Tamwe Township is located in east central Yangon, Myanmar. The township comprises 20 wards and shares borders with Yankin Township in the north, Thingangyun Township and Mingalar Taung Nyunt Township in the east, Bahan Township in the west, and Mingalar Taung Nyunt township in the south.
Over 5,200 businesses situated in this area, over 32,400 employees working in these respective businesses, Area: 4.4 sq km Density: 37,374/sq km [2014], Total Population 165,313 people living in this township. Postal codes 11211, 11212
The township has 30 primary schools, four middle schools and six high schools.
တာမွေမြို့နယ် မှ တာမွေ ဟူသောအမည်သည် မွန်စကား တာမွိုင့်မှ ကာလရွေ့လျာ:ပြီး တာမွေ ဖြစ်လာသည်ဟု ဆိုသည်။ တာ သည် ထန်းပင်ကို ဆိုလိုသည်။ မွိုင့်သည် တစ် (၁) ဖြစ်သည်။ တာမွေအရပ်၌ အထင်ကရ အမှတ်အသားအဖြစ် ထန်းပင်တစ်ပင် ရှိသည်ကို အကြောင်းပြုပြီး တာမွိုင့် (ဝါ) ထန်းတစ်ပင် အရပ်ဟု အမည်တွင်ခဲ့သည်ဟု ဆိုသည်။
တာမွေမြို့နယ်ကို ၁၉၇၄ ခုနှစ် ဧပြီလတွင် ရပ်ကွက် (၂၄)ခုဖြင့် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ရပ်ကွက် (၄)ခုမှာ ကျူးကျော်ရပ်ကွက်များ ဖြစ်သဖြင့် မြို့သစ်များသို့ ပြောင်းရွှေ့နေထိုင်စေခဲ့သည်။ သို့ဖြစ်ရာ မြေဧရိယာ အကျယ်အဝန်း မပြောင်းလဲဘဲ ကျန်ရှိသည့် ရပ်ကွက် (၂၀)ခုဖြင့် ၂၀၀၉ ခုနှစ်တွင် တာမွေမြို့နယ်ကို ပြင်ဆင်သတ်မှတ်ပြဋ္ဌာန်းပေးခဲ့သည်မှာ ယခုတိုင် ဖြစ်သည်။ ၎င်း ရပ်ကွက်များမှာ အရိုးကုန်းရပ်ကွက်၊ ဘိုလိန်းအောင်မင်္ဂလာရပ်ကွက်၊ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်၊ ဗျိုင်းရေအိုးစင်ရွာမရပ်ကွက်၊ ကျားကွက်သစ်ရပ်ကွက်၊ ကျောက်မြောင်း (အရှေ့)ရပ်ကွက်၊ ကျောက်မြောင်း (အထက်)ရပ်ကွက်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ မအူကုန်းရပ်ကွက်၊ မလွှကုန်းဌေးကြွယ် (က)ရပ်ကွက်၊ မာန်အောင်ရပ်ကွက်၊ မေတ္တာညွှန့်ရပ်ကွက်၊ နတ်ချောင်းရပ်ကွက်၊ နတ်မောက်ရပ်ကွက်၊ ပုသိမ်ညွှန့်ရပ်ကွက်၊ ပုဏ္ဏားကုန်းရပ်ကွက်၊ ပျားရည်ကုန်းရပ်ကွက်၊ တာမွေကြီး (က+ဂ) ရပ်ကွက်၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေလေးရပ်ကွက် စသည်တို့ဖြစ်သည်။
တာမွေမြို့နယ် ပတ်ပတ်လည်တွင် ရန်ကင်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဗဟန်းမြို့နယ် တို့ ဝန်းရံထားပြီး မြို့နယ်အကျယ်အဝန်းမှာ ၁ ဒသမ ၇၁ စတုရန်းမိုင် ရှိသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ ၂၀၁၇ ခုနှစ် မတ်လကုန်တွင် လူနေအိမ်ခြေ (၇ ၂၀၃)ခု ရှိပြီး အိမ်ထောင်စု (၃၅ ၆၅၃)စု နေထိုင်လျက် ရှိသည်။
Business Collection Group(BCG) မှ အချက်အလက်များအရ စီးပွားရေးလုပ်ငန်း (၅ ၂၀၀)ကျော် ရှိပြီး လုပ်သားအင်အားစု (၃၂ ၄၀၀)ဦး လုပ်ကိုင်လျက်ရှိသည်။ မြို့နယ်အတွင်းတွင် စက်မှုဇုန် မရှိသော်လည်း တိုင်ဟွာ ပဲငံပြာရည်စက်ရုံ၊ ဒေါင်းဆန်ကြာဇံစက်ရုံ၊ စနိုးကွင်းရေသန့်စက်ရုံ၊ စပရင်းရေသန့်စက်ရုံ၊ မီကို အထည်ချုပ်စက်ရုံ အစရှိသည့် လုပ်ငန်းများ ရှိသည်။
ထင်ရှားသည့် စေတီပုထိုးများမှာ မဟာအတုလကိုးနဝင်းစေတီ၊ နတ်ဘုန်းရှိန်စေတီ၊ ကမ္ဘာလုံးချမ်းသာစေတီ၊ ငှက်ပျာဖူးစေတီ၊ အတုလမာန်အောင်စေတီ အစရှိသည်တို့ ဖြစ်သည်။ ထင်ရှားသည့် ဈေးများမှာ တာမွေဈေး၊ ရာပြည့်ဈေး၊ ကျောက်မြောင်းဈေး၊ ဒဂုံညွှန့်ဈေး၊ မေတ္တာညွှန့်ဈေး၊ အရိုးကုန်းဈေးတို့ ဖြစ်သည်။ တာမွေမြို့နယ်တွင် တည်ရှိသည့် ကုန်တိုက်များမှာ Super One ၊ United Living Mall ၊ Aeon Orange တို့ ဖြစ်သည်။
တာမွေဈေးသို့ ဝိုင်ဘီအက်စ် ယာဉ်လိုင်းများ ဖြစ်ကြသည့် ၃၊ ၇၊ ၉၊ ၂ဝ၊ ၂၅၊ ၂၇၊ ၆၅၊ ၇၂၊ ၈၅၊ ၉၅၊ ၉၇ တို့ ပြေးဆွဲသည်။ တာမွေအဝိုင်းမှတ်တိုင်သို့ ၁၂၊ ၂ဝ၊ ၅၉၊ ၆၂၊ ၆၅၊ ၇၅၊ ၈ဝ၊ ၈၅၊ ၉၇ တို့ ပြေးဆွဲသည်။ မြို့ပတ်ရထားလမ်းပိုင်းသည် အလျား ၂ မိုင်ရှိပြီး တာမွေလေးမှ မေတ္တာညွှန့်အထိ ဖြစ်သည်။
စာပို့သင်္ကေတ အမှတ်များမှာ ၁၁၂၁၁ နှင့် ၁၁၂၁၂ တို့ ဖြစ်သည်။
စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိကပိုင် ဓာတ်ဆီဒီဇယ်အရောင်းဆိုင် (၅)ဆိုင်ရှိသည်။ သူရိယစွမ်းအင်၊ MMTM၊ Max Energy၊ Regency၊ F 2000 တို့မှ ဖွင့်လှစ်ထားသော အရောင်းဆိုင်များ ဖြစ်သည်။ အစိုးရပိုင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တစ်ဆိုင် ရှိသည်။
ဟိုတယ်ကဏ္ဍတွင် ပုဂ္ဂလိကပိုင် ဟိုတယ် (၁၅)ခု ရှိပြီး အခန်းပေါင်း (၃၀၀)ပါဝင်ပြီး ကြယ်လေးပွင့်အဆင့်ရှိ ချပ်ထရီယမ်သည် အခန်းအများဆုံး ဟိုတယ် ဖြစ်သည်။ အခန်းဒုတိယအများဆုံး ဟိုတယ်မှာ အခန်းပေါင်း (၁၈၉)ခန်း ပါသည့် ဂရင်းဟေးလ်ဟိုတယ် ဖြစ်သည်။ အခန်း တတိယအများဆုံးမှာ (၁၁၉)ခန်း ပါဝင်သည့် စကိုင်းစတား ဟိုတယ် ဖြစ်သည်။
အစိုးရပညာရေးကဏ္ဍတွင် အထက်တန်းကျောင်း (၇)ခု၊ အလယ်တန်းကျောင်း (၄)ခု၊ မူလတန်းကျောင်း (၂၈)ခု ရှိသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁)ခုရှိသည်။
ကျန်းမာရေးကဏ္ဍတွင် အစိုးရဆေးရုံများ ဖြစ်ကြသည့် အလုပ်သမားဆေးရုံ၊ မျက်စိဆေးရုံ၊ နားနှာခေါင်းလည်ချောင်း ဆေးရုံတို့ ရှိသည်။ ပုဂ္ဂလိကပိုင် ဆေးရုံ (၂)ခု ရှိသည်။ ၎င်းမှာ ရွှေဗဟိုဆေးရုံနှင့် အာယုဆေးရုံ တို့ဖြစ်သည်။