South Dagon Township (also South Dagon Myothit) is located in the southeastern part of Yangon, Myanmar. The township comprises 32 wards and shares borders with North Dagon Township and East Dagon Township in the north, Thingangyun Township in the west across the Pazundaung Creek, the Bago River in the east, and Dagon Seikkan Township in the south. South Dagon is one of the new satellite towns founded in 1989 by the military government.
Over 5,900 businesses situated in this area, over 51,500 employees working in these respective businesses, total area 79.1 sq km (30.545 sq mi) – Density: 4,697/sq km (6,100/sq mi), Total Population 371,646 people living in this township. Postal Code - 11431, 11432, 11433, 11434
The township has 31 primary schools, seven middle schools and three high schools. It is home to the University of Culture, Yangon.
ရန်ကုန်အရှေ့ပိုင်းခရိုင်တွင်
ပါဝင်သည့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သည် ၁၉၈၉ ခုနှစ် နိုဝင်ဘာလတွင်
ဒဂုံမြို့သစ်မြို့နယ်ကို သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီးသည့်နောက် တစ်နှစ်အကြာ ၁၉၉၀ ခုနှစ်
နိုဝင်ဘာလ၌ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ဟူ၍ နှစ်ပိုင်းခွဲခြမ်းသတ်မှတ်ပြဋ္ဌာန်းရာမှ
ပေါ်ပေါက်လာခဲ့သော မြို့နယ်ဖြစ်သည်။ ၎င်းဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ကို ၁၉၉၄
ခုနှစ် သြဂုတ်လ၌ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ဟူ၍ ထပ်မံပိုင်းခြားခဲ့ပြန်သည်။ ထိုအခါ
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ရပ်ကွက် ၂၆ ခုနှင့် ကျေးရွာအုပ်စု ၆ ခု
ပါဝင်ခဲ့သည်။ တစ်ဖန် ၂၀၀၉ ခုနှစ်တွင် ကျေးရွာများ ဖြစ်ကြသည့် ရှမ်းတဲကြီး၊
လေးဒေါင့်ကန်၊ သုံးခွ၊ စိုက်ပျိုးမွေးမြူရေး အမှတ်(၁)၊ ကျီစု(အနောက်)၊ ရွာသာကြီး
ကျေးရွာများကို ရပ်ကွက်များအဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့သည်။ ရပ်ကွက်စုစုပေါင်း ၄၄
ခု ဖြစ်လာခဲ့သော်လည်း ရပ်ကွက် ၁၂ ခုတွင် လူသူနေထိုင်ခြင်း နည်းပါးသဖြင့် ရပ်ကွက်
၃၂ ခုဖြင့် အုပ်ချုပ်စီမံသည်။
ရပ်ကွက် အခေါ်အဝေါ်များမှာ ရွာအမည်များ၊ အမှတ်စဉ် ထိုးပြီး ပေးထားသည့် အမည်များ ရောနှောနေသည်။ တစ်ဖန် အမှတ်စဉ်များမှာလည်း မြို့နယ်တစ်ခုမှ နှစ်ခုပွားများကာ ပိုင်းခြားသတ်မှတ်ခဲ့ခြင်းကြောင့် အစမှအဆုံး အမှတ်စဉ် တစ်ဆက်တည်း မဖြစ်ချေ။ ၎င်းတို့မှာ ကြည်စု (အနောက်) ရပ်ကွက်၊ လေးဒေါင့်ကန် (တောင်) ရပ်ကွက်၊ အမှတ် (၁၀၄) ရပ်ကွက်၊ အမှတ် (၁၀၅) ရပ်ကွက်၊ အမှတ် (၁၀၆) ရပ်ကွက်၊ အမှတ် (၁၀၇) ရပ်ကွက်၊ အမှတ် (၁၄၀) ရပ်ကွက်၊ အမှတ် (၁၄၁) ရပ်ကွက်၊ အမှတ် (၁၄၂) ရပ်ကွက်၊ အမှတ် (၁၄၃) ရပ်ကွက်၊ အမှတ် (၁၄၄) ရပ်ကွက်၊ အမှတ် (၁၄၅) ရပ်ကွက်၊ အမှတ် (၁၄၆) ရပ်ကွက်၊ အမှတ် (၁၄၇) ရပ်ကွက်၊ အမှတ် (၁၅၂) ရပ်ကွက်၊ အမှတ် (၁၅၃) ရပ်ကွက်၊ အမှတ် (၁၅၄) ရပ်ကွက်၊ အမှတ် (၁၇) (တောင်ပိုင်း)ရပ်ကွက်၊ အမှတ် (၁၈) ရပ်ကွက်၊ အမှတ် (၁၉) ရပ်ကွက်၊ အမှတ် (၂၀) ရပ်ကွက်၊ အမှတ် (၂၁) ရပ်ကွက်၊ အမှတ် (၂၂) ရပ်ကွက်၊ အမှတ် (၂၃) ရပ်ကွက်၊ အမှတ် (၂၄) ရပ်ကွက်၊ အမှတ် (၂၅) ရပ်ကွက်၊ အမှတ် (၂၆) ရပ်ကွက်၊ အမှတ် (၅၃) ရပ်ကွက်၊ အမှတ် (၅၄) ရပ်ကွက်၊ အမှတ် (၅၅) ရပ်ကွက်၊ အမှတ် (၅၆) ရပ်ကွက်၊ အမှတ် (၅၇) ရပ်ကွက်၊ အမှတ် (၆၂) ရပ်ကွက်၊ အမှတ် (၆၃) ရပ်ကွက်၊ အမှတ် (၆၄) ရပ်ကွက်၊ အမှတ် (၆၅) ရပ်ကွက်၊ အမှတ် (၆၆) ရပ်ကွက်၊ အမှတ် (၇၀) ရပ်ကွက်၊ အမှတ် (၇၁) ရပ်ကွက်၊ အမှတ် (၇၂) ရပ်ကွက်၊ စိုက်ပျိုးမွေးမြူရေး အမှတ် (၁) ရပ်ကွက်၊ ရှမ်းတဲကြီး (တောင်) ရပ်ကွက်၊ သုံးခွ (တောင်) ရပ်ကွက်၊ ရွာသာကြီး (တောင်) ရပ်ကွက် တို့ ဖြစ်သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သည် ၃၀ ဒသမ ၅၄
စတုရန်းမိုင် ကျယ်ဝန်းသည်။ ပတ်ပတ်လည်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊
လှည်းကူးမြို့နယ်၊ သာကေတမြို့နယ်၊ ငမိုးရိပ်ချောင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်၊
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တို့
ဝန်းရံထားသည်။
၂၀၁၇ ခုနှစ် မတ်လကုန်တွင် လူနေအိမ်ခြေ ၅၆၆၈၁ ခု ရှိပြီး အိမ်ထောင်စု ၅၉၄၆၈ စု နေထိုင်လျက် ရှိသည်။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် စီးပွားရေး လုပ်ငန်းပေါင်း ၅၉၀၀ ခု ရှိပြီး လုပ်သားအင်အားစု ၅၁၅၀၀ ဦး လုပ်ကိုင်လျက် ရှိသည်ဟု Business Collection Group (BCG) မှ အချက်အလက်များအရ သိရသည်။
တောင်ဒဂုံ စက်မှုဇုန်(၁)၊ တောင်ဒဂုံ စက်မှုဇုန်(၂)၊ တောင်ဒဂုံ စက်မှုဇုန်(၃) ဟူ၍ စက်မှုဇုန် သုံးခု ထူထောင်ထားသည်။ စက်မှုဝန်ကြီးဌာနမှ ဓာတ်ခဲစက်ရုံ၊ ဆိုလာပြားစက်ရုံ၊ အောက်ဆီဂျင်ဓာတ်ငွေ့စက်ရုံတို့ တည်ရှိသည်။ ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်းကဏ္ဍတွင် ရူပါသိဒ္ဓိလျှပ်စစ်ကား စက်ရုံ၊ မြန်မာဂျင်နရယ်မော်တော်၊ ဆူဇူကီးမော်တော်ကားကုမ္ပဏီတို့သည် ထင်ရှားသည်။ထင်ရှားသည့် ဈေးများမှာ အမှတ်(၁)ဈေး၊ အမှတ်(၂)ဈေး၊ ဇုန်(၂)ဈေး၊ ဒဂုံသီရိဈေး၊ ဗဟိုစည်ဈေး၊ စိုက်မွေး(၁)ဈေး၊ မင်းရဲကောင်းပုံဈေး၊ ကေတုမတိဈေးတို့ဖြစ်သည်။
အမှတ်(၂)လမ်းကြီးသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် နယ်နိမိတ်ကို နှုတ်ခမ်းသပ်ပေးထားသည်။ မော်တော်ယာဉ်များ မှတ်ပုံတင်ခြင်းကိစ္စ အရပ်ရပ် ဆောင်ရွက်ပေးသည့် ကညန (ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန)သည် ထင်ရှားသည့် အစိုးရဌာနတစ်ခု ဖြစ်သည်။ရထားလမ်းပိုင်းတွင် စက်မှုဇုန်ဘူတာအမည်ဖြင့် ဘူတာရုံငယ်တစ်ခု ရှိသည်။
စာပို့သင်္ကေတမှာ
၁၁၄၃၁ ၊ ၁၁၄၃၂ ၊ ၁၁၄၃၃ ၊ ၁၁၄၃၄ တို့ ဖြစ်သည်။
စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိကပိုင် ဓာတ်ဆီဒီဇယ်ဆီ အရောင်းဆိုင် ၄ ခုရှိသည်။ နီလာရိုးမ၊ Max Energy ၊ Win Win ၊ Moon Sun တို့မှ ဖွင့်လှစ်ထားသော အရောင်းဆိုင်များ ဖြစ်သည်။နိုင်ငံပိုင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင် တစ်ဆိုင် ရှိသည်။
အစိုးရပညာရေးကဏ္ဍတွင် အဆင့်မြင့်ပညာရေးအတွက် စီးပွားရေးတက္ကသိုလ်၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တို့ ရှိသည်။ အခြေခံပညာရေးအတွက် အထက်တန်းကျောင်း ၈ ခု၊ အလယ်တန်းကျောင်း ၉ ခု၊ အလယ်တန်းကျောင်းခွဲ ၁ ခု၊ မူလတန်းကျောင်း ၂၅ ခု၊ မူလတန်းကြိုကျောင်း ၁ ခု တို့ ရှိသည်။ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၅ ခု ရှိသည်။
ကျန်းမာရေးကဏ္ဍတွင် အစိုးရပိုင် ကုတင် ၂၅ ဆန့် မြို့နယ်ဆေးရုံ၊ ကုတင် ၁၆ ဆန့် လေးထောင့်ကန်ဆေးရုံတို့ ရှိသည်။ ပုဂ္ဂလိကကဏ္ဍတွင် ကုတင် ၂၀ ဆန့် ဧရာဝတီဆေးရုံ ရှိသည်။
Total Population | 371,646* | ||
Males | 181,140 | ||
Females | 190,506 | ||
Sex Ratio | 95 males per 100 females | ||
Percentage Of Urban Population | 100.0% | ||
Area (km2) | 79.1** | ||
Population Density (persons per km2) | 4697.7 persons | ||
Number Of wards | 32 | ||
Number Of Village Tracts | - | ||
Total | Urban | Rural | |
Population In Conventional HouseHolds | 358,350 | 358,350 | |
Number Of Convetional Households | 76,984 | 76,984 | |
Mean Household Size | 4.7 persons*** | ||
|
|||
|
Business Sectors | Total Business | Total Employees |
---|---|---|
Productions | 708 | 24487 |
Retails | 2446 | 8580 |
Wholesales | 276 | 2205 |
Services | 2471 | 11363 |
Trading | 34 | 4906 |
Township Total | 5935 | 51541 |
GK General Trading Co., Ltd. | ||
---|---|---|
Category | : | Hardware Merchants & Ironmongers |
Address | : | C-32/33, Lawpita St., Industrial Zone (3), |
Phones | : | 01-590727, 01-591675, 09-254354953, 09-5109665, 09-695109665 |
Central | ||
---|---|---|
Category | : | Crane Hires |
Address | : | B (171/172/173/174), Pazundaung Set Hmu St., Industrial Zone (3), |
Phones | : | 01-590708, 01-590777, 01-8100662, 01-8400663, 09-975050888, 09-796777779 |
Myanmar Pinnacle Co., Ltd. | ||
---|---|---|
Category | : | Construction & Contractor Equipment & Supplies |
Address | : | 530/2, Mogoke Lane, Industrial Zone (1), |
Phones | : | 01-8100722, 01-8100723, 09-5022942, 09-5139157 |
SMG Construction Co., Ltd./Thein Than Scaffolding | ||
---|---|---|
Category | : | Construction Services |
Address | : | 492, Bayint Naung St., Near Mya Yamon Housing, Ward (26), |
Phones | : | 01-8100181, 01-8100179, 09-73106011, 09-73106044, 09-421090200 |
Central | ||
---|---|---|
Category | : | Construction Materials |
Address | : | B (171/172/173/174), Pazundaung Set Hmu St., Industrial Zone (3), |
Phones | : | 01-590708, 01-590777, 01-8100022, 09-975050888, 09-796777779 |