Thingangyun Township is located in the eastern part of Yangon. The township comprises 38 wards and shares borders with South Okkalapa township in the north, North Dagon township in the east, Yankin township and Tarmwe township in the west, and Thaketa township in the south. The township has 40 primary schools, four middle schools and five high schools.
Over 4,500 businesses situated in this area, over 34,000 employees working in these respective businesses, Total area 11.4 sq km – Density: 18,382/sq km, Total Population 209,486 people living in this township. Postal Code - 11071, 11072
The township is home to Thingangyun Education College and University of Dental Medicine, Yangon. Thuwunna Stadium and the Thuwunna Indoor Stadium are located on the western side of the township.
သင်္ဃန်းကျွန်းမြို့နယ် တည်ရာအရပ်တွင် တချိန်တခါက သင်္ဃန်းပင်များ ပေါက်ရောက်နေသည်ကို အကြောင်းပြုပြီး သင်္ကန်းကျွန်းဟု အမည်တွင်သည်။ သင်္ကန်းကျွန်းရွာသည် ပဲခူးတိုင်း အင်းစိန်ခရိုင်တွင် ပါဝင်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် မြို့နယ်များ ပြန်လည်သတ်မှတ်ဖွဲ့စည်းခဲ့ရာတွင် ရန်ကုန်မြို့၏ မြို့နယ်တစ်ခု အဖြစ်သို့ ရောက်ရှိသည်။ အမည်ကို သင်္ဃန်းကျွန်းဟု စာလုံးပေါင်းသည်။ ရပ်ကွက် (၃၉) ခုဖြင့် ဖွဲ့စည်းခဲ့ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ဘီတီအက်ဖ်ရပ်ကွက်ကို ကြီးပွားရေးရပ်ကွက် အတွင်းသို့ သွတ်သွင်းကြောင်း သတ်မှတ်ပြဋ္ဌာန်းခဲ့ရာ ရပ်ကွက် (၃၈)ခု ကျန်ရှိသည်မှာ ယခုတိုင်ဖြစ်သည်။
ရပ်ကွက်အမည်များမှာ ဃ-ရပ်ကွက်၊ က-ရပ်ကွက်၊ ခ-ရပ်ကွက်၊ ဂ-ရပ်ကွက်၊ ဆ/က-ရပ်ကွက်၊ ဆ/ခ-ရပ်ကွက်၊ င/က-ရပ်ကွက်၊ င/ခ-ရပ်ကွက်၊ ဇ-ရပ်ကွက် (မြောက်)၊ ဇ-ရပ်ကွက် (တောင်)၊ အောင်ဆုပန်ရပ်ကွက်၊ ဘဝမြင့်ရပ်ကွက်၊ ဘဏ်ရိပ်သာရပ်ကွက်၊ ဗိုလ်ကံညွှန့်ရပ်ကွက်၊ ကျိုက္ကဆံ(အနောက်)ရပ်ကွက်၊ ကြီးပွားရေးရပ်ကွက်၊ လေးဒေါင့်ကန်ရပ်ကွက်၊ မိချောင်းကန်အမှတ် (၁)ရပ်ကွက်၊ မိချောင်းကန်အမှတ် (၂)ရပ်ကွက်၊ မိချောင်းကန်အမှတ် (၃)ရပ်ကွက်၊ နနွင်းကုန်းရပ်ကွက်၊ ငမိုးရိပ်ရပ်ကွက်၊ အမှတ် (၁၆/၁)ရပ်ကွက်၊ အမှတ် (၁၆/၂)ရပ်ကွက်၊ အမှတ် (၁၆/၃)ရပ်ကွက်၊ အမှတ် (၁၆/၄)ရပ်ကွက်၊ အမှတ် (၂၄)သုဝဏ္ဏရပ်ကွက်၊ အမှတ် (၂၅)သုဝဏ္ဏရပ်ကွက်၊ အမှတ် (၂၉)သုဝဏ္ဏရပ်ကွက်၊ စံပြရပ်ကွက်၊ ဆယ်သိန်းရပ်ကွက်၊ စုပေါင်းအိမ်ယာရပ်ကွက်၊ သုမင်္ဂလာရပ်ကွက်၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ ဦးစံဖေရပ်ကွက်၊ ရန်အောင်ရပ်ကွက်၊ ရန်ကုန်သစ်ရပ်ကွက်၊ ဇဝနရပ်ကွက် တို့ ဖြစ်သည်။
အကျယ်အဝန်းမှာ ၄ ဒသမ ၄ စတုရန်းမိုင် ရှိသည်။ နယ်နိမိတ်တစ်ခြမ်းကို ငမိုးရိပ်ချောင်းက အနားသတ်ပေးထားသည်။ နယ်နိမိတ်တစ်နေရာကို ခုနစ်ပင်လိမ်ချောင်း(ဘောက်ထော်ချောင်း)က အနားသတ်ပေးထားသည်။ သို့ဖြစ်ရာ ပတ်ပတ်လည်တွင် ငမိုးရိပ်ချောင်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ငမိုးရိပ်ချောင်းနှင့် သာကေတမြို့နယ်၊ ငမိုးရိပ်ချောင်းနှင့် ဒေါပုံမြို့နယ်၊ ခုနစ်ပင်လိမ်ချောင်းနှင့် တာမွေမြို့နယ်၊ ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်တို့ ဝန်းရံထားသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ ၂၀၁၇ ခုနှစ် မတ်လကုန်တွင် မြို့နယ်အတွင်း၌ အိမ်ခြေ (၂၈ ၄၅၂) ခု ရှိပြီး အိမ်ထောင်စု (၄၀ ၈၇၅) စု ရှိသည်။ Business Collection Group(BCG) မှကောက်ယူစုစည်းထားသော အချက်အလက်များအရ သင်္ဃန်းကျွန်းမြို့နယ်တွင် စီးပွားရေးလုပ်ငန်း (၄၅၀၀)ကျော် ရှိပြီး လုပ်သားအင်အားစု (၃၄ ၀၀၀)ဦး ရှိသည်။
ထင်ရှားသည့် စေတီပုထိုးများမှာ ကျိုက္ကဆံ ဆံတော်ရှင်စေတီ၊ ရန်မျိုးအောင်စေတီတို့ ဖြစ်သည်။ ထင်ရှားသည့် အဆောက်အဦမှာ နိုင်ငံတကာအဆင့် သုဝဏ္ဏအားကစားကွင်း ဖြစ်သည်။
ကျန်းမာရေးကဏ္ဍတွင် နိုင်ငံပိုင် ကုတင် (၅၀၀)ဆံ့ စံပြဆေးရုံနှင့် ကုတင် (၅၀)ဆံ့ အောင်ရတနာဆေးရုံတို့ ရှိသည်။
အစိုးရပညာရေးကဏ္ဍတွင် အဆင့်မြင့်ပညာရေးအတွက် ပညာရေးကောလိပ်နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တို့ ရှိသည်။ အခြေခံပညာရေးတွင် အထက်တန်းကျောင်း (၅)ခု၊ အလယ်တန်းကျောင်း (၆)ခု၊ မူလတန်းကျောင်း (၃၅)ခု ရှိသည်။ မူလတန်းကြိုကျောင်း (၂)ခု ရှိသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၅)ခု ရှိသည်။
ဟိုတယ်ကဏ္ဍတွင် ပုဂ္ဂလိကပိုင် ဟိုတယ် (၁၀)ခု ရှိသည်။ အခန်းပေါင်း (၁၃၉)ခန်း ပါသည့် ကြယ်နှစ်ပွင့်အဆင့် Myanmar Sports Hotel သည် အခန်းအများဆုံးရှိသည့် ဟိုတယ် ဖြစ်သည်။
စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိကပိုင် ဓာတ်ဆီ၊ ဒီဇယ်ဆီအရောင်းဆိုင် (၄)ဆိုင်ရှိသည်။ ရွှေဇီးကွက်၊ Silver Wave၊ Max Energy နှင့် MMTM တို့မှ ဖွင့်လှစ်ထားသော အရောင်းဆိုင်များ ဖြစ်သည်။
စာပို့သင်္ကေတ အမှတ်များမှာ (၁၁၀၇၁)နှင့် (၁၁၀၇၂) ဖြစ်သည်။
ထင်ရှားသည့် ဈေးများမှာ သင်္ဃန်းကျွန်းဈေး၊ ငမိုးရိပ်စံပြဈေး၊ သုဝဏ္ဏဈေး၊ ရေနံ့သာဈေး၊ ရတနာဈေးတို့ ဖြစ်သည်။ စံပြဈေးသည် မြို့နယ်၏ အချက်အချာကျသော နေရာတစ်ခုဖြစ်ပြီး ဝိုင်ဘီအက်စ် ဘတ်စ်လိုင်းများဖြစ်သည့် ၁၊ ၆၊ ၇ တို့ ပြေးဆွဲသည်။ ရထားလမ်းပိုင်းမှာ (၂) မိုင်အလျား ရှိပြီး ခုနစ်ပင်လိမ်ချောင်းမှ ငမိုးရိပ်ချောင်းအထိ ဖြစ်သည်။