်လာခဲ့သည်။ နောက်ခံကားချပ်ကို ကြည့်လျှင် ထိုစဉ်က မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ရာ၌ တိုးချဲ့မည့် မြေဧရိယာအတွင်း မလွတ်ကင်းသော နေရာများ ဖြစ်သည့် ဖော့ကန်ရပ်ကွက်၊ ရွာမအရှေ့ရပ်ကွက်၊ စဥ့်ကူရပ်ကွက်၊ အောင်ဆန်းရပ်ကွက်၊ စော်ဘွားကြီးကုန်းရပ်ကွက်များမှ အိမ်ခြေများကို ဖယ်ရှားပြီး နေထိုင်လျက်ရှိသူ အိမ်ထောင်စုများကို အုတ်ဖိုမြို့သစ်တွင် ပြောင်းရွှေ့နေထိုင်စေခဲ့သည်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကျူးကျော်အိမ်ခြေများကို ရှင်းလင်းသည့်အခါ ၎င်းအိမ်ခြေများတွင် နေထိုင်လျက်ရှိသူ အိမ်ထောင်စုများကို အုတ်ဖိုမြို့သစ်သို့ ပြောင်းရွှေ့နေထိုင်စေခဲ့ပြန်သည်။ မြို့သစ်ကိုလည်း တစ်စထက်တစ်စ တိုးချဲ့ခဲ့သည်။ အစိုးရစီမံကိန်းမျာနှင့် မလွတ်ကင်းသည့်နေရာရှိ အိမ်ခြေများ၌ နေထိုင်လျက်ရှိသော အိမ်ထောင်စုများကိုလည်း ဤမြို့သစ်သို့ ပြောင်းရွှေ့နေထိုင်စေခဲ့သည်။ ရပ်ကွက် (၉)ခု၊ ကျေးရွာအုပ်စု(၅)ခု နှင့် ကျေးရွာ (၁၁)ရွာဖြင့် စုစည်းပေးထားခဲ့ရာမှ ၂၀၀၃ ခုနှစ်တွင် မှော်ဘီမြို့နယ်ထဲမှာ တည်ရှိကြသော ဝါးတစ်ရာကျေးရွာအုပ်စု၊ လိန်ကုန်းကျေးရွာအုပ်စု၊ သံဒင်းအနောက်ကျေးရွာအုပ်စု၊ လိပ်ပုတ်ကျေးရွာအုပ်စုတို့မှ လယ်ကွင်းများကိုပါ ထည့်သွင်းပြီး ရွှေပြည်သာမြို့နယ်ကို ရပ်ကွက် (၂၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄)ခု၊ ကျေးရွာ (၅)ခုတို့ဖြင့် သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။ ရပ်ကွက်များကို အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက် စသဖြင့် အမှတ်စဉ်ရေးထိုးကာ အမှတ်(၂၃) ရပ်ကွက်အထိ အခေါ်အဝေါ် သတ်မှတ်ပေးထားသည်။ အခြားအမည် မရှိချေ။ ကျေးရွာအုပ်စုများမှာ လှော်ကားကျေးရွာအုပ်စု၊ ကျောင်းကုန်း ကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာအုပ်စု ဟူ၍ သတ်မှတ်ထားသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ ၂၀၁၇ ခုနှစ် မတ်လကုန်တွင် အိမ်ခြေ (၄၄ ၄၇၅)ခု ရှိပြီး အိမ်ထောင်စု (၅၇ ၂၀၉)စု နေထိုင်လျက် ရှိသည်။ ၎င်းဘဏ္ဍာရေးနှစ်အတွင်းတွင် ပြောင်းဝင်နေထိုင်သူ ဦးရေ (၉ ၀၃၁)ဦး ရှိခဲ့ပြီး အခြားသို့ ပြောင်းရွှေ့သွားသူဦးရေ (၃ ၉၁၄)ဦး ရှိခဲ့ပေရာ အပြောင်းအရွှေ့ လူဦးရေ အလွန်မြင့်မားသော မြို့နယ်ဖြစ်သည်။ လူတစ်ဦးချင်း ထုတ်လုပ်မှု၊ ဝန်ဆောင်မှုတန်ဖိုး Per Capital GDP မှာ ကျပ်သိန်း ၄၀ ကျော်ဝန်းကျင်ရှိသည်။ အကျယ်အဝန်းမှာ ၉ ဒသမ ၁၅ စတုရန်းမိုင် ရှိသည်။ ရွှေပြည်သာမြို့နယ်ကို ပတ်ပတ်လည်တွင် လှော်ကားကန်နှင့် မင်္ဂလာဒုံမြို့နယ်၊ ဝါးတစ်ရာမြစ်(လှိုင်မြစ်)နှင့် ထန်းတပင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ မှော်ဘီမြို့နယ်တို့ ဝန်းရံထားကြသည်။

မြေအနေအထားမှာ လှော်ကား ရေဝေရေလဲ သစ်တောကြိုးဝိုင်းတွင် တောင်ကုန်းအနိမ့်အမြင့်များရှိသည်။ ဝါးတစ်ရာမြစ်ထဲသို့ စီးဝင်သော မြစ်လက်တက် ချောင်းငယ် (၁၁)ခု ရှိသည်။ ဝါးတစ်ရာမြစ်သည် ရေချိုဖြစ်သဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေးသုံးရေအဖြစ် အသုံးပြုကြသည်။ လှော်ကားကန်သည် ရန်ကုန်မြို့ ရေပေးဝေရေးအတွက် အရေးပါသည့် သောက်သုံးရေကန် ဖြစ်သည်။
ရွှေပြည်သာမြို့နယ်တွင် စီးပွားရေးလုပ်ငန်းပေါင်း (၃ ၅၀၀)ခု ရှိပြီး လုပ်သားအင်အားစု (၈၂ ၄၀၀)ဦး လုပ်ကိုင်လျက်ရှိကြောင်း Business Collection Group (BCG) မှ ကောက်ခံထားသော အချက်အလက်များအရ သိရသည်။ စက်မှုဇုန်များ ထူထောင်ထားရာ၌ စက်မှုဇုန် (၁)သည် အဓိကအားဖြင့် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်သည့် စက်ရုံများ ဖြစ်သည်။ စက်မှုဇုန်(၂)သည် ကြွေထည်မြေထည်လုပ်ငန်းများ အဓိကကျသည်။ ဝါးတစ်ရာ စက်မှုဇုန်သည် ပရိဘောဂလုပ်ငန်းများ အဓိကကျသည်။ သာဓုကန်စက်မှုဇုန်သည် အရက်ချက်လုပ်ငန်းများ အဓိကကျသည်။
ဝိုင်ဘီအက်စ် ဘတ်စ်လိုင်းများတွင် ၃၉၊ ၄ဝ၊ ၄၂၊ ၄၄၊ ၆၅၊ ၆၉၊ ၇၂၊ ၇၃၊ ၇၄၊ ၇၇ အစရှိသည့် ဘတ်စ်လိုင်းများ ရွှေပြည်သာမြို့နယ်သို့ ပြေးဆွဲသည်။ အမှတ်(၄)လမ်းမကြီးဖြစ်သော အောက်မင်္ဂလာဒုံလမ်းမကြီးသည် ရွှေပြည်သာမြို့နယ်ကို တောင်မြောက် သွယ်တန်းဖြတ်သန်းထားသည်။ ရထားလမ်းတွင် စက်မှုဇုန်ဘူတာ၊ လှော်ကားဘူတာ၊ သာဓုကန်ဘူတာ၊ ရွှေပြည်သာဘူတာ၊ ကွန်ပျူတာတက္ကသိုလ်ဘူတာတို့သည် ရွှေပြည်သာမြို့နယ်အတွင်းတည်ရှိသည်။
စာပို့သင်္ကေတ အမှတ်မှာ ၁၁၄၁၁ ဖြစ်သည်။
စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိကပိုင် ဓာတ်ဆီ၊ ဒီဇယ်ဆီ အရောင်းဆိုင် (၈)ဆိုင် ရှိသည်။ Max Energy၊ Denko၊ Moon Sun၊ Myawaddy၊ PT Power၊ Regency၊ Than Win Kyaw၊ Thiha Yarzar တို့မှ ဖွင့်လှစ်ထားသည့် အရောင်းဆိုင်များ ဖြစ်သည်။ နိုင်ငံပိုင် သဘာဝဓာတ်ငွေ့CNG အရောင်းဆိုင် (၂)ဆိုင် ရှိသည်။ ထင်ရှားသည့် ဈေးများမှာ နဝရတ်ဈေး၊ ပတ္တမြားဈေး၊ ငမောက်ဈေး၊ သီရိမာလာဈေး၊ အမိုးကြီးဈေး၊ နီလာဈေး၊ သံဒင်းဈေး၊ လားရှိုးဈး၊ (၁၀) ရပ်ကွက်ဈေးတို့ ဖြစ်သည်။
တည်းခိုနေထိုင်ရေးအတွက် မင်းသမီးသစ်ဟိုတယ် (၁)ခု ရှိပြီး အခန်းပေါင်း (၂၁)ခန်းပါဝင်သည်။
အစိုးရပညာရေးကဏ္ဍတွင် အဆင့်မြင့်ပညာရေးအတွက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ရှိသည်။ အခြခံပညာရေးအတွက် အထက်တန်းကျောင်း (၄)ခု၊ အလယ်တန်းကျောင်း (၁၀)ခု ရှိပြီး ယင်းတို့အနက် (၅)ခုမှာ အထက်တန်းကျောင်းခွဲများ ဖြစ်ပြီး မူလတန်းကျောင်း (၄၃)ခု ရှိသည်။ မူလတန်းကြိုကျောင်းအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ကျောင်း (၁)ခု ရှိသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၂)ခု ရှိသည်။
အစိုးရကျန်းမာရေးကဏ္ဍတွင် မြို့နယ်ပြည်သူ့ဆေးရုံတစ်ခု ရှိသည်။