South Okkalapa Township is located in the eastern part of Yangon. The township comprises 13 wards and shares borders with North Okkalapa Township in the north, North Dagon Township in the east, Yankin Township in the west and Thingangyun Township in the south. South Okkalapa was one of the satellite towns established in 1959. Today, it is a firmly established part of the city, albeit with nominal access to the city's electricity grid and sewer system.
Near around 3,800 businesses situated in this area, over 26,500 employees working in these respective businesses, its united with 13 Wards, Area 10.2 sq km – Density: 15,812/sq km, Total Population 161,126 people living in this township. Postal Code – 11091

The township has 29 primary schools, eight middle schools and five high schools. The North Okkalapa General Hospital, an affiliated teaching hospital of the University of Medicine 2, Yangon serves South Okkalapa as well. The South Okkalapa Women's and Children's Hospital is a major specialized hospital in the city.
တောင်ဥက္ကလာပမြို့နယ် သည် ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် ကျူးကျော်ကွက်သစ်များ ဖြစ်သည့် ကပ္ပလီကွက်သစ်၊ ဆင်မင်းကွက်သစ်တို့ကို ဖျက်သိမ်းပြီး နေထိုင်သူ အိမ်ထောင်စုများကို တောင်ဥက္ကလာပနှင့် သာကေတတို့တွင် မြို့ကွက်ဖော်ပြီး နေရာပြန်လည်ချထားပေးခဲ့ရာမှ ပေါ်ပေါက်လာသည်။ ရပ်ကွက်များ ပိုင်းခြားသတ်မှတ်ပေးခဲ့ရာ၌ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက် စသဖြင့် အမှတ်စဉ်ရေးထိုး၍ ခေါ်တွင်စေခဲ့ပြီး မြို့နယ်ကို နယ်မြေပိုင်းခြား သတ်မှတ်ပြီး မြို့နယ်တစ်ခုအဖြစ် သတ်မှတ်သောအခါ အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက်တို့သည် မြောက်ဥက္ကလာပမြို့နယ် နယ်နိမိတ်ထဲ ပါဝင်သွားသည်။ တောင်ဥက္ကလာပမြို့နယ်တွင် အမှတ်(၃)ရပ်ကွက်မှ အစပြုကာ အမှတ်(၁၅)ရပ်ကွက် အထိ ရပ်ကွက် (၁၃) ခုသာကျန်ရှိသည်မှာ ယခုတိုင် ဖြစ်သည်။
အကျယ်အဝန်းသည် ၃ ဒသမ ၉၃ စတုရန်းမိုင် ရှိသည်။ ပတ်ပတ်လည်တွင် ငမိုးရိပ်ချောင်းနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကင်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်တို့ ဝန်းရံထားသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ ၂၀၁၇ ခုနှစ် မတ်လကုန်တွင် လူနေအိမ်ခြေ (၂၃ ၄၄၂)ခု ရှိပြီး အိမ်ထောင်စု (၃၃ ၆၆၅)စု နေထိုင်လျက် ရှိသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်း Business Collection Group (BCG) ၏ အချက်အလက်များအရ စီးပွားရေးလုပ်ငန်း (၃ ၈၀၀)ခု ဝန်းကျင်ရှိပြီး လုပ်သားအင်အားစု (၂၆ ၅၀၀)ဦး လုပ်ကိုင်လျက်ရှိသည်။ စက်မှုဇုန် ရှိသော်ငြားလည်း စက်မှုလက်မှုရပ်ကွက်ကို စက်မှုဇုန်ဟု အမည်ပြောင်းလဲထားသည့် သဘောမျှသာ ဖြစ်သဖြင့် စက်ရုံကြီးကြီးမားမားဟူ၍ အမှတ်(၁၄)ရပ်ကွက်တွင် တည်ရှိသော အထည်ချုပ်စက်ရုံတစ်ခုသာ ရှိသည်။ ၎င်းသည် Korace Ltd. မှ လုပ်ကိုင်သော စက်ရုံဖြစ်သည်။

မြို့ရထားလမ်းပိုင်းသည် အလျား (၁) မိုင်ရှိပြီး ကံဘဲ့ဘူတာမှ ပါရမီဘူတာအထိ ဖြစ်သည်။ ဝိုင်ဘီအက်စ် ဘတ်စ်လိုင်းများတွင် ၆၊ ၁၃၊ ၁၄၊ ၁၈၊ ၂၆၊ ၂၇၊ ၂၉၊ ၃၈၊ ၄၂၊ ၈၄၊ ၉၃ အစရှိသည့် လိုင်းများ ရောက်သည်။
စာပို့သင်္ကေတ အမှတ်မှာ (၁၁၀၉၁) ဖြစ်သည်။
ထင်ရှားသည့် စေတီပုထိုးမှာ (၁၄)ရပ်ကွက် သံသုမာလမ်းရှိ ရှေးဟောင်းခုနစ်ဆူဘုရားနှင့် အောင်တော်မူစေတီတို့ ဖြစ်သည်။
စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိကပိုင် ဓာတ်ဆီ၊ ဒီဇယ်ဆီ အရောင်းဆိုင် (၃)ခု ရှိသည်။ Max Energy၊ Yar Zar Minနှင့် New Day တို့ဖြစ်သည်။ နိုင်ငံပိုင် ဓာတ်ဆီ၊ ဒီဇယ်ဆီ အရောင်းဆိုင်ဖြစ်သော ဆိုင်အမှတ် ၀၂၄၇ ရှိသည်။ နိုင်ငံပိုင် CNG သဘာဝဓာတ်ငွေ့ အရောင်းဆိုင် (၃)ဆိုင်ရှိသည်။ ဆိုင်အမှတ် ၀၃၇၊ ၀၂၄ နှင့် ၀၁၇ တို့ ဖြစ်သည်။
ဟိုတယ်ကဏ္ဍတွင် ပုဂ္ဂလိကပိုင်ဟိုတယ် (၄)ခု ရှိသည်။ အခန်းပေါင်း (၁၇၅) ခန်းပါ ကြယ်ငါးပွင့်အဆင့် Grand Mercure Yangon Golden Empire Hotel၊ အခန်းပေါင်း (၈၅) ခန်းပါ ကြယ်သုံးပွင့်အဆင့် Sein Taung Gyi Hotel၊ အခန်း (၂၅) ခန်းပါ ကြယ်နှစ်ပွင့်အဆင့် Pann Yamone Hotel၊ အခန်း (၂၄) ခန်းပါ ကြယ်တစ်ပွင့်အဆင့် Okkalar Hotel တို့ ဖြစ်သည်။ ထင်ရှားသည့် ဈေးများမှာ နန္ဒဝန်ဈေး၊ ပဒေသာဈေး၊ ငွေယမုံဈေး၊ မြင်သာဈေးတို့ဖြစ်သည်။
အစိုးရပညာရေးကဏ္ဍတွင် အထက်တန်းကျောင်း (၅)ခု၊ အလယ်တန်းကျောင်း (၈)ခု၊ မူလတန်းကျောင်း (၃၀)ခု၊ နေ့ကလေးထိန်းကျောင်း (၁)ခု ရှိသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၃)ခု ရှိသည်။ ပုဂ္ဂလိကပညာရေးကဏ္ဍတွင် ကိုယ်ပိုင်အထက်တန်းကျောင်း (၄)ကျောင်း ရှိသည်။
ကျန်းမာရေးကဏ္ဍတွင် နိုင်ငံပိုင်ဆေးရုံဖြစ်သော ကုတင် (၁၅၀)ဆံ့ အမျိုးသမီးနှင့် ကလေးဆေးရုံ ရှိသည်။ ပုဂ္ဂလိကဆေးရုံဖြစ်ပြီး (၁၆)ကုတင်ဆံ့ ဆေးရုံငယ် ဖြစ်သည့် တက်လမ်းဆေးရုံ ရှိသည်။