Welcome to Thaketa Township

Welcome to Thaketa

All about Thaketa



HISTORY & BOUNDARIES

Thaketa Township is located in the eastern part of Yangon, Myanmar. The township comprises 19 wards and shares borders with Thingangyun Township in the north and west, the Bago River in the east, and Dawbon Township in the south. The Pazundaung Creek flows through the township. Founded in 1959, Thaketa is made up largely of middle-class and working-class neighbourhoods. 5 South Korean companies have teamed up to build a 500-megawatt gas-fired combined cycle power plant in Thaketa Township to supply electricity to Thilawa Special Economic Zone. 


Over 4,000 businesses situated in this area, over 29,400 employees working in these respective businesses, total area 12.8 sq km  – Density: 172,579/sq km, Total Population 220,556 people living in this township. Postal Code - 11231, 11232

South Korean companies have teamed up to build a 500-megawatt gas-fired combined cycle power plant in Thaketa Township to supply electricity to Thilawa Special Economic Zone. 

၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် ကျူးကျော်များကို ပြောင်းရွှေ့အခြေချပေးရန် သာကေတမြို့သစ်ကို ရန်ကုန်မြို့ မြို့တော်ဝန် ဗိုလ်မှူးကြီးထွန်းစိန်က မြို့သစ်တည်ခဲ့သည်။ တည်နေရာမှာ ငမိုးရိပ်ချောင်းနှင့် ပုဇွန်တောင်ချောင်းတို့ ဆုံကြသည့် ကျွန်းဆွယ်ပေါ်တွင် ဖြစ်သည်။ သို့ဖြစ်ရာ မြေအမျိုးအစားမှာ နုံးတင်မြေနု အမျိုးအစား ဖြစ်သည်။ အကျယ်အဝန်းမှာ ၄ ဒသမ ၉၃ စတုရန်းမိုင် ရှိသည်။ ပတ်ပတ်လည်တွင် ငမိုးရိပ်ချောင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပဲခူးမြစ်၊ ဒေါပုံမြို့နယ်တို့ ဝန်းရံထားသည်။ ရပ်ကွက် (၁၉) ခုဖြင့် ဖွဲ့စည်းထားပြီး ရပ်ကွက်အမည်များမှာ အမှတ် (၁) အနော်မာရပ်ကွက်၊ အမှတ် (၁) ထူပါရုံရပ်ကွက်၊ အမှတ် (၁၀) ရပ်ကွက် (မြောက်)၊ အမှတ် (၁၀) ရပ်ကွက် (တောင်)၊ အမှတ် (၂) ရပ်ကွက် (မြောက်)၊ အမှတ် (၂) ရပ်ကွက် (တောင်)၊ အမှတ် (၃) မာန်ပြေရပ်ကွက်၊ အမှတ် (၃) ရန်ပြေရပ်ကွက်၊ အမှတ် (၄) ရပ်ကွက် (မြောက်)၊ အမှတ် (၄) ရပ်ကွက် (တောင်)၊ အမှတ် (၅) ရပ်ကွက်၊ အမှတ် (၆) ရပ်ကွက် (အရှေ့)၊ အမှတ် (၆) ရပ်ကွက် (အနောက်)၊ အမှတ် (၇) ရပ်ကွက် (အရှေ့) တို့ ဖြစ်သည်။


မြို့နယ်အတွင်းတွင် ၂၀၁၇ ခုနှစ် မတ်လ ကုန်၌ အိမ်ခြေ (၃၂ ၂၉၅) ခုရှိပြီး အိမ်ထောင်စု (၄၅ ၉၇၅) စု နေထိုင်လျက် ရှိသည်။ စီးပွားရေးလုပ်ငန်း (၄၀၀၀) ကျော်ရှိပြီး လုပ်သားအင်အားစု (၁၉ ၄၀၀) ဦး လုပ်ကိုင်လျက်ရှိကြောင်း Business Collection Group (BCG) ၏ အချက်အလက်များအရ သိရသည်။ စက်မှုဇုန်အနေဖြင့် သာကေတ စက်မှုဇုန် တည်ရှိသည်။ နိုင်ငံပိုင် စက်ရုံများမှာ သင်္ဘောဆေးစက်ရုံ၊ ရေလုံသင်္ဘောကျင်း တို့ဖြစ်သည်။ ပုဂ္ဂလိကပိုင် ဆီအုန်းစက်ရုံတစ်ရုံ ရှိသည်။


ရှုခင်းသာရပ်ကွက်တွင် တည်ရှိသော ကြယ်ငါးပွင့်ဆိပ်ခံတံတားတွင် ကမ်းရိုးတန်းသင်္ဘောများ  ဆိုက်ကပ်သည်။ ကမ်းရိုးတန်းမြို့များ ဖြစ်သည့် စစ်တွေ၊ ရေး၊ မြိတ်၊ ကော့သောင်း အစရှိသည့် မြို့များသို့ ပြေးဆွဲသည်။ ဝိုင်ဘီအက်စ် ဘတ်စ်ကားလိုင်းများတွင် ၄၊ ၅၊ ၉၊ ၃၂၊ ၃၃၊ ၃၄၊ ၇ဝ၊ ၇၆၊ ၈ဝ၊ ၈၅၊ ၉၅ တို့သည်သာကေတသို့ ပြေးဆွဲသည်။ မြစ်တစ်ဖက်ကမ်းသို့ ယာဉ်နှင့် ရထား ကူးသန်းရန် တည်ဆောက်ထားသည့် ရန်ကုန်-သံလျင်တံတားသည် သာကေတမြို့နယ်၏ ထင်ရှားသောတံတား ဖြစ်သည်။


စာပို့သင်္ကေတမှာ ၁၁၂၃၁ နှင့် ၁၁၂၃၂ တို့ ဖြစ်သည်။



စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိကပိုင် ဓာတ်ဆီ၊ဒီဇယ်ဆီ အရောင်းဆိုင်(၆) ဆိုင်ရှိသည်။ 2000၊ APM၊ Max Energy၊ PT Power၊ Shwe Byain Phyu၊ Energy တို့မှ ဖွင့်လှစ်ထားသော အရောင်းဆိုင်များ ဖြစ်သည်။ နိုင်ငံပိုင် CNG သဘာဝဓာတ်ငွေ့ အရောင်းဆိုင် (၂)ဆိုင် ရှိသည်။

 

ဟိုတယ်ကဏ္ဍတွင် ဟိုတယ် (၅) ခုရှိရာ၌ ကြယ်သုံးပွင့် ဟိုတယ် (၁)ခု၊ ကြယ်နှစ်ပွင့် ဟိုတယ် (၂) ခုနှင့် ကြယ်တစ်ပွင့် ဟိုတယ် (၂) ခုတို့ ပါဝင်သည်။ အပန်းဖြေစခန်းဖြစ်သည့် ရှုခင်းသာ အပန်းဖြေစခန်း ရှိသည်။ အပန်းဖြေနှင့် လေ့လာရေးအဖြစ် သွားရောက်နိုင်သည့် တိုင်းရင်းသားကျေးရွာ လည်းရှိသည်။


ထင်ရှားသည့် ဈေးများမှာ အမှတ်(၁)ဈေး၊ အမှတ်(၂)ဈေး၊ အမှတ်(၃)ဈေး၊ အမှတ်(၅)ဈေး၊ အမှတ်(၇)ဈေး၊ ခိုင်ရွှေဝါဈေး၊ ဥယျာဉ်ဈေး၊ ဓမ္မာရုံဈေးတို့ ဖြစ်သည်။ ကုန်တိုက်များမှာ Aeon Orange နှင့် City Mart တို့ တည်ရှိသည်။


အစိုးရပညာရေးကဏ္ဍတွင် အထက်တန်းကျောင်း (၅) ခု၊ အလယ်တန်းကျောင်း (၇) ခု၊ မူလတန်းကျောင်း (၄၆) ခု ရှိသည်။ မူလတန်းကြိုကျောင်း (၄၆) ခု ရှိသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၉) ခု ရှိသည်။


ကျန်းမာရေးကဏ္ဍတွင် နိုင်ငံပိုင်ဆေးရုံဖြစ်သော ကုတင် (၁၀၀) အထူးကုဆေးရုံတစ်ခု ရှိသည်။


Thaketa Demographic & Economic Activities


Total Population 220,556*
Males 107,290
Females 113,266
Sex Ratio 95 males per 100 females
Percentage Of Urban Population 100.0%
Area (km2) 12.8**
Population Density (persons per km2) 17257.9
Number Of wards 19
Number Of Village Tracts -
Total Urban Rural
Population In Conventional HouseHolds 21,2290 21,290
Number Of Convetional Households 45,456 45,456
Mean Household Size 4.7 persons***
  • •In Thakayta Township, there are slightly more females than males with 95 males per 100 females.
    •All the people in the Township live in urban areas.
    •The population density of Thakayta Township is 17,258 persons per square kilometre.
    •There are 4.7 persons living in each household in Thakayta Township. This is slightly higher than the Union average.
  • * Includes both household population and institution population.
    ** Settlement and Land Record Department, Ministry of
         Agriculture, Livestock and Irrigation, (2014-2015)
    *** Calculated based on conventional household population

Business Sectors Total Business Total Employees
Productions 64 6188
Retails 1434 3585
Wholesales 317 5201
Services 2187 13598
Trading 17 903
Township Total 4019 29475






Events : မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံး မွေးမြူရေး၊ ဆေးဝါး နှင့်အစာထုတ်လုပ်မှု့ ဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲကြီး AgriLivestock 2019 ကို ဒီဇင်ဘာ (၅)ရက် မှ (၇)ရက် အထိ ရန်ကုန်မြို့၊သာကေတမြို့နယ် မင်းနန္ဒာလမ်းနှင့်သုမနလမ်းထောင့် Fortune Plaza ကျင်းပပြုလုပ်သွားပါမည်။ Events : ဆောက်လုပ်ရေးဆိုင်ရာ MyanBuild 2019 ပြပွဲကို နိုဝင်ဘာ (၂၈) မှ နိုဝင်ဘာ (၃၀) ရက်နေ့ အထိ ရန်ကုန်မြို့ သာကေတမြို့နယ် ရှိ Fortune Plaza တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားပါမည်။ News & Info : FDA မှ ဈေးကွက်၌ ရောင်းချလျက်ရှိသော အစားအသောက်များကို စစ်ဆေးရာတွင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ပါဝင်ပစ္စည်းများ အသုံးပြုထားသောကြောင့် စားသုံးရန်မသင့်ကြောင်း အစားအသောက် (၃၃) မျိုးကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ News & Info : OMNI FOCUS ကုမ္ပဏီမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် အောင်မင်္ဂလာအဝေး ပြေး ယာဉ်ရပ်နားဝင်း၊ ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားဝင်းတို့ကို ချိတ်ဆက်ပြေးဆွဲမည့် Airport Shuttle ယာဉ်လိုင်းအသစ်ကို ယခု လအတွင်း ယာဉ်အစီး နှစ်ဆယ်ဖြင့် စတင်ပြေးဆွဲမည် ဖြစ်သည်။ News & Info : ရန်ကုန်- မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် စီမံကိန်းဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် ပဲခူး-ညောင်လေးပင်-တောင်ငူ လမ်းပိုင်းကို ပထမဦးစားပေးအနေဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။ News & Info : အိန္ဒိယနိုင်ငံက ဆောင်ရွက်နေသည့် ကုလားတန်ဘက်စုံ သုံးစီမံကိန်း၏ ပလက်ဝနှင့် စစ်တွေဆိပ်ကမ်းများ လုပ်ဆောင်ခွင့်ရကုမ္ပဏီများကို လာမည့် ဒီဇင်ဘာတွင် ထုတ်ပြန်ကြေညာမည်ဟု အိန္ဒိယပြည်တွင်းရေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားခဲ့ပါတယ်။ News & Info : ပြည်သူတွေ ခရီးသွားလာရေး ပိုမိုအဆင်ပြေစေဖို့အတွက် ရန်ကုန် မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု ဆောင်ရွက်နေတာဟာ အခုဆိုရင် စီမံကိန်းတစ်ခုလုံးရဲ့ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ News & Info : ၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများအနေဖြင့် ၄င်းတို့ဝင်ခွင့်ရ တက္ကသိုလ်များတွင် နိုဝင်ဘာ (၁၈) ရက်မှ ဒီဇင်ဘာ (၁၃) ရက်အတွင်း ကျောင်းအပ်ရမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာထားသည်။ News & Info : ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်တံတားအမှတ်(၁)တွင် Bearing နှင့် Expansion Joint လဲလှယ်ခြင်းအား ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၉ ရက်တွင် လုပ်ငန်းအားလုံးပြီးစီးမည်ဖြစ်ပြီး ယာဉ်များအား နိုဝင်ဘာ ၃၀ ရက် နေ့လည်ပိုင်းမှစ၍ ပြန်လည်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း လမ်းတံတားဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပါသည်။ Events : MSME Expo 2020 Yangon ပြပွဲကို ဇန်န၀ါရီလ (၃) ရက်နေ့ မှ (၅)ရက်နေ့ ထိ ရန်ကုန်မြို့၊ သာကေတမြို့နယ် မင်းဓမ္မလမ်းရှိ Fortune Plaza တွင် ကျင်းပပြုလုပ်သွားပါမည်။ Promotion : G & G ရဲ့ တန်မှတန်တဲ့ Monthly Savings Promotion ကို နိုဝင်ဘာ ၁ လ လုံး ကိုယ်လိုချင်တဲ့ ပစ္စည်းလေးဝယ်ယူရင်း Promotion ရယူနိုင်ပါပြီ။ News & Info : YBS ယာဉ်​စီးခ​ငွေကို ကတ်ဖြင့်ပေးချေသည့်စနစ်အား ယာဉ်​လိုင်းအားလုံးတွင် ဒီဇင်​ဘာလကုန်၌ အပြီးတပ်​ဆင်​မည်​ဖြစ်​ပြီး အဆိုပါကတ်တစ်သိန်းကို G&G Convenience Stor ဆိုင်​များ၌ စတင်​​ရောင်းချ​မည်​ဖြစ်​​ကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီး အများပြည်​သူသယ်​ယူပို့​ဆောင်​​ရေး ကြီးကြပ်​ကွပ်ကဲမှု အာဏာပိုင်​အဖွဲ့ (YRTA ) မှ သိရှိရပါသည်။

For Your Information

Start Your Campaign Today


All about Thaketa


Pyithu Hluttaw
: Dr Wai Phyo Aung
: +95 9 448041413

Amyotha Hluttaw
: U Than Soe
: +95 9 428023274

Region Hluttaw (Twsp-1)
: U Naing Ngan lin
: +95 450 048 599

Region Hluttaw (Twsp-2)
: Daw Thet Htar Nwe Win
: +95 799 246 274

Committee Member
: U Sein Ohn
: +95 9 440 026 749

Township Chairman
: U Aung Nyein Kyaw
: +95 9 260 046 567,+95 9 255 290 089

Township Member 1
: U Thura Zaw
: +95 9 420 082 127

Township Member 2
: Daw May Thandar Hlaing
: +95 9 783 511 069

Township Member 3
: U Zaw Min Oo
: +95 9 250 125 180

Secretary
: U Maung Maung Than
: +95 9 977 275 127


Useful Information




Yangondirectory
SH Equipment (Myanmar) Co., Ltd.
Category : Crane Sales & Services
Address : 296/E-4, Ayeyar Wun Rd.,
Phones : 01-9410132


Yangondirectory
SH Equipment (Myanmar) Co., Ltd.
Category : Construction Materials
Address : 296/E-4, Ayeyar Wun Rd.,
Phones : 01-9410132


Yangondirectory
SH Equipment (Myanmar) Co., Ltd.
Category : Crane Hires
Address : 296/E-4, Ayeyar Wun Rd.,
Phones : 01-9410132


Yangondirectory
SH Equipment (Myanmar) Co., Ltd.
Category : Construction Services
Address : 296/E-4, Ayeyar Wun Rd.,
Phones : 01-9410132


Yangondirectory
Myan Shwe Pyi Tractors Ltd.
Category : Generators & Transformers Sales/Services & Rental
Address : 16, Mya Malar St., Industrial Zone,
Phones : 01-547140, 01-547307